Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၃၅ဦးခန့်ရှိပြီး ဒဏ်ရာရသူ ၃၆ဦးရှိဟု ကချင်သတင်းရင်း မြစ်ပြော

ပြည်သူလူထုအနေဖြင့် KIOက ခေါ်သည်ဖြစ်စေ ၊ စစ်တပ်က ခေါ်သည်ဖြစ်စေ ခေါ်ပါက သွားရလေ့ရှိကြောင်း အဆိုပါဒေသ အခြေအနေကို ပြောပြသည်။

(စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ပျက်စီးမှုများမြင်တွေ့ရစဉ်)
(စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ပျက်စီးမှုများမြင်တွေ့ရစဉ်)

▪️ဒဏ်ရာရသူများဆေးကုသနိုင်ရေး ကြိုးပမ်းမှု စစ်ကောင်စီတပ် ပိတ်ပင်ထား၊ အလောင်းများ သယ်ယူခွင့်မပေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့၍ သေဆုံးသူ ၃၅ဦးခန့်ရှိပြီး ဒဏ်ရာရသူ ၃၆ဦး ရှိကြောင်း ကချင်သတင်းရင်းမြစ်က ယနေ့(အောက်တိုဘာ ၂၄ရက်) ညနေ ၄ နာရီခန့်တွင် ပြောကြားသည်။

အောက်တိုဘာ ၂၃ရက် ညပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉) ဌာနချုပ်နယ်မြေ၌ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) နေ့ အထိမ်းအမှတ် အခမ်းအနားအကြို ဂီတပွဲပြုလုပ်နေစဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အနုပညာရှင်၊ လုပ်ငန်းရှင်များ၊ ပြည်သူများ၊ KIA စစ်ဘက်တာဝန်ရှိသူများ အပါ အဝင် သေဆုံးသူများပြားခဲ့သည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ သိရသလောက် အခုလောလောဆယ် သေဆုံးတာ ၃၅ဦးလောက်ရှိတယ်။ ခန့်မှန်းပေါ့နော်။ဒဏ်ရာရတာက ၃၆ယောက်”ဟု ကချင် သတင်းရင်းမြစ်က ဖားကန့်ဒေသ လေကြောင်း တိုက်ခိုက်ခံရမှု ထိခိုက်သေဆုံး နောက်ဆုံးအခြေအနေကို ပြောပြသည်။

(စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ပျက်စီးမှုများမြင်တွေ့ရစဉ်)
(စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ပျက်စီးမှုများမြင်တွေ့ရစဉ်)

သေဆုံးသူနှင့် ဒဏ်ရာရသူများတွင် ပြည်သူ မည်မျှပါဝင်သည် KIA စစ်ဘက်တာဝန်ရှိသူ မည် မျှ ပါဝင်သည်ကို အတိအကျ မသိရသေးဟုဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“အဆိုတော် အနုပညာအဖွဲ့လည်းပါတယ်။ နောက်ပြီး ရိုးရာအဖွဲ့တွေရောပေါ။ အဲဒီမှာ အထိမ်းအမှတ် ပွဲသဘောအနေနဲ့ ဂေါက်ရိုက်တာလေ။ ဂေါက်ရိုက်ပြီးမှ ရိုးရာဘာသာရေးအရ ဆုတောင်းပွဲလုပ်တဲ့သဘော။အဲဒီမှာ ည ဒင်နာစားတဲ့အချိန်မှာ ဖြစ်သွားတာပေါ့။ ၃၀ကျော်မှာ အရပ်သား ဘယ်နှစ်ယောက် သူတို့ (KIA)စစ်သား ဘယ်နှစ်ယောက်ဆိုတာ ကွဲကွဲ ပြားပြားမသိရသေးဘူး”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် ဒဏ်ရာရလူနားများအားကူညီမှုပေးရန် မြို့ပေါ်ရှိ ကူညီရေးအဖွဲ့များက ကြိုးပမ်းနေသော်လည်း စစ်ကောင်စီတပ်ကခွင့်မပြုဟု ဆိုသည်။

“သွားလာခွင့်လည်းမပေးဘူး။ အလောင်းသွားယူလို့လည်းမရဘူး။ လူနာကို ဒီဘက်မှာ ကူညီဖို့အတွက်ဆိုတာလည်းမရဘူး”ဟု ဒေသခံက ပြောသည်။

ပြည်သူလူထုအနေဖြင့် KIOက ခေါ်သည်ဖြစ်စေ ၊ စစ်တပ်က ခေါ်သည်ဖြစ်စေ ခေါ်ပါက သွားရလေ့ရှိကြောင်း အဆိုပါဒေသ အခြေအနေကို ပြောပြသည်။

“အဲဒီအချိန်မှာ မမျှော်လင့်ဘဲ လက်နက်ကြီးချပြီး သေဆုံးသွားတဲ့သူတွေ နောက်ပြီး ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့အခါ ကျတော့ လူသားချင်းစာနာမှုအနေနဲ့ ခေါ်ယူပြီးမှ ဆေးဝါးကုသခွင့်တော့ ပေးသင့်တာပေါ့”ဟု ကချင်ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းတံတား(ကားလမ်း၊ ရထားလမ်းပါ ဧရာ၀တီမြစ်ကူးတံတား)ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်နေပေမဲ့ အခြေအနေဟာ ပြောင်းပြန် အနေအထားဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဆက်လက်စိုးမိုးထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook