Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီပဲယင်း ယဉ်ကျေးရွာကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် စီးနင်းတိုက်ခိုက်၊ PDFများကလည်း စိုင်ပြင်စခန်းကို မိုင်းဖြင့်တိုက်ခိုက်

“PDF တွေရှိတယ်လို့ သူတို့ သတင်းရလို့ လာပစ်တာနေမှာပေါ့။ ရွာကတော့ ထိတယ်။ ဘုန်းကြီးကျောင်း မီးရှို့ထားခဲ့တယ်။ ယဉ်ကျေးတောကျောင်းကို မီးရှို့တာ။ ရွာထဲမှာလည်းအခုရှိနေသေးတယ်”ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်း ယဉ်ကျေးရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များက ယဉ်ကျေးရွာနှင့် ၁၀မိုင်ခန့်အကွာရှိ စိုင်ပြင်ရဲစခန်းကို တိုက်ခိုက်ခဲ့သည်ဟု ဒီပဲယင်းဒေသခံတစ်ဦးက ပြောသည်။

“PDF တွေရှိတယ်လို့ သူတို့ သတင်းရလို့ လာပစ်တာနေမှာပေါ့။ ရွာကတော့ ထိတယ်။ ဘုန်းကြီးကျောင်း မီးရှို့ထားခဲ့တယ်။ ယဉ်ကျေးတောကျောင်းကို မီးရှို့တာ။ ရွာထဲမှာလည်းအခုရှိနေသေးတယ်”ဟု ၎င်းက ဆိုသည်။

ယနေ့ (ဇန်နဝါရီ ၁၄ရက်) နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး၊ စစ်သုံးသယ် ယူပို့ဆောင်ရေးယာဉ်တစ်စီးတို့ဖြင့် လာရောက်ပြီး ယဉ်ကျေးရွာ ဘုန်းကြီးကျောင်းအနီး ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ချသွားကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း ဒေသခံက ပြောသည်။

“ယဉ်ကျေးကို ပစ်လို့ဆိုပြီး ဒီဘက်က စိုင်ပြင်စခန်းကို ပြန်လုပ်တာပေါ့။ ရှေ့ထွက်မိုင်းနဲ့ ပစ်ပြီး ခဏပစ်ပြီး ပြန်ဆုတ်သွားတယ်ပြောတယ်။ စိုင်ပြင်ပေါ်မှာတော့ ရဟတ်ယာဉ်ဝဲပြီး စာရွက်တွေကြဲသွားတယ်ပြောတယ်။ ဝါဒဖြန့်စာရွက်တွေ”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

စိုင်ပြင်တိုက်ခိုက်မှုတွင် ထိခိုက်မှုရှိ၊မရှိကို မသိရသေးကြောင်း၊ PDFများဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဒေသခံက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း၍ ယဉ်ကျေးရွာခံများထွက်ပြေးတိမ်းရှောင်နေကြရပြီး အသေးစိတ်အခြေအနေများ မသိရသေးဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။