Connect with us

Hi, what are you looking for?

သတင်း

မတ္တရာ၊စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့၌ မေလအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ပြည်သူ ၇၀ကျော် သေဆုံး

မန္တလေးတိုင်း၊ မတ္တရာ၊စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့၌ ယခု မေလအတွင်း စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်မှု (၅၇)ကြိမ်ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၇၀ကျော် အသက်ဆုံးရှုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(မေလ ၁၇ ရက်) ထုတ်ပြန်သည်။

သပိတ်ကျင်းမြို့နယ် လမ်းလယ်ကျစ်ကျေးရွာအား တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ − ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

မေ ၁၇၊၂၀၂၅။ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ မတ္တရာ၊စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့၌ ယခု မေလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၅၇)ကြိမ်ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၇၀ကျော် အသက်ဆုံးရှုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(မေလ ၁၇ ရက်) ထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၄၁ ဦး ဒဏ်ရာများရခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုများအနက် မေလ ၁၅ ရက်က သပိတ်ကျင်းမြို့နယ် လမ်းလယ်ကျစ်ကျေးရွာအား တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး သံဃာတော်များနှင့် ကလေးသူငယ်များအပါအဝင် ပြည်သူရှစ်ဦးခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း အသိပေးသည်။

မတ္တရာ ၊စဉ့်ကူး နှင့် သပိတ်ကျင်းမြို့နယ်တို့ကို လေကြောင်းမှ ဗုံးကြဲရာတွင် စစ်ကောင်စီသည် တံတားဦးလေဆိပ်ကို အခြေပြုပျံသန်းသည်ကို ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ အရပ်သားပြည်သူများ မခွဲခြားဘဲ လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ နှင့် ဝေးရာတွင် နေထိုင်ရန်နှင့် လေကြောင်းရန်ကာကွယ်နိုင် ရေးအတွက် ဗုံးခိုကျင်းများတူးရန် ဒေသခံများကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။

ယခု မေလ ၁၄ ရက်ကလည်း မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ်၊ လေးပင်(တောင်)ရွာကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲ၍ မီးဖွားခါစအမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူ အပါအဝင်လေးဦးသေဆုံးခဲ့ရသည်။

စစ်ကောင်စီသည် မေလဒုတိယပတ်အတွင်း စစ်ကိုင်းတိုင်း၊ပဲခူးတိုင်း၊မန္တလေးတိုင်း၊ရခိုင်ပြည်နယ်၊ချင်းပြည်နယ်နှင့်ကရင်နီပြည်နယ်တို့ရှိ အရပ်သား ပြည်သူများနေအိမ်များနှင့် စာသင်ကျောင်းများကို လေကြောင်းမှတိုက်ခိုက်ခဲ့ရာ ပြည်သူအများအပြား သေဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်က ဆည်တော်ကြီးဆည်မှာ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေတာကြောင့် ရေတံခါးတွေကိုဖွင့်ချထားလိုက်ပြီဖြစ်တာ​ကြောင့်အနီးအနားကကျေးရွာတွေကို အရေးပေါ်ပြောင်းရွှေ့ဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီးကော်မတီက အသိ​ပေးထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။