Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၍ သက်ကြီးရွယ်အို နှစ်ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ညောင်လေးပင်ခရိုင်၊ မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ သက်ကြီးရွယ်အို နှစ်ဦး သေဆုံးခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

မုန်းမြို့နယ် ညောင်ပင်သာကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ သေဆုံးသည့် သက်ကြီးရွယ်အို ၂ဦးနှင့် နေအိမ်ပျက်စီးမှုများ။ ဓာတ်ပုံ - KNU

မေ ၁၄၊၂၀၂၅။ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ညောင်လေးပင်ခရိုင်၊ မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ သက်ကြီးရွယ်အို နှစ်ဦး သေဆုံးခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

မေလ ၁၃ရက် နံနက်ပိုင်းက မုန်းမြို့နယ် ညောင်ပင်သာကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကျေးရွာနေ အသက်(၇၂)နှစ်အရွယ် အဘွားအိုတစ်ဦးနှင့် အသက်(၈၀)အရွယ် အဘိုးအိုတစ်ဦးတို့ သေဆုံးကာ အမျိုးသမီး ၂ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

စစ်ကောင်စီသည် တပ်မဟာ(၃)နယ်မြေ မုန်း၊ ရွှေကျင်နှင့် ကျောက်မြို့မြို့နယ်များရှိ ပြည်သူလူထု နေထိုင်ရာ နေရာများကို လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ ပြည်သူလူထုသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီတပ်အနေဖြင့် ရည်ရွယ်ချက်ရှိရှိ အရပ်သား ပြည်သူလူထုများအား ပစ်မှတ်ထား တိုက်ခိုက်နေ၍ ဒေသခံပြည်သူလူထုများအနေဖြင့် စိုးရိမ်ကြောက်ရွံမှုများစွာဖြင့် ရှင်သန်နေထိုင် နေကြရကာ ဘေးဒုက္ခများစွာနှင့် ကြုံတွေ့နေကြရဟု KNU ဗဟိုက ထုတ်ပြန်သည်။

စစ်ကောင်စီသည် KNU နယ်မြေအပါအဝင် နိုင်ငံတဝန်း အရပ်သားပြည်သူနေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းများကို လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

ငလျင်ဘေးအကြောင်းပြပြီး မေလကုန်ထိ စစ်ကောင်စီက အပစ်ရပ်ကြေညာထားသော်လည်း စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ရက်မှ မေလ ဒုတိယပတ်အထိ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် နိုင်ငံတဝန်း ပြည်သူလူထု ၃၀၀ ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄)သို့ အားဖြည့်မည့် စစ်ကြောင်းရွေ့နိုင်ရန် စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ဗုံးကြဲနေသည်။

သတင်း

ဇွန်-၆၊၂၀၂၅။ထားမြတ်/People’s Spring မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌၊ကျက်ရိုးပင်ကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီလေကြောင်းမှဗုံးကြဲခဲ့၍ သံဃာတပါး ပျံလွန်တော်မူခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။ ဇွန်လ၅ရက်ညနေ ၅နာရီ ၁၇မိနစ်အချိန်တွင်တံတားဦးတက်ဂျက်ဖိုက်တာတစ်စီးဖြင့်လေကြောင်းတိုက်ခိုက်ခဲ့ရာဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ဟုဖော်ပြသည်။ စစ်ကောင်ဆီကငလျင်ဘေးအကြောင်းပြပြီးအပ စ်အခတ်ရပ်စဲရေး ကြေညာချက်ကို ဇွန်လကုန်အထိ သက်တမ်းတိုးထားပြီးနောက်သပိတ်ကျင်းမြို့နယ်ကို ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ Public...

သတင်း

စစ်ကောင်စီက စာသင်ကျောင်း၊ ဆေးရုံစသည့် လူစုလူဝေးရှိရာနေရာများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေ၍ မြေပြင်တွင် ဖွင့်လှစ်ထားသော ကြားကာလပညာရေးကျောင်းများအားလုံး ခေတ္တယာယီပိတ်ထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာနက ယနေ့(မေလ ၂၅ရက်)တွင် ညွှန်ကြားချက် ထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊မင်းစုကျေးရွာကို စစ်ကောင်စီတပ်က ယနေ့(မေလ ၂၃ရက်)ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် သေဆုံးသူထပ်တိုးပြီး ကလေးငယ်အချို့ပါဝင် စုစုပေါင်း ၁၀ဦးသေဆုံးကာ ၁၀ဦးခန့် ဒဏ်ရာရသည်ဟု အဆိုပါမြို့ခံများထံမှ သတင်းရရှိသည်။