Connect with us

Hi, what are you looking for?

News

ယင်းမာပင်မြို့နယ်တွင် PDFများ လုံခြုံရေးယူပြီး ကျေးရွာသပိတ်ပြုလုပ်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက လုံခြုံရေး စောင့်ရှောက်ပေးပြီး ကျေးရွာသပိတ်စစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ယနေ့ (ဇန်နဝါရီ ၁၃) နံနက်ပိုင်း၌ ချီတက်ဆန္ဒပြခဲ့သည်။

ယင်းသပိတ်စစ်ကြောင်းတွင် “သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ စစ်ကျွန်ဘဝက ရုန်းထွက်ကြ” စာတန်း ကိုင်ဆောင်ပြီး ရွာများကို လှည့်လည်ဆန္ဒပြခဲ့သည်။

ဓာတ်ပုံ – Ko Than Kyaw Oo/FB

အဆိုပါ သပိတ်ကို မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုသန်းကျော်ဦးနှင့် အဖွဲ့ဝင်အချို့ သွားရောက်ပူးပေါင်းခဲ့ပြီး လူထုထံ နိုင်ငံရေးတရားများ၊ သပိတ်တရားများဟောပြောခဲ့သည်။

“ပြည်သူတွေမှာ မျှော်လင့်ချက်ရှိတယ်။ PDF တွေကပဲ စစ်ကောင်စီကိုအမြစ်ဖြတ်နိုင်မယ်လို့၊ PDF တွေမှာလည်း ယုံကြည်ချက်ရှိတယ် စစ်ကောင်စီကို အမြစ်ဖြတ်နိုင်တာက PDF ပဲဆိုတာကို၊ အဲဒီ့ PDF တွေယုံကြည်ချက်နောက်မှာ ပြည်သူတွေ မျှော်လင့်ချက်ရှိတယ်။ PDFတွေရဲ့နောက်မှာ ပြည်သူတွေ အပြည့်ရှိတယ်၊ ပြည်သူမပါတဲ့ တော်လှန်ရေးဟာ ဘယ်လိုမှ မအောင်မြင်နိုင်ဘူး၊ ခုပြည်သူတွေပါလာပြီ၊ ယုံကြည်လာပြီ၊ ဒါကြောင့်မို့ ဒီနေ့ဒီအချိန်ထိ ဟန်ချက်ညီညီ သွားနေကြတာ၊ ခုပုံတွေကြည့်ပြီး သိနိုင်ပါတယ် “ဟု ကိုသန်းကျော်ဦးက ဟောပြောခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်တွင် ယခုရက်ပိုင်းအတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်ဟောပြောပွဲများ ပိုမိုအားကောင်းလာကာ ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်မှစတင်၍ PDFများ လုံခြုံရေးယူ၍ နိုင်ငံရေးဟောပြောပွဲများ ကျင်းပခဲ့ရာ ပြည်သူအများစု တက်ရောက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

Facebook