Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ် စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်မှု ပြည်သူနှစ်ဦး သေဆုံး၊ ကလေးလေးဦးအပါအဝင် ၉ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ရှောင် စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူနှစ်ဦးသေဆုံးကာ ကလေးငယ်များအပါအဝင် ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။

သပိတ်ကျင်းမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ပြင်ဦးလွင်ခရိုင် ပကဖ

မေ ၁၆၊၂၀၂၅။ထားမြတ်၊ရှိန်း/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ရှောင် စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူနှစ်ဦးသေဆုံးကာ ကလေးငယ်များအပါအဝင် ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မေလ ၁၅ရက်) နံနက်တွင် သပိတ်ကျင်းမြို့နယ်( ၉ )မိုင်ကျေးရွာနှင့် လမ်းလယ် ကျစ်ကျေးရွာကြားရှိ စစ်ဘေရှောင်စခန်အား စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဟု ဖော်ပြသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၆၀)အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးသေဆုံးပြီး ကလေးလေးဦးနှင့် သံဃာတော် တစ်ပါးအပါအဝင် ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ကြဲတာက ၂လုံးကြဲတာ။အဆောက်အအုံ၃လုံးပျက်စီးတယ်။မီးလောင်ပြီး တစ်အိမ်ပျက်စီးတယ်လို့လည်း သိရတယ် “ဟု ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက စာသင်ကျောင်းများအပါအဝင် ပြည်သူလူထုနေထိုင်ရာနေရာများကိုပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေ၍ ကလေးငယ်များအပါအဝင် ပြည်သူများ နေ့စဉ် ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန်ကာကွယ်နိုင်ရေး ဗုံးခိုကျင်းများ တူးထားကြရန် ပြင်ဦးလွင်ခရိုင် ပကဖက တိုက်တွန်းထားသည်။

စစ်ကောင်စီသည် မတ်လ၂၈ရက်က လှုပ်ခတ် သည့် စစ်ကိုင်းငလျင်ကြီး အကြောင်းပြပြီး အပစ်ရပ်စဲရေးကြေညာထားသော်လည်း ငလျင် ဒဏ်ကြောင့် လူသေဆုံးထိခိုက်ခဲ့ရသည့် ပြင်ဦးလွင်ခရိုင်ရှိ သပိတ်ကျင်း၊ စဉ့်ကူးမြို့နယ်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများဆက်တိုက် ပြုလုပ်ခဲ့တာ ပြည်သူများစွာ သေဆုံးထိခိုက်ခဲ့ရသည်။

စစ်ကောင်စီ၏ ဟန်ပြအပစ်ရပ်စဲရေးကြေညာချက်ကို ပြည်သူများမယုံကြရန်နှင့် လေကြောင်းရန်သတိရှိရန် ပြင်ဦးလွင်ခရိုင် ပကဖ သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။