Connect with us

Hi, what are you looking for?

News

ဘုတလင်နယ်ရှိ စစ်ကောင်စီ၏ တပ်ခွဲမှူးဦးစီးသည့် ကူတော်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များဝင်တိုက်

“ အဲဒီစခန်းမှာက အင်အား၃၀လောက်ရှိတယ်။ ဒီမနက် အစောကြီး ဝင်တိုက်တာ။ တပ်ခွဲမှူး ဗိုလ်ကြီး တစ်ဦးနဲ့ နောက်စစ်သား ၁၀ဦးလောက်သေတယ်လို့ သိရတယ်။ အခု ရွာကိုဝင်လာပြီး စာသင်ကျောင်းမှာ တပ်စွဲပြီး ပတ်ရမ်းနေကြတယ်” ဟု ကူတော်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှ အကြမ်းဖက်စစ် ကောင်စီ၏ တပ်ခွဲမှူးဦးစီးသည့် ကူတော်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များဝင်တိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်​နေ့ည ၁၂ နာရီကစ၍ ဒီပဲယင်းနှင့် ဘုတလင် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ အဲဒီစခန်းမှာက အင်အား၃၀လောက်ရှိတယ်။ ဒီမနက် အစောကြီး ဝင်တိုက်တာ။ တပ်ခွဲမှူး ဗိုလ်ကြီး တစ်ဦးနဲ့ နောက်စစ်သား ၁၀ဦးလောက်သေတယ်လို့ သိရတယ်။ အခု ရွာကိုဝင်လာပြီး စာသင်ကျောင်းမှာ တပ်စွဲပြီး ပတ်ရမ်းနေကြတယ်” ဟု ကူတော်ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲမှာ ၁၂နာရီမှ၁ နာရီခွဲအထိ ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များဘက်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

“ ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးကြောင်း ကနဦးသိရပေမယ့်သက်ဆိုင်ရာ အဖွဲ့အစည်းများရဲ့ကြေငြာချက်ထုတ်ပြန်မှသာ အတည်ပြုနိုင်ပါလိမ့်မယ်” ဟု ဒီပဲယင်းမြို့နယ်ညီနောင်များက ဆိုသည်။

ကူတော်စခန်းအကုန်နီးပါးပျက်စီးခဲ့ပြီး ၊ ယနေ့နံနက်ပိုင်းတွင်စစ်​ကောင်စီတပ်များထပ်​ရောက်လာကာကူတော်ရွာအတွင်းတပ်စွဲပြီး အိမ်များကို မီးရှို့ ဖျက်ဆီးမှုများပြုလုပ်နေ၍ ဒေသခံများတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

“ ည ၁၂ နာရီစွန်းစွန်းမှာ ပစ်ခတ်သံတွေ စကြားရတယ်။ လက်နက်ကြီးသံတွေပါကြားရပါတယ်။ အဆက်မပြတ် ပစ်ခက်ပြီး တစ်နာရီကျော်ကျော်လောက်မှာရပ်သွားတယ်။ ရွာပတ်ဝန်းကျင်ကိုလည်း ဒရုန်းနဲ့ လှ့ည်နေတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဥ် မှန်ကန်ကြောင်း ဘုတလင် PDFအဖွဲ့က အတည်ပြုခဲ့ပြီး အသေးစိတ်သတင်းထုတ်ပြန်ပေးမည်ဟု လူထုနွေဦးသတင်းဌာနသို့ဖြေကြားသည်။

အိမ်ခြေ ၂၀၀ ခန့်ရှိသော ကူတော်ကျေးရွာမှ ဒေသခံ ထောင်နှင့်ချီ၍ ထွက်ပြေးနေရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာလာပမြို့နယ် ရွှေပေါက္ကံနယ်မြေရဲစခန်းက ရဲတွေကင်းပတ်ဖို့ထွက်လာတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

လားရှိုးမြို့ထဲနဲ့ မြို့အနီးမှာ အာဏာသိမ်းစစ်တပ်ရော၊ MNDAAကပါ စစ်အင်အားတွေထပ်တိုးထားပြီး စစ်ရေးပြင်ဆင်မှုတွေလုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီဟာ တော်လှန်ရေးအားနည်းသွားအောင် ပွဲလမ်းသဘင်တွေကို ဗျူဟာအဖြစ်နဲ့ အသုံးချနေကြောင်း ဝါရင့် ဇာတ်သဘင် မင်းသားကြီး မိုးမင်းက ပြောကြားလိုက်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သံတွဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးကြဲသွားတာကြောင့်နေအိမ် ၉လုံးပျက်စီးပြီး ဒေသခံ၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။

Facebook