Connect with us

Hi, what are you looking for?

News

မြိုင်မြို့နယ်တွင် စစ်​ကြောင်းထိုးလာ​သောစစ်​ကောင်စီတပ်ကို​ဒေသခံPDFများခုခံတိုက်ခိုက် စစ်​ကောင်စီတပ် ၇ဦး​သေ

အကြမ်းဖက်စစ်တပ်သည် မကွေးတိုင်း၊မြိုင်မြို့နယ်‌အတွင်း တောင်ပိုင်း၊မြောက်ပိုင်း၊ အနောက်မြောက်ပိုင်း၊ နေရာစုံ နေရာ ( ၅ ) နေရာခန့်ခွဲ၍ စစ်ကြောင်းထိုးလျက်ရှိပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း၊ ကျေးရွာအများစုက ပြည်သူများ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ဓါတ်ပုံ-AFP)

-စစ်​ကောင်စီတပ်က​ကျေးရွာများကိုဖျက်ဆီး၊ ပြည်သူ၃၀၀ ခန့်အားလူသားဒိုင်းလုပ်၍​ဒေသခံများထွက်​ပြေး​နေရ

မကွေးတိုင်း၊ ​မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များအား ဒေသတွင်းမဟာမိတ်အဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်​ကောင်စီတပ်ဘက်မှ ၇ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါအဖွဲ့များက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) နံနက်ပိုင်းတွင် မြိုင်မြို့နယ်၊ လက်ယက်မစံပြကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာရာ ဒေသတွင်းPDFအဖွဲ့များဖြစ်သော ရွှေဓားဗိုလ်အဖွဲ့ ၊ ဗိုလ် Cross အဖွဲ့ နှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းအဖွဲ့များက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်သည် သာလွန်အင်အား လက်နက်ကြီးအလွန်အကျွံသုံးစွဲသည့်အတွက် PDF များအလျင်အမြန် ဆုတ်ခွာခဲ့ရ​သော်လည်း အထိအခိုက်မရှိကြောင်း ရွှေဓားဗိုလ် LPDF အဖွဲ့ကဆိုသည်။

Public Service Announcement

Public Service Announcement

သို့သော်လည်း အကြမ်းဖက်စစ်တပ်သည် လက်ယက်မ ကျေးရွာအတွင်းသို့ ဝင်ရောက်၍ နေအိမ် အများအပြား ဖျက်ဆီးခြင်း ၊ ရေစင်များဖျက်ဆီးခြင်း ၊ ဆိုင်ကယ်များ မီးရှို့ ဖျက်ဆီးခြင်း ၊ ဆီဆိုင်တစ်ဆိုင်ကို ဖျက်ဆီးခြင်း ၊အပြစ်မဲ့ပြည်သူ ၃၀၀ ခန့်အား လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခြင်း များ လူမဆန်စွာ ပြုလုပ်လျက်ရှိကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ ကျေးရွာ ပြည်သူ အမြောက်အများ ဘေးလွတ်ရာတွင် ထွက်ပြေးတိမ်းရှောင် လျက်ရှိရာ စားနပ်ရိက္ခာများ ၊ စောင် ၊ အဝတ်အထည်များ နှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်းလည်း​ဒေသခံအချို့ကပြောသည်။

အကြမ်းဖက်စစ်တပ်သည် မကွေးတိုင်း၊မြိုင်မြို့နယ်‌အတွင်း တောင်ပိုင်း၊မြောက်ပိုင်း၊ အနောက်မြောက်ပိုင်း၊ နေရာစုံ နေရာ ( ၅ ) နေရာခန့်ခွဲ၍ စစ်ကြောင်းထိုးလျက်ရှိပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း၊ ကျေးရွာအများစုက ပြည်သူများ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook