News ရေဦးတွင် စစ်ကောင်စီတပ်ကို PDFသုံးဖွဲ့ပေါင်းတိုက်ခိုက် "မနေ့ညက ည ၇ နာရီလောက်မှာ ချမ်းသာရွာထဲဝင်ပြီး ပစ်ခတ်နေတယ်။ ရွာတွေလည်းထွက်ပြေးနေရတယ်။"ဟု ရေဦးဒေသခံတစ်ဦးကပြောသည်။ LuduNwayOoဇန်နဝါရီ 11, 2022
News မတ္တရာတွင် PDFစခန်းကို စစ်ကောင်စီတပ်ဝင်စီးရာ သတင်းကြိုရ၍ မိုင်းထောင်၍ တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ကိုးဦးသေ၊ ၁၅ဦးထက်မနည်း ဒဏ်ရာရဟုဆို စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး ၊လက်နက်ငယ်သုံးသဖြင့် တိုက်ပွဲအတန်ကြာဖြစ်ပွားကာ DFM မှ ကာပစ်ရင်း ဆုတ်ခဲ့ပြီးနောက် ကင်းစောင့်နေသော ရဲဘော်များနှင့် ထိတွေ့မှုထပ်မံဖြစ်ပေါ်၍ စစ်ကောင်စီဘက်မှ သာလွန်အင်အားနှင့် လိုက်လံပစ်ခတ်ခဲ့သည်။ LuduNwayOoဇန်နဝါရီ 11, 2022
News ပျူစောထီးစခန်းကို ကနီဒေသတွင်း PDFတိုက်ခိုက်၊ ပျူတစ်ဦးသေဆုံးပြီး ဒဏ်ရာပြင်းထန်သူအတွက် သွေးလှူသူမရှိ အခြားပျူစောထီး နှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာများရပြီး ဆေးရုံသို့ ပို့ရန်ပင် မဖြစ်နိုင်သဖြင့် ရေလည်ကျွန်းရွာပျူစောထီးစခန်းသို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်)က အသိပေးသည်။ LuduNwayOoဇန်နဝါရီ 10, 2022
News စစ်ကောင်စီတပ် ဝိုင်းခံရသဖြင့် မြိုင် PDFရဲဘော်နှစ်ဦး မိုင်းများဖြင့် ကိုယ်တိုင်အဆုံးစီရင် မြိုင်မြို့နယ်တောင်ဘက် ကိုင်းတောမလမ်း၌ အကြမ်းဖက်စစ်သား ၅၀ခန့် ၊အနောက်ဘက် ဗဟင်းလမ်းတွင် စစ်သား ၁၀၀ခန့် နှင့် မြောက်ဘက် မင်းသားကျလမ်းတွင် စစ်သား ၈၀ခန့်ကစစ်ကြောင်းထိုးကာ တောနင်းခဲ့သည်။ LuduNwayOoဇန်နဝါရီ 10, 2022
News ပုလဲမြို့နယ်တွင် လူထုသပိတ်ဟောပြောပွဲ ထပ်မံကျင်းပ ပုလဲမြို့နယ်ရှိ လူထုညီညွတ်မှုကြောင့် ယခုကဲ့သို့ စစ်ကောင်စီက အုပ်ချုပ်ခွင့် မရသေးခြင်း ဖြစ်ကြောင်း၊ ထိုသို့ အုပ်ချုပ်ခွင့် မရသည့်အတွက် စစ်ကောင်စီက လူထုကို ရက်ရက်စက်စက် သတ်ဖြတ်ဖိနှိပ်ပြနေခြင်း ဖြစ်ကြောင်း ဟောပြောခဲ့သည်။ LuduNwayOoဇန်နဝါရီ 10, 2022
News စစ်ကောင်စီတပ် ပြည်သူများကိုဖမ်းဆီး၍ လူသားဒိုင်း မလုပ်ဘဲ ၎င်းတို့နှင့်လာတိုက်ရန် PDFဝက်လက်ပြော "မနေ့က စစ်ခွေးတပ်က စစ်ကြောင်း နှစ်ကြောင်းနဲ့ အင်အား ၁၄၀ လောက်ပါတယ်။ရွာနှစ်ရွာကို ဝင်တယ်။ ကျွန်တော် အပါအဝင် ပြည်သူ့တပ်ဖွဲ့ ခေါင်းဆောင် တွေရဲ့ ဓာတ်ပုံ သုံးပုံ ကို ပြတယ်။သိသလားဆိုပြီး ရွာသူ၊ရွာသားတွေကို မေးမြန်းနှိပ်စက် ခဲ့ကြတယ်"ဟု ဝက်လက်မြို့ဖောင်းဒိုင်းအဖွဲ့မှ ဗိုလ်နဂါးက People's Springသို့... LuduNwayOoဇန်နဝါရီ 10, 2022
News ဝက်လက်မြို့နယ်အတွင်း လမ်းသုံးလမ်းတွင် ညပိုင်းဖြတ်သန်းသွားလာခြင်းမပြုရန် အသိပေး စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း ညပိုင်းအချိန်များ၌ ရွှေဘို-မန္တလေးလမ်းမကြီးအပါအဝင် လမ်း သုံး လမ်းတွင် ဖြတ်သန်းသွားလာခြင်းမပြုရန် ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးကြေညာသည်။ LuduNwayOoဇန်နဝါရီ 10, 2022
News PDFတွေ လုံခြုံရေးယူပေးပြီး သပိတ်တရားဟောပြောပွဲ ကျင်းပတဲ့ ယင်းမာပင်ခရိုင် မုံရွာပင်မသပိတ်ကော်မတီအဖွဲ့ဝင် ကိုသန်းကျော်ဦးနှင့်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြည်သူလူထုထံသို့ နိုင်ငံရေးတရားများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တရားများ ဟောပြောတင်ပြခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇန်နဝါရီ 9, 2022
News တနင်္သာရီတိုင်းမှစစ်ရေးတင်မာနေသော သုံးမြို့နယ်တွင် ပြည်သူများခရီးမသွားရန် PDFက မေတ္တာရပ်ခံ “မနေ့ညက ပုလောဘက်မှ တိုက်ပွဲဖြစ်ကြလို့ ပြည်သူတွေ ခရီးမသွားကြဖို့ အချင်းချင်းသတိပေးထားကြတာ။ သရက်ချောင်းမှာဆိုရင် မြို့ပြင်မထွက်ဖို့တောင် သတိပေးတာတွေရှိတယ်”ဟုသရက်ချောင်းမြို့ခံတစ်ဦးကပြောသည်။ LuduNwayOoဇန်နဝါရီ 9, 2022
News ပုလောမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်သား လေးဦးသေ၊ ၁၃ဦးခန့် ဒဏ်ရာရဟု ပုလော PDF ပြော ဇန်နဝါရီ ၈ ရက် ည ၇ နာရီ ခွဲခန့်ကစ၍ KNU တပ်မဟာ(၄)နယ်မြေအတွင်းရှိ ကဗျာရွာနှင့် ပဝတ်ဖျားရွာ အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီက အင်အား ၂၀၀ ခန့်ပါသော စစ်ကြောင်းနှစ်ကြောင်းခွဲကာ လက်နက် ကြီးများအသုံးပြု၍ စစ်ကြောင်းထိုးခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇန်နဝါရီ 9, 2022