Connect with us

Hi, what are you looking for?

သတင်း

မော်လူးမြို့ ဟဲနုကျေးရွာစာသင်ကျောင်းကိုလည်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ပြည်သူနှစ်ဦးသေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ရှိ ဟဲနုကျေးရွာစာသင်ကျောင်းနှင့် လူနေအိမ်များကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ပြည်သူနှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိကြောင်း Indaw Revolution-IR က ထုတ်ပြန်သည်။

(မော်လူးမြို့ ဟဲနုကျေးရွာစာသင်ကျောင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - IR)

■စစ်ကောင်စီက ယနေ့တရက်လည်း ဒီပဲယင်း၊မော်လူးနှင့်ချောင်းဦးမြို့တို့ လေကြောင်းတိုက်ခိုက်ခံမှု ပြည်သူ ၂၆ဦးသေဆုံး

​မေ-၁၂၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ရှိ ဟဲနုကျေးရွာစာသင်ကျောင်းနှင့် လူနေအိမ်များကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ပြည်သူနှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိကြောင်း Indaw Revolution-IR က ထုတ်ပြန်သည်။

ယနေ့(မေလ ၁၂ ရက်) နေ့လည် ၁၂နာရီခန့်က တံတားဦးလေဆိပ်မှ တက်လာသည့် ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးသုံးလုံးကြဲချကာ ရော့ကတ်များဖြင့်ပါ ပစ်မှတ်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီအတိုင်းကိုလာကြဲတာ။ ဗုံးကျတဲ့အိမ်တွေထဲက အသက်(၄၀)နဲ့ (၅၀)ကြား ဦးလေး နှစ်ယောက်ဆုံးတယ်သိရတယ်”ဟု မော်လူးဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသာနှစ်ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရရှိကြောင်းလည်း ဒေသခံများ၏ ပြောဆိုချက်ကို IR က ကိုးကားဖော်ပြထားသည်။

“ကိုယ်တွေ ကပ်သီလေး လွတ်ခဲ့တယ် ကံကောင်းလို့ တကယ်ကိုကပ်ကပ်လေး”ဟု မော်လူးမြို့ခံတစ်ဦးက ၎င်းကြုံတွေ့ခဲ့ရသည့် ယနေ့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်အပေါ် ပြောသည်။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ မော်လူးမြို့ကို ၂၀၂၃ ဒီဇင်ဘာ ၁၃ ရက်ကတည်းက တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်သည်။

ယနေ့(မေ ၁၂ ရက်)တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနှင့် ချောင်းဦးမြို့နယ်တို့၌လည်း စစ်ကောင်စီ၏ လေ ကြောင်းတိုက်ခိုက်မှုများရှိခဲ့ကာ ဒီပဲယင်းမြို့နယ်၊အိုးထိန်းတွင်းရွာစာသင်ကျောင်းကို လေယာဥ်ဖြင့်ဗုံးကြဲရာတွင် ကျောင်းသား၊ကျောင်းသူ ၂၀ ဦးနှင့် ဆရာမ ၂ဦး စုစုပေါင်း၂၂ ဦးသေဆုံးပြီး ၄၀ဦးခန့်ဒဏ်ရာရကြောင်းဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ချောင်းဦးမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုတွင်လည်း အရပ်သားနှစ်ဦးသေဆုံးကာ ခုနစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်အပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ ပြုလုပ်နေပြီး စစ်ကိုင်းနှင့် မန္တလေးတိုင်းတွင် နေ့စဥ်ပြည်သူ ဆယ်ချီ သေဆုံးနေရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။