Connect with us

Hi, what are you looking for?

သတင်း

၁၀၂၇ စစ်ဆင်ရေးက စစ်သုံ့ပန်းတချို့ကို MNDAA ပြန်လွှတ်

၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီသုံ့ပန်းတွေအနက် ဗိုလ်မှူးအဆင့် သုံးဦးအပါအဝင် သုံ့ပန်း ၄၅ဦးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က စစ်ကောင်စီထံ ပြန်လွှဲပေးလိုက်ပါတယ်။

MNDAA ထံ လက်နက်ချအညံ့ခံခဲ့ကြတဲ့ စစ်ကောင်စီတပ်အရာရှိကြီးတွေအပါအဝင် စစ်သုံ့ပန်းအများအပြားကို တွေ့ရစဉ်-ပုံဟောင်း

အောက်တိုဘာ-၁၆၊ ၂၀၂၅။ အိမ်သွင်/People’s Spring

၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီသုံ့ပန်းတွေအနက် ဗိုလ်မှူးအဆင့် သုံးဦးအပါအဝင် သုံ့ပန်း ၄၅ဦးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က စစ်ကောင်စီထံ ပြန်လွှဲပေးလိုက်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလက လားရှိုးမြို့မှာတာဝန်ကျနေတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၁၄)လက်အောက်ခံတပ်ရင်း ခလရ(၂၇၇)က ဗိုလ်မှူး ကျော်ဇေယျ၊စကခ(၁)က ဗိုလ်မှူး အောင်မြင့်ထူးအပါအဝင် သုံ့ပန်း ၄၅ဦးကို မနေ့က အောက်တိုဘာ ၁၅ရက်မှာ ပြန်လွှတ်ပေးလိုက်တာလို့ သိရပါတယ်။

ပြန်လွှတ်ပေးလိုက်သူတွေထဲမှာ အရာခံဗိုလ်၊ ဒုတိယ အရာခံဗိုလ်၊ တပ်ကြပ်ကြီးစာရေး၊ ဒုတပ်ကြပ်၊ တပ်သားရာထူးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်၃၉ဦး၊ ရဲတပ်ဖွဲ့ဝင်ခြောက်ဦးပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

“ တော်တော်များများက လားရှိုးနဲ့သိန္နီတိုတိုက်ပွဲမှာ ဖမ်းမိတဲ့ဟာတွေ” လို့ ရှမ်းမြောက်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်‌ကောင်စီနဲ့ ဘယ်လိုသဘောတူညီချက်ရယူပြီးလွှတ်လဲဆိုတာ မသိရသေးသလို

MNDAAကလည်း သီးခြားသတင်းမထုတ်ပြန်သေးပါဘူး။ MNDAAဟာ တရုတ်အစိုးရရဲ့ ဖိအားနဲ့ လားရှိူးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲထားသလို ဆွေး‌နွေးမှုတွေလည်း ဆက်ရှိနေပါတယ်။ ၁၀၂၇စစ်ဆင်ရေးမှာဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေကိုလည်း စစ်ကောင်စီထံပြန်လွှဲပေးလေ့ရှိပါတယ်။

၂၀၂၄ ဇန်နဝါရီ ၅ရက်က ‌လောက်ကိုင်ဒကစကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာ လက်နက်ချအညံ့ခံခဲ့တဲ့ လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ်မိုးကျော်သူ၊ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အပါအဝင် ဗိုလ်မှူးချုပ် ၆ဦး၊ အရာရှိ ၂၂၈ဦး၊ အခြားအဆင့် ၁,၈၉၅ဦးကို ဖမ်းပြီး တပတ်ခန့်အကြာမှာ MNDAAက ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။

လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းတဲ့တိုက်ပွဲမှာ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ်မျိုးမင်းထွေး၊ ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့လည်း MNDAAက ဖမ်းမိခဲ့ပြီး စစ်ကောင်စီပြန်လွှဲပေးခဲ့ပါတယ်။

ဗိုလ်မှူးချုပ်မျိုးမင်းထွေးဟာ အခုအခါမှာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတာဝန်ယူထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ရက်ညက မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ် ဘုံတိုရွာကို ပါတာမော်တာနဲ့ဗုံးကြဲတာမှာ ကလေးငယ်တွေအပါအဝင် အရပ်သား ၃၀ကျော်သေဆုံးခဲ့တဲ့ဖြစ်စဉ်ကို အဓိကအမိန့်ပေးသူလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့ဟာ မကြာသေးမီက အချင်းချင်း တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် မဟာမိတ် အာရက္ခတပ်တော်(AA) ရဲ့ ဒီကနေ့ ကျရောက်တဲ့ တပ်မွေးနေ့ကို နှစ်ဖွဲ့ ပူးပေါင်းပြီး ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ဆောင်းပါး

MNDAAရဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲကနေ ‌ထွက်ပြေးသွားတဲ့ စစ်ဗိုလ်ချုပ်တစ်ဦးဟာ သမ္မတဘွဲ့ခံ အာဏာသိမ်းခေါင်း‌ဆောင်ရဲ့ မြှောက်စားမှုနဲ့အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဖြစ်လာပါပြီ။

သတင်း

တအာင်းတပ်မတော်(TNLA) နဲ့ကိုးကန့်တပ်မတော်(MNDAA)တို့ နှစ်ဖက် အပစ်ရပ်ဖို့ သဘောတူညီမှုရခဲ့တယ်လို့ TNLAပြောရေးဆိုခွင့် ရှိသူ လွေးယေဦးက မတ်လ ၂၁ရက် နေ့လည်ပိုင်းမှာ People's Spring ကို​ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်က မြို့သိမ်းတိုက်ပွဲတွေမှာ ဖမ်းမိထားတဲ့စစ်သုံ့ပန်းတွေထဲက အချို့ကို အာရက္ခတပ်တော်(AA)က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။ မတ်လ (၁၄) ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အခမ်းအနားပြုလုပ်ခဲ့စဉ်မှာ စစ်သုံ့ပန်းမိသားစုဝင်တွေက ကျေးဇူးတင်စကားပြောခဲ့ပါတယ်။