Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်လေကြောင်းတိုက်ခိုက်ခံရမှု ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် KIOက ကချင်အလံကို တစ်ဝက်လွှင့်ထူ

လေကြောင်းတိုက်ခိုက်ခံရ၍ အသက်ဆုံးရှုံးထိခိုက်ခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ်လည်း ၎င်းတို့၏ Facebook စာမျက်နှာ ပရိုဖိုင်ကို အမည်းရောင်ချိန်းထားသည်။

(ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတစ်ဝက်လွှင့်ထူထားစဥ်၊ ဓာတ်ပုံ - မြစ်ကြီးနားဂျာနယ်)
(ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတစ်ဝက်လွှင့်ထူထားစဥ်၊ ဓာတ်ပုံ - မြစ်ကြီးနားဂျာနယ်)

ကချင်တို့နှင့်အတူ ဝမ်းနည်းရကြောင်း ပြည်သူများ၊ PDF အဖွဲ့များဖော်ပြ၊ ရန်သူကို တိုက်ခိုက်ရန် ပိုအားထုတ်ရမည်ဟု ထုတ်ပြန်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့၍ အရပ်သား ပြည်သူများ၊ အနုပညာရှင်များအပါအဝင် လူသေဆုံးထိခိုက်မှု များပြားခဲ့ရသည့် ဖြစ်ရပ်အပေါ် ကချင်တိုင်းရင်းသားများနှင့်အတူ ဝမ်းနည်းကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များက ထုတ်ပြန်သည်။

“စစ်တပ်ရဲ့ ကချင်တို့အပေါ် လူသားအရင်းအမြစ် ပြုန်းတီးအောင် သတ်ဖြတ်မှု အပေါ် လွန်စွာ ဝမ်းနည်းရပါတယ်။ ရန်သူက ရန်သူပီသတယ်။ ကျုပ်တို့ ပိုအားထုတ်ရမယ်။ သွေးကို သွေး၊ချွေးကို ချွေးနဲ့ ပြန်ရွေးမယ်”ဟု ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

လေကြောင်းတိုက်ခိုက်ခံရ၍ အသက်ဆုံးရှုံးထိခိုက်ခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ်လည်း ၎င်းတို့၏ Facebook စာမျက်နှာ ပရိုဖိုင်ကို အမည်းရောင်ချိန်းထားသည်။

(ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတစ်ဝက်လွှင့်ထူထားစဥ်၊ ဓာတ်ပုံ - မြစ်ကြီးနားဂျာနယ်)
(ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတစ်ဝက်လွှင့်ထူထားစဥ်၊ ဓာတ်ပုံ – မြစ်ကြီးနားဂျာနယ်)

အလားတူ ပြည်သူလူထုများစွာကလည်း စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်ခဲ့၍ ထိခိုက်ကျဆုံးခဲ့ရသည့် KIO/KIA အရာရှိ ၊ ရဲဘော်၊ ပြည်သူများ အတွက် ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ရေးသားထားသည့် ကချင်အလံပါ ပရိုဖိုင်ချိန်းပြီး ကချင်တိုင်းရင်းသားတို့နှင့်အတူ ရှိနေကြောင်း ပြသခဲ့သည်။

Public Service Announcement

Public Service Announcement

“ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ် ကချင်သွေးချင်းတို့ရေ” ဟုရေးသားဖော်ပြထားကြသည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူများ၊ အဆိုတော်များ အပါအဝင် လူအများအပြား အသက်ဆုံးရှုံးထိခိုက်ခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း ရေးမြို့နယ် ကာကွယ်ရေးအဖူးအဖွဲ့(YSTF)က ထုတ်ပြန်ကြေညာထားသည်။

(ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတစ်ဝက်လွှင့်ထူထားစဥ်၊ ဓာတ်ပုံ - မြစ်ကြီးနားဂျာနယ်)
(ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတစ်ဝက်လွှင့်ထူထားစဥ်၊ ဓာတ်ပုံ – မြစ်ကြီးနားဂျာနယ်)

“စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သော ဖြစ်စဉ်သည် ဖက်ဒရယ်ဒီမိုကရေစီ အရေးလှုပ်ရှားနေကြသော သွေးချင်းညီအစ်ကို တိုင်းရင်းသားများအပေါ် လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု သာဖြစ်သည်” ဟု YSTFက ထုတ်ပြန်ထားပြီး “ ငါ/ရန် ပြတ်ကြလော့၊ နိုးထလော့၊ လုံ့လထကြွရှိကြလော့”ဟု ရေးသားဖော်ပြထားသည်။

ယမန်နေ့ (အောက်တိုဘာ ၂၃ရက်)ညပိုင်း၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ(၉)ဌာနချုပ်နယ်မြေ၌ ပြုလုပ်သည့် KIO အထိမ်းအမှတ်နေ့ အကြို ဂီတပွဲကို စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆိုတော်များ၊ လုပ်ငန်းရှင်များ၊ ပြည်သူများ၊ KIA စစ်ဘက်တာဝန်ရှိသူများ သေဆုံးထိခိုက်ခဲ့ရပြီး သေဆုံးသူ ၅၀ကျော်ရှိသည်ဟု ကချင်ဒေသခံကပြောသည်။

(ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတစ်ဝက်လွှင့်ထူထားစဥ်၊ ဓာတ်ပုံ - မြစ်ကြီးနားဂျာနယ်)
(ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတစ်ဝက်လွှင့်ထူထားစဥ်၊ ဓာတ်ပုံ – မြစ်ကြီးနားဂျာနယ်)

ထိုသို့ စစ်ကောင်စီ၏ လုပ်ရပ်သည် လူမဆန်သည့် လုပ်ရပ်၊ စစ်ရာဇဝတ်မှု မြောက်သည့်လုပ်ရပ်ဖြစ်သည်ဟု KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြား သည်။

“ကျွန်တော်တို့ KIO အနေနဲ့ တော့ ဒီနေ့ကတော့ ဝမ်းနည်းတဲ့ အထိမ်းအမှတ်နေ့ သတ်မှတ်ပြီးမှ ကျွန်တော်တို့ ကချင်နိုင်ငံတော် အလံတွေကိုလည်း တစ်ဝက်ပဲ လွှင့်ထူပြီးမှ အလေးပြု ဝမ်းနည်းကြောင်းပေါ့ လေးပြုနေတဲ့နေ့လည်းဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook