Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် နယ်ထိန်းခေါင်းဆောင်တစ်ဦး ယနေ့နံနက် ပစ်သတ်ခံရ၊ ပစ်ခတ်သူများက ၎င်းစီးလာသော ကားကိုပါယူဆောင်သွားဟုဆို

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်အားကောင်းသည့် ဖားကန့်မြို့တွင် စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့က ဒေသခံများအား အကြမ်းဖက်ဖမ်းဆီးမှုများ မကြာခဏပြုလုပ်နေသည်။ ထို့အပြင် ဖားကန့်ဒေသတွင် ရဲတပ်ဖွဲ့ဝင်များလည်း မကြာခဏ တိုက်ခိုက်ခံနေရသည်။

ဖားကန့်မြို့ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်တစ်ဦး ယနေ့နံနက် သေနတ်ဖြင့် ပစ်သတ်ခံရပြီး ပစ်ခတ်သူများက အဆိုပါရဲအရာရှိ စီးလာသော ကားကိုပါ ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်မြို့မှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်သက်ပိုင်ဦးသည် မရှီကထောင်ရပ်ကွက်ရှိ ဈေးဆိုင်တစ်ခုအနီးတွင် ယနေ့(အောက်တ်ိုဘာလ ၁၀ရက်) နံနက် ၁၀နာရီ၁၅မိနစ်တွင် သေနတ်ဖြင့်ပစ်သတ်ခံရခြင်းဖြစ်သည်။

” အသံတိတ်သေနတ်လိုမျိုးနဲ့ သုံးချက် ပစ်သတ်သွားတာ။ပွဲချင်းပြီးပဲ”ဟု ဖားကန့်ဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

ရဲအုပ်သက်ပိုင်ဦးသည် မောက်မာသူဖြစ်ပြီး အခွင့်အာဏာကို ကျော်လွန်အသုံးချနေသည့် ရဲအရာရှိတစ်ဦးဖြစ်ကြောင်း ဒေသခံများက ပြောသည်။ သေနတ်ဖြင့်ပစ်ခတ်သူများက ၎င်းစီးလာသည့်ကားကိုပါ ယူဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်အားကောင်းသည့် ဖားကန့်မြို့တွင် စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့က ဒေသခံများအား အကြမ်းဖက်ဖမ်းဆီးမှုများ မကြာခဏပြုလုပ်နေသည်။ ထို့အပြင် ဖားကန့်ဒေသတွင် ရဲတပ်ဖွဲ့ဝင်များလည်း မကြာခဏ တိုက်ခိုက်ခံနေရသည်။

ပြီးခဲ့သည့် ဩဂုတ်တွင် ဖားကန့်မြို့ မူးယစ်ရဲတပ်ဖွဲ့မှ ရဲအုပ်အောင်ကိုလတ်အပါအဝင် ရဲသုံးဦး မှော်ဝမ်းရပ်ကွက်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။ ယင်းဖြစ်စဉ်တွင် ရဲနှစ်ဦးသေဆုံးခဲ့သည်။

သြဂုတ် ၃ရက်ကလည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအခြေစိုက် ရဲတပ်ရင်း (၃၀)ဂိတ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကလာရောက်ပစ်ခတ်ခဲ့ရာ ဒုရဲမှူးကိုကိုလွင်ဆိုသူ သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မြို့နယ်လုံးခင်းကျေးရွာမှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို KIA၊ KPDFတို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများနေပြီး ပြည်သူ့စစ်တွေနဲ့စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးသေဆုံးထိခိုက်​နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်စွဲထားတဲ့ လုံးခင်းကျေးရွာက နေအိမ်တစ်အိမ် ဓားပြတိုက်ခံလိုက်ရပြီး စစ်တပ်က အရပ်သားဟန်ဆောင်ပြီး ဓားပြတိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင် ရပ်ကွက်လမ်းဆုံမှာ စစ်တပ်က အမျိုးသား ၄ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို ကားနဲ့ လမ်းဘေးတနေရာ စွန့်ပစ်သွားတယ်လို့ ဖားကန့် ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ဖားကန့်က နေရာအချို့ကို ဒီနေ့မွန်းလွဲ ၂နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ သုံးစင်းနဲ့ ဗုံးကြိမ်ကြဲခဲ့ပါတယ်။