Connect with us

Hi, what are you looking for?

News

တိုက်ပွဲပြင်းထန်​နေ၍ က​လေးမှ ချင်းပြည်နယ်သို့ မသွားရန် PDF-Zoland ​မေတ္တာရပ်ခံ

စစ်ကားများလည်းတောင်ပေါ်တက်ရန် အဆင့်သင့်ရှိနေသည်ကို တွေ့ရပြီး ရပ်တန့်ထားသည့် ကားများနှင့်ဆိုင်ကယ်များကိုဒိုင်းအဖြစ် အသုံးပြုနိုင်သည်ဟု PDF- Zolandက ထုတ်ပြန်သည်။

တိုက်ပွဲများပြင်းထန်နေ၍ ကလေးမြို့မှာ ချင်းပြည်နယ်သို့ ခရီးမသွားလာကြရန် မေတ္တာရပ်ခံကြောင်း PDF- Zoland က ယနေ့ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ခရီးသွားပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြု၍ ချင်းတောင်ပေါ် တက်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်ဟု PDF-Zolandက သတိပေးထားသည်။

“PDFတွေပြောတာကို နားထောင်ပါသင့်တယ်။ ဖြစ်လာမှ ဘယ်ဘုရားမှ မကယ်နိုင်ဖူး” ဟု ဒေသခံတစ်ဦးကပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၁၂ရက်)ကတည်းကပင် ကလေးမြိုမှ ချင်းတောင်ကို တက်သည့် လမ်းရှိ ၉ မိုင်တွင် ခရီးသွားကားများနှင့် ဆိုင်ကယ်များကို အကြမ်းဖက်စစ်ကောင်စီ ဂိတ်က သွားလာခွင့်မပြုဘဲ ရပ်တန့်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကားများလည်းတောင်ပေါ်တက်ရန် အဆင့်သင့်ရှိနေသည်ကို တွေ့ရပြီး ရပ်တန့်ထားသည့် ကားများနှင့်ဆိုင်ကယ်များကိုဒိုင်းအဖြစ် အသုံးပြုနိုင်သည်ဟု PDF- Zolandက ထုတ်ပြန်သည်။

ဇန်နဝါရီ ၁၂ ရက်မနက်ပိုင်းမှ စတင်ပြီး အကြမ်းဖက်စစ်ကောင်စစ်တပ်များသည် ကလေးမြို့မှ ချင်းပြည်သို့ စစ်ကားငါးစီးဖြင့် တက်လာရန်အဆင်သင့်ဖြစ်နေသည်ဟု PDF- Zolandကထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၆ ရက်ကတည်း ကလေးမြို့နှင့်ချင်းပြည်နယ် အစပ်ကြားတွင် တိုက်ပွဲပြင်းထန်ခဲ့သည်။ကလေး-ဖလမ်းသွားရာလမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များကို ဒေသခံကာကွယ်ရေးတပ်များက ဆီးကြိုခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။