Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်လေကြောင်းတိုက်ခိုက်ခံရမှု ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်​ချေမှုန်းရန် တိုက်ပွဲခေါ်သံဟု AA စစ်ဦးစီးချုပ်ပြော

MNDAA ၊ TNLA နှင့် AA တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း အောက်တိုဘာ ၂၃ ရက်ညတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါ(A Nang Pa)ဒေသကိုစစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ‘စစ်ရာဇ၀တ်မှုကျူးလွန်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း’ ဟု သတ်မှတ်ခဲ့သည်။

(AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင် ။ ။ဓါတ်ပုံ-AA)
(AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင် ။ ။ဓါတ်ပုံ-AA)

ဖားကန့်လေကြောင်းတိုက်ခံရသည့်ဖြစ်စဥ်က ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်​ချေမှုန်း​ရေး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်ပွဲခေါ်သံဖြစ်ကြောင်းရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တွစ်တာလူမှုကွန်ရက်၌ ရေးသားခဲ့သည်။

“နောက်ထပ်အပြစ်မဲ့ပြည်သူအသက်တွေဘယ်လောက်များများအတွက်ကျွန်ုပ်တို့ပူဆွေး၀မ်းနည်းကြဦးမလဲ။ နောက်ထပ် သူရဲကောင်းဘယ်လောက်များများ ပေးဆပ်ကြရဦးမလဲ။ မနေ့ည(အောက်တိုဘာ ၂၃ ရက်ည)ဖားကန့်မှာ ဖြစ်ခဲ့တာဟာ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်​ချေမှုန်း​ရန် ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်ပွဲခေါ်သံဖြစ်ပါတယ်” ဟုဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရေးသားခဲ့သည်။

စစ်ကောင်စီ၏ဂျက်တိုက်လေယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော အပြစ်မဲ့ပြည်သူလူထုများ၊ အနုပညာရှင်များနှင့် KIO/KIA စစ်ဘက်၊ အရပ်ဘက်၀န်ထမ်းများအတွက် ၀မ်းနည်းကြောင်း သဝဏ်လွှာနှင့်အတူ AA စစ်ဦးစီးချုပ်က အောက်တိုဘာ ၂၄ ရက်တွင် ရေးသားဖော်ပြခြင်းဖြစ်သည်။

MNDAA ၊ TNLA နှင့် AA တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း အောက်တိုဘာ ၂၃ ရက်ညတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါ(A Nang Pa)ဒေသကိုစစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ‘စစ်ရာဇ၀တ်မှုကျူးလွန်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း’ ဟု သတ်မှတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တိုင်းရင်းသားလူမျိုးလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ မီးစတဖက်၊ ရေမှုတ်တဖက် လှည့်ကွက်များကြားတွင် သွေးအေးမနေဘဲ အထူးသတိထားရမည့်အချိန်ဖြစ်သည်နှင့်အညီ စည်းလုံးညီညွတ်စွာဖြင့် လုပ်သင့်လုပ်ထိုက်သည့်အလုပ်ကို ပြတ်သားစွာ တက်လှမ်းလုပ်ဆောင်ရမည့်အချိန်ကာလဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ပူးတွဲထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

Facebook