သတင်း ဖားကန့်-အနန့်ပါလေကြောင်းတိုက်ခိုက်မှုအတွက်ယနေ့ည၈ နာရီခွဲတွင်တစ်နိုင်ငံလုံးမီးပိတ်သပိတ်ပြုလုပ်မည် ယနေ့(အောက်တိုဘာလ ၂၈ ရက်နေ့) ည ၈ နာရီ ၃၀ မိနစ်မှစ၍ ၁၀ မိနစ် တိတိ မီးပိတ်၊ မီးမှိတ် အမှောင်ချခြင်းလှုပ်ရှားမှုကို ပြုလုပ်ကြမည်ဖြစ်သည်။ သပိတ်စတင်မည့် ည၈နာရီအချိန်သည် ဖားကန့်-အနန့်ပါ လေကြောင်း တိုက်ခိုက်ခံရသည့် အချိန်ဖြစ်သည်။ LuduNwayOoအောက်တိုဘာ 28, 2022
သတင်း ဖားကန့် အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၆၂ဦးရှိ၊ ဒဏ်ရာရလူနာများ ဆေးကုသရန်အခက်အခဲရှိပြီး သေဆုံးသူထပ်တိုးနိုင်ဟု KIA ပြော ကျန်းမာရေးဝန်ထမ်းနှင့် ဆေးဝါးအခက်အခဲရှိနေသည့် အခြေအနေတွင် စစ်ကောင်စီတပ်က အဝင်အထွက်ပိတ်ပင်ထား၍ ဒဏ်ရာရလူနာများ ဆေးကုသရေး၌ ပိုမိုအခက်အခဲရှိကြောင်း၊ အတက်နိုင်ဆုံး ကြိုးစားပြီး ကုသပေးနေကြောင်း ၎င်းက ဆိုသည်။ LuduNwayOoအောက်တိုဘာ 26, 2022
သတင်း ဖားကန့်လေကြောင်းတိုက်ခိုက်ခံရမှု ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းရန် တိုက်ပွဲခေါ်သံဟု AA စစ်ဦးစီးချုပ်ပြော MNDAA ၊ TNLA နှင့် AA တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း အောက်တိုဘာ ၂၃ ရက်ညတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါ(A Nang Pa)ဒေသကိုစစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ‘စစ်ရာဇ၀တ်မှုကျူးလွန်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း’ ဟု သတ်မှတ်ခဲ့သည်။ LuduNwayOoအောက်တိုဘာ 26, 2022
သတင်း ဖားကန့်လေကြောင်းတိုက်ခိုက်ခံရမှု ရုပ်အလောင်း ၆၀တွေ့ရှိထားဟု KIA ပြော အဆိုပါ ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကို အာဏာရှင်စစ်ကောင်စီအား တွန်းလှန်တော်လှန်သည် တော်လှန်ရေး ခွန်အားအဖြစ်သို့ အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က ယနေ့ ထုတ်ပြန်ခဲ့သည်။ LuduNwayOoအောက်တိုဘာ 25, 2022
သတင်း ဖားကန့် လေကြောင်းတိုက်ခိုက်မှုအပေါ် ထိုက်သင့်သည့်တုန့်ပြန်မှုပြုလုပ်မည်ဟု ချင်းတပ် (၁၈) ဖွဲ့ ပူးပေါင်းထားသည့် CJDC ကြေညာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် KIA တပ်မဟာ(၉)နယ်မြေ၌ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နေ့ အထိမ်းအမှတ်အကြို ဂီတပွဲလုပ်ဆောင်နေစဉ် အောက်တိုဘာ ၂၃ရက် ညပိုင်း၌ စစ်ကောင်စီတပ်က ပွဲတော်ကျင်းပရာနေရာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoအောက်တိုဘာ 25, 2022
သတင်း ဖားကန့်လေကြောင်းတိုက်ခိုက်မှု အရပ်သားပြည်သူများကို ပစ်မှတ်ထားခြင်းဖြစ်၍ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဟု ICNCCနှင့် KNPP ထုတ်ပြန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကလည်း ယခု ဖြစ်ရပ်အပေါ် သဘောထား ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီ၏ လူမဆန်သော အကြမ်းဖက်တိုက်ခိုက်မှုကို KNPP အနေဖြင့် ပြင်းပြင်း ထန်ထန် ရှုံ့ချကြောင်းဖော်ပြခဲ့သည်။ LuduNwayOoအောက်တိုဘာ 24, 2022
သတင်း ဖားကန့်လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၃၅ဦးခန့်ရှိပြီး ဒဏ်ရာရသူ ၃၆ဦးရှိဟု ကချင်သတင်းရင်း မြစ်ပြော ပြည်သူလူထုအနေဖြင့် KIOက ခေါ်သည်ဖြစ်စေ ၊ စစ်တပ်က ခေါ်သည်ဖြစ်စေ ခေါ်ပါက သွားရလေ့ရှိကြောင်း အဆိုပါဒေသ အခြေအနေကို ပြောပြသည်။ LuduNwayOoအောက်တိုဘာ 24, 2022
သတင်း ဖားကန့်လေကြောင်းတိုက်ခိုက်ခံရမှု ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် KIOက ကချင်အလံကို တစ်ဝက်လွှင့်ထူ လေကြောင်းတိုက်ခိုက်ခံရ၍ အသက်ဆုံးရှုံးထိခိုက်ခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ်လည်း ၎င်းတို့၏ Facebook စာမျက်နှာ ပရိုဖိုင်ကို အမည်းရောင်ချိန်းထားသည်။ LuduNwayOoအောက်တိုဘာ 24, 2022
သတင်း ဖားကန့်ဗုံးကြဲမှုကို တံတားဦးလေတပ်စခန်းမှ တိုက်လေယာဥ်သုံးစီး ပြုလုပ်ခဲ့ခြင်းဖြစ် ဖားကန့်မြို့နယ်မှဒေသခံများကလည်းယမန်နေ့ညတွင် တိုက်လေယာဥ်သုံးစင်းဖြင့်လာရောက်ဗုံကြဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းအတည်ပြုပြောကြားသည်။ LuduNwayOoအောက်တိုဘာ 24, 2022
သတင်း ဖားကန့်တွင် နယ်ထိန်းခေါင်းဆောင်တစ်ဦး ယနေ့နံနက် ပစ်သတ်ခံရ၊ ပစ်ခတ်သူများက ၎င်းစီးလာသော ကားကိုပါယူဆောင်သွားဟုဆို စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်အားကောင်းသည့် ဖားကန့်မြို့တွင် စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့က ဒေသခံများအား အကြမ်းဖက်ဖမ်းဆီးမှုများ မကြာခဏပြုလုပ်နေသည်။ ထို့အပြင် ဖားကန့်ဒေသတွင် ရဲတပ်ဖွဲ့ဝင်များလည်း မကြာခဏ တိုက်ခိုက်ခံနေရသည်။ LuduNwayOoအောက်တိုဘာ 10, 2022