Connect with us

Hi, what are you looking for?

News

ရေလယ်ကျွန်းတွင် စစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီတပ်ကို ​​ဒေသခံPDFများ တိုက်ခိုက်၊စစ်​ကောင် စီတပ်​သေဆုံး၊ ဒဏ်ရာရမှုများရှိ

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြရာ အကြမ်းဖက်စစ်တပ်ဘက်မှတပ်ဖွဲ့ဝင်များအများအပြားထိခိုက်သေဆုံးနိုင်ကြောင်း PDFအဖွဲ့များက ထုတ်ပြန်သည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်​ကောင်စီတပ်အား ဒေသတွင်းPDF များက ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်​ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း PDFအဖွဲ့များက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇန်နဝါရီ ၁၁ ရက်)က မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ ရေလယ်ကျွန်းဒေသ ကျေးရွာများသို့ နယ်မြေရှင်းလင်းရေးစစ်ကြောင်းထိုးလာသည့် အင်အား ၅၀ ၀န်းကျင်ခန့်ပါသော အကြမ်းဖက်စစ်တပ်သည် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ ရေယှားကျေးရွာနှင့် လှေခုတ်ကျေးရွာကြားသို့ ညနေ ၃ နာရီ၀န်းကျင် အချိန်ခန့်တွင် ရောက်ရှိလာရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့MG.6 ပြောက်ကျား တပ်(မြင်းခြံ)နှင့် YLKပြောက်ကျားတပ်(YSO)မဟာမိတ်နှစ်ဖွဲ့ကဦးစီးသည့်ဒေသ ကာကွယ်ရေးအဖွဲ့များနှင့်ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သည်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြရာ အကြမ်းဖက်စစ်တပ်ဘက်မှတပ်ဖွဲ့ဝင်များအများအပြားထိခိုက်သေဆုံးနိုင်ကြောင်း PDFအဖွဲ့များက ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့၀င်များအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး MG.6 ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် မကွေးတိုင်း၊ ရေကြိုမြို့နယ် ရေလယ်ကျွန်းဒေသအပြင် မြိုင်မြို့နယ်တွင်လည်း စစ်ကြောင်းထိုးလျက်ရှိသည်။ ထို့အပြင် ရေလယ်ကျွန်းဒေသနှင့်ဆက်နေသည့် စစ်ကိုင်းတိုင်းမြောင်မြို့နယ်တွင်လ​ည်း စစ်ကြောင်းထိုးကာ လှည့်လည်နေသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။