Connect with us

Hi, what are you looking for?

သတင်း

လေးမျက်နှာမြို့နယ်အတွင်းတိုက်ပွဲပြင်းထန်နေ

(စစ်တပ်၏ အ​မြောက်တပ် တပ်ဖွဲ့ဝင်အချို့/ပုံအ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-မြဝတီ)

စစ်တပ်၏ အ​မြောက်တပ် တပ်ဖွဲ့ဝင်အချို့/ပုံအ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-မြဝတီ

■ရေကြည်၊အမြောက်တပ်(၃၄၄)၏ ကာကင်းစခန်းအချို့မှစစ်သားများဆုတ်ခွာ

​မေ-၁၄၊၂၀၂၅။ဧရာ/People’s Spring

ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်အတွင်းတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲနေကြောင်းနှင့် တိုက်ပွဲဖြစ်နေသည့်နေရာများအနီးမှ ဒေသခံများ စစ်ဘေးရှောင်ကြရန် ဒေသခံများအချင်းချင်းသတိပေးနေသည်။

ရေကြည်မြို့နယ်နှင့်အစပ်ကျေးရွာအချို့တွင်မေလ ၁၄ရက် နံနက်အစောပိုင်း၌တိုက်ပွဲဖြစ်ပွားပြီး ညနေအထိ သေနတ်သံများကြားနေရကြောင်း လေးမျက်နှာ မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ဒေသခံတွေ ရှောင်ကြပါတယ်။ဒါပေမယ့် အခြေအနေအရ မထွက်နိုင်သေးသူတွေလည်း ရှိတယ်။ရှောင်မှကို ရမယ့်အခြေအနေဖြစ်ပါတယ်။ တိုက်ပွဲကတော်တော်ပြင်းထန်ပါတယ်”ဟု အဆိုပါဒေသခံကပြောသည်။

‌ရေကြည်နှင့် လေးမျက်နှာမြို့ခံများ၏ ပြောဆိုချက်အရ ရေကြည်မြို့အမြောက်တပ်(၃၄၄) ၏ ကာကင်းစခန်းအချို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားကြောင်း သိရသည်။

“လေးမျက်နှာဖက်ကကာကင်းစခန်းတွေဆုတ်သွားတာပါ။ စစ်တပ်ကတော့ရွာတွေထဲမှာ AAရှိတယ်ဆိုပြီးလက်နက်ကြီးရော၊လေကြောင်းရောပစ်နေတာပါဗျ”ဟုရေကြည်မြို့ခံတစ်ဦးကပြောသည်။

အမြောက်တပ်(၃၄၄)၏လေးမျက်နှာမြို့နယ်ထဲမှကာကင်းစခန်းအချို့မှ ​တော်လှန်​ရေးတပ်များကသိမ်းယူလိုက်ကြောင်းပြောသော်လည်း People’s Springကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အပစ်ရပ်ကြေညာချက်ဖြင့်AAကထိုးစစ်ရပ်တန့်ထားသော်လည်းစစ်ကောင်စီကလေးမျက်နှာမြို့နယ်၌ လေကြောင်းမှ ဗုံးကြဲနေသည်။

လေးမျက်နှာမြို့နယ်၊ မကျည်းပင်ကွင်းကျေးရွာကို မေလ ၄ရက် ညက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲရာ အရပ်သားတစ်ဦးဒဏ်ရာရပြီးအိမ် ၇ လုံး ပျက်စီးသွားခဲ့သည်ဟု မြို့ခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့်ဇန်နဝါရီလကဧရာဝတီတိုင်း ရွှေသောင်ယံမြို့၊ သာပေါင်းမြို့နယ်တို့တွင် စတင်ခဲ့သော တိုက်ပွဲများသည်မတ်လမှစတင်ကာရေကြည်၊လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်ကြား ပုသိမ်-မုံရွာလမ်းကြောသို့ ရောက်ရှိလာသည်။ ဟင်္သာတခရိုင်၊ လေး‌မျက်နှာမြို့နယ်၊ပန်းတောကြီးရွာကို အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက ဧပြီလ ၁၇ရက်တွင် သိမ်းယူလိုက်ရာ စစ်ကောင်စီက လေကြောင်းမှ နေစဉ် ဗုံးကြဲတိုက်ခိုက်နေသည်။

AA၊TNLAနှင့် MNDAA ပါဝင်သည့်မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က မတ်လ၂၈ရက်က ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့်ဆက်စပ်၍ တိုက်တာအဆောက်အအုံများရှင်းလင်းရေးနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးတို့အတွက် တစ်ဖက်သတ်အပစ်ရပ်ကာလအား ​မေလကုန်အထိသက်တမ်းထပ်တိုးကြောင်း မေလ ၁ရက်တွင် ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်ပြည်အတွင်း သဘာ၀ဘေးကြုံနေရချိန် စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာကို ကောင်းစွာ မှတ်တမ်းတင်ထားပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီး ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ဇွန်၂၉ရက် မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦး သေဆုံးခဲ့တယ်လို့ မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က နေ့စဉ်နီးပါး လေကြောင်းပစ်ကူပေး တိုက်ခိုက်လျက်ရှိရာ ဇွန်လ ၂၃ရက်ကနေ ဒီကနေ့ ဇွန် ၂၉ရက်မနက်အထိ အကြိမ်ရေ ၁၀၀ ခန့် လေကြောင်း တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းက တပ်စွဲထားတဲ့ နေရာတွေတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က ပြည်သူတွေနေတဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁၀ဦး သေဆုံးပြီး ၂၀ကျော် ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။