Connect with us

Hi, what are you looking for?

LuduNwayOo

News

တိုက်ပွဲပြင်းထန်​နေ၍ က​လေးမှ ချင်းပြည်နယ်သို့ မသွားရန် PDF-Zoland ​မေတ္တာရပ်ခံ

စစ်ကားများလည်းတောင်ပေါ်တက်ရန် အဆင့်သင့်ရှိနေသည်ကို တွေ့ရပြီး ရပ်တန့်ထားသည့် ကားများနှင့်ဆိုင်ကယ်များကိုဒိုင်းအဖြစ် အသုံးပြုနိုင်သည်ဟု PDF- Zolandက ထုတ်ပြန်သည်။

တိုက်ပွဲများပြင်းထန်နေ၍ ကလေးမြို့မှာ ချင်းပြည်နယ်သို့ ခရီးမသွားလာကြရန် မေတ္တာရပ်ခံကြောင်း PDF- Zoland က ယနေ့ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ခရီးသွားပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြု၍ ချင်းတောင်ပေါ် တက်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်ဟု PDF-Zolandက သတိပေးထားသည်။

“PDFတွေပြောတာကို နားထောင်ပါသင့်တယ်။ ဖြစ်လာမှ ဘယ်ဘုရားမှ မကယ်နိုင်ဖူး” ဟု ဒေသခံတစ်ဦးကပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၁၂ရက်)ကတည်းကပင် ကလေးမြိုမှ ချင်းတောင်ကို တက်သည့် လမ်းရှိ ၉ မိုင်တွင် ခရီးသွားကားများနှင့် ဆိုင်ကယ်များကို အကြမ်းဖက်စစ်ကောင်စီ ဂိတ်က သွားလာခွင့်မပြုဘဲ ရပ်တန့်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကားများလည်းတောင်ပေါ်တက်ရန် အဆင့်သင့်ရှိနေသည်ကို တွေ့ရပြီး ရပ်တန့်ထားသည့် ကားများနှင့်ဆိုင်ကယ်များကိုဒိုင်းအဖြစ် အသုံးပြုနိုင်သည်ဟု PDF- Zolandက ထုတ်ပြန်သည်။

ဇန်နဝါရီ ၁၂ ရက်မနက်ပိုင်းမှ စတင်ပြီး အကြမ်းဖက်စစ်ကောင်စစ်တပ်များသည် ကလေးမြို့မှ ချင်းပြည်သို့ စစ်ကားငါးစီးဖြင့် တက်လာရန်အဆင်သင့်ဖြစ်နေသည်ဟု PDF- Zolandကထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၆ ရက်ကတည်း ကလေးမြို့နှင့်ချင်းပြည်နယ် အစပ်ကြားတွင် တိုက်ပွဲပြင်းထန်ခဲ့သည်။ကလေး-ဖလမ်းသွားရာလမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များကို ဒေသခံကာကွယ်ရေးတပ်များက ဆီးကြိုခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။