Connect with us

Hi, what are you looking for?

News

ရေရှင်ရွာတိုက်ပွဲ စစ်ကောင်စီတပ်မှ ငါးဦးသေဟု က​လေး PDF ထုတ်ပြန်

ဇန်နဝါရီ ၆ ရက်ကလည်း ကလေးမြို့နယ် ချောင်းခွရွာမှတဆင့် ဖလမ်းမြို့နယ် ဝေဘူလမြို့သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သားလေးဦး သေဆုံးထားသည်။

စစ်ကိုင်းတိုင်း ကလေးမြို့ရေရှင်ရွာတိုက်ပွဲ၌ အကြမ်း ဖက်စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးကြောင်း က​လေး PDFက ထုတ်ပြန်သည်။

ကလေးမြို့နယ်တောင်ပိုင်း ကျောက်ပြုတ်ရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၆၀ခန့်ဖြင့် ယနေ့ (ဇန်နဝါရီ ၁၂ ရက်) က အင်းကျွန်းရွာသို့ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ပြီးနောက် ရေရှင်ရွာသို့ ဆက်လက်ဝင်ရောက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု က​လေးPDFက ဆိုသည်။

ယနေ့နံနက် ၇နာရီခွဲခန့်က စတင်ခဲ့သောတိုက်ပွဲမှာ နံနက် ၁၁နာရီခွဲခန့်အထိ ပြင်းထန်စွာဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွက် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူရယူခဲ့သည်။

နေ့လယ်၁နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့က ကျောက်ပြုတ်ရွာဘက်သို့ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

Public Service Announcement

Public Service Announcement

ယနေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သားနှင့် ပျူစောထီးငါးဦးသေဆုံးကာ က​လေး PDF မှ တပ်ဖွဲ့ဝင်နှစ်ဦး လက်နက်ကြီးထိမှန်၍ ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဇန်နဝါရီ ၆ ရက်ကလည်း ကလေးမြို့နယ် ချောင်းခွရွာမှတဆင့် ဖလမ်းမြို့နယ် ဝေဘူလမြို့သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သားလေးဦး သေဆုံးထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။