Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဒဏ်ကြောင့်အပစ်ရပ်ထားချိန် အခွင့်ကောင်းယူပြီး အပြစ်မဲ့ပြည်သူများလေကြောင်းတိုက်နေသည့် စစ်ကောင်စီအား AAသတိပေး

ငလျင်ဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများထိရောက်စွာပေးနိုင်ရန် အပစ်ရပ်ထားသည်ကို စစ်ကောင်စီက အခွင့်ကောင်းယူပြီး အပြစ်မဲ့ပြည်သူများအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေရာ ရခိုင်ပြည်နယ်တွင် နှစ်ရက်အတွင်း ပြည်သူ ၁၄ဦးသေဆုံးပြီး ၂၃ဦးဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ယနေ့(မေလ ၁၄ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

မေလ ၁၃ ရက်က ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာကို စစ်ကောင်စီ ဗုံးကြဲပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - GEM

▪️လေကြောင်းတိုက်ခိုက်၍ ရခိုင်ပြည်နယ်တွင် နှစ်ရက်အတွင်း ပြည်သူ ၁၄ဦးသေဆုံး၊ ၂၃ဦး ဒဏ်ရာရ

မေ ၁၄၊၂၀၂၅။ကဖေး/People’s Spring

ငလျင်ဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများထိရောက်စွာပေးနိုင်ရန် အပစ်ရပ်ထားသည်ကို စစ်ကောင်စီက အခွင့်ကောင်းယူပြီး အပြစ်မဲ့ပြည်သူများအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေရာ ရခိုင်ပြည်နယ်တွင် နှစ်ရက်အတွင်း ပြည်သူ ၁၄ဦးသေဆုံးပြီး ၂၃ဦးဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ယနေ့(မေလ ၁၄ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

အပြစ်မဲ့အရပ်သားပြည်သူများကို အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်နေကာ စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံ့ဆက်တိုက် ကျူးလွန်နေသော စစ်ကောင်စီ၏ လုပ်ရပ်ကို ကောင်းစွာမှတ်တမ်းတင်ထားသည်ဟု AAက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

မေလ ၁၃ရက်က ရသေ့တောင်မြို့နယ်နှင့် ‌ယနေ့(မေလ ၁၄ရက်)တွင် ကျောက်တော်မြို့အား လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုကို AAက ထုတ်ပြန်လာခြင်း ဖြစ်သည်။

မေလ ၁၃ရက် နံနက် ၁၀ နာရီ ၅ မိနစ်အချိန်တွင် ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းအား စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ၁၂ဦးသေဆုံးပြီး ၂၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် ၃၁လုံး ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

ယနေ့(မေလ ၁၄ရက်) ညနေ ၃နာရီ ၅၁ မိနစ်အချိန်ခန့်တွင် ကျောက်တော်မြို့ရှိ လူနေအိမ်ရပ်ကွက်များအတွင်း ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ယ‌နေ့ညအထိ အပြစ်မဲ့ပြည်သူ ၂ဦးသေဆုံးခဲ့ပြီး နေအိမ် ၉လုံးခန့် ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

People’s Spring၏ ရခိုင်ဒေသမှ သတင်းမြစ်၏အဆိုအရ ကျောက်တော်မြို့လေကြောင်းတိုက်ခိုက်ခံရမှုတွင် အရပ်သားသုံးဦးသေဆုံးသည်ဟု ပြောသည်။ ကျောက်တော်မြို့လေကြောင်းတိုက်ခိုက်ခံရမှု၏ ထိခိုက်သေဆုံးမှု အသေးစိတ်နှင့် နောက်ဆက်တွဲတို့အား ထပ်မံဖော်ပြပေးသွားပါမည်ဟု AAက ဆိုသည်။

ငလျင်ဒဏ်ကို အပြင်းအထန်ခံစားနေကြရသော ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ထိရောက်စွာပေးနိုင်ရန်အတွက် တဖက်သတ် အပစ်ရပ်ကာလကို မေလ (၃၁)ရက်အထိ တစ်လတာ တိုးမြှင့်ထားသည်ကို အခွင့်ကောင်းယူကာ စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူများအားတိုက်ခိုက်နေမှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း AAက ထုတ်ပြန်သည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုအပါအဝင် အရပ်သားများအား အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှု သုံးကြိမ်ကို နှစ်ရက်ဆက်ကျုးလွန်ခဲ့သည်။

မေလ ၁၂ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာစာသင်ကျောင်းအား လေကြောင်းမှ ဗုံးကြဲရာ ကျောင်းသားကလေးငယ် ၂၂ဦးနှင့် ဆရာမ ၂ဦး၊ စုစုပေါင်း၂၄ဦးသေဆုံးခဲ့သည်။ ထို့အပြင် ကလေးငယ် ၁၀၀ဦး ဒဏ်ရာရရှိထားသည်။

ယင်းနေ့ နံနက်ပိုင်းတွင် မကွေးတိုင်း၊ ဂန့်​ဂေါမြို့နယ် လယ်မရွာကို စစ်ကောင်စီတပ်စစ်ကြောင်းဝင်လာပြီး (၆)နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား ၁၁ဦး သတ်ဖြတ်သွားကာ ၁၀ဦးခန့်အား ဖမ်းဆီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရရှိသည်။

ယနေ့(မေလ ၁၄ရက်)တွင်လည်း စစ်ကောင်စီသည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အပြင် မိုးကုတ်မြို့၊နောင်ချိုမြို့၊လေးမျက်နှာမြို့၊ ဖယ်ခုံမြို့တို့ကိုလည်း လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် နိုင်ငံတကာအနေဖြင့် စစ်ကောင်စီအား အရေးယူရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တော်လှန်ရေးအင်အားစုများက တောင်းဆိုနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook