Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၍ သက်ကြီးရွယ်အို နှစ်ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ညောင်လေးပင်ခရိုင်၊ မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ သက်ကြီးရွယ်အို နှစ်ဦး သေဆုံးခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

မုန်းမြို့နယ် ညောင်ပင်သာကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ သေဆုံးသည့် သက်ကြီးရွယ်အို ၂ဦးနှင့် နေအိမ်ပျက်စီးမှုများ။ ဓာတ်ပုံ - KNU

မေ ၁၄၊၂၀၂၅။ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ညောင်လေးပင်ခရိုင်၊ မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ သက်ကြီးရွယ်အို နှစ်ဦး သေဆုံးခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

မေလ ၁၃ရက် နံနက်ပိုင်းက မုန်းမြို့နယ် ညောင်ပင်သာကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကျေးရွာနေ အသက်(၇၂)နှစ်အရွယ် အဘွားအိုတစ်ဦးနှင့် အသက်(၈၀)အရွယ် အဘိုးအိုတစ်ဦးတို့ သေဆုံးကာ အမျိုးသမီး ၂ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

စစ်ကောင်စီသည် တပ်မဟာ(၃)နယ်မြေ မုန်း၊ ရွှေကျင်နှင့် ကျောက်မြို့မြို့နယ်များရှိ ပြည်သူလူထု နေထိုင်ရာ နေရာများကို လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ ပြည်သူလူထုသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီတပ်အနေဖြင့် ရည်ရွယ်ချက်ရှိရှိ အရပ်သား ပြည်သူလူထုများအား ပစ်မှတ်ထား တိုက်ခိုက်နေ၍ ဒေသခံပြည်သူလူထုများအနေဖြင့် စိုးရိမ်ကြောက်ရွံမှုများစွာဖြင့် ရှင်သန်နေထိုင် နေကြရကာ ဘေးဒုက္ခများစွာနှင့် ကြုံတွေ့နေကြရဟု KNU ဗဟိုက ထုတ်ပြန်သည်။

စစ်ကောင်စီသည် KNU နယ်မြေအပါအဝင် နိုင်ငံတဝန်း အရပ်သားပြည်သူနေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းများကို လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

ငလျင်ဘေးအကြောင်းပြပြီး မေလကုန်ထိ စစ်ကောင်စီက အပစ်ရပ်ကြေညာထားသော်လည်း စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ရက်မှ မေလ ဒုတိယပတ်အထိ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် နိုင်ငံတဝန်း ပြည်သူလူထု ၃၀၀ ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။