News မြောင်မြို့နယ် ဒေသကာကွယ်ရေးတပ် မိုင်းအဖွဲ့ စစ်ကောင်စီတပ်တိုက်ပွဲဖြစ်၊ ကျေးရွာ PDFခေါင်းဆောင်အပါအဝင်ငါးဦး ကျဆုံး "စစ်ကြောင်းအလာကို ကြိုစောင့်ပြီး ဆွဲမိုင်းထောင်တဲ့ မိုင်းအဖွဲ့ပေါ့။ သူတို့စောင့်မယ်လုပ်တုန်း စစ်ကြောင်းနဲ့ထိပ်တိုက်တွေ့တဲ့အချိန်မှာ တိုက်ပွဲဖြစ်သွားတာ"ဟု ဒေသအခြေစိုက် တိုက်ခိုက်ရေးခေါင်းဆောင်တစ်ဦးက ပြောသည်။ LuduNwayOoဒီဇင်ဘာ 14, 2021
News မုံရွာ-ဒီပဲယင်း-ရေဦးလမ်းပိုင်းသွားလာခွင့် ပြည်သူကာကွယ်ရေးအဖွဲ့ ကန့်သတ်ထား အထက်ပါလမ်းပိုင်းတွင် ဒီဇင်ဘာ ၁၁ရက်မှ ဒီဇင်ဘာ ၁၇ ရက်အတွင်း အဝေးပြေးခရီးသည်တင်ယာဥ်များနှင့် ကုန်တင်ယာဥ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် ဂဠုန်တပ်တော် (ဒီပဲယင်း)က ပန်ကြားထားသည်။ LuduNwayOoဒီဇင်ဘာ 13, 2021
News ကိုယ်ဝန်ဆောင်သူနာပြုနှင့် အမျိုးသား ပစ်သတ်ခံရမှု ၎င်းတို့လက်ချက်မဟုတ်ကြောင်း မန္တလေး PDFအဖွဲ့များ ထုတ်ပြန် အလားတူ မန္တလေးမြို့ရှိ NGU:FF (မြေခွေးတပ်ဖွဲ့)ကလည်း သူနာပြုဇနီးမောင်နှံပစ်ခတ်ခံရမှုသည် မိမိတို့ NGU:FF (မြေခွေးတပ်ဖွဲ့)နှင့် မဟာမိတ် UGအဖွဲ့များ၏ လက်ချက် လုံးဝမဟုတ်ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။ LuduNwayOoဒီဇင်ဘာ 13, 2021
News အုတ်ဖိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကြို့ပင်ကောက် PDFတို့ တိုက်ပွဲဖြစ် စစ်ကောင်စီတပ်များက ကြို့ကိုးပင်ရွာအတွင်း ဝင်ရောက်သောင်းကျန်းရာတွင် ကြို့ကိုးပင်ရွာသား ကိုသန်းတိုးအောင်၏နေအိမ်အား မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားပြည်သူသုံးဦးကိုလည်း ဖမ်းဆီးထားကြောင်း GBK - PDF တာဝန်ရှိသူက ပြောသည်။ LuduNwayOoဒီဇင်ဘာ 13, 2021
News ရေမြုပ်မိုင်းထိ၍ စစ်ကောင်စီတပ် ရေယာဥ် မဲဒင်ရွာအနီးမှာ နစ်မြုပ် အဆိုပါ တိုက်ခိုက်မှုကို KPDF-1 နှင့် ဒေသတွင်းညီနောင်မဟာမိတ်အဖွဲ့များဖြစ်သည့် KLG PDF နှင့် DRPA အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ကနီPDFက ဆိုသည်။ LuduNwayOoဒီဇင်ဘာ 13, 2021
News တော်လှန်ရေးအရှိန်မြင့်လာချိန် ခက်ခဲကြမ်းတမ်းမှုပိုလာနိုင်သောကြောင့် ပြည်သူများ ကြိုတင်ပြင်ဆင်ကြရန် မင်းကင်း TDPDF အသိပေး "တော်လှန်ရေး အရှိန်မြင့်မားလာသလို ခက်ခဲကြမ်းတမ်းမှုတွေကလည်း ဒီထက်ပိုလာနိုင်ဖွယ်ရှိပါတယ်။ စစ်ကောင်စီတပ်များဟာ စစ်ပွဲမနိုင်လျှင် အဆုံးထိယုတ်မာတတ်တဲ့သဘောရှိတာကို ပြည်သူများလည်း သိရှိပြီးဖြစ်ပါလိမ့်မယ်"ဟု TDPDF-Mingin က ဆိုသည်။ LuduNwayOoဒီဇင်ဘာ 13, 2021
News မန္တလေးတိုင်း PDF တွေထဲက အင်အား ၁၀၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေး ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့သတင်းထုတ်ပြန်ချက်မှာကာကွယ်ဆေး ထိုးနှံတဲ့ဓာတ်ပုံတွေကို ဖော်ပြထားပြီး တတိယအကြိမ်မြောက်ဖြစ်တယ်လို့လည်းဆိုထားပါတယ်။ LuduNwayOoဒီဇင်ဘာ 12, 2021
News ကနီနှင့် မင်းကင်းတွင် စစ်ကောင်စီ၏ စစ်ကြောင်းနှစ်ခုကို မိုင်း ၁၀လုံးဖြင့်တိုက်ခိုက်ခဲ့ဟု KLG-PDF ထုတ်ပြန် ကနီမြို့နယ် ချမ်းသာစုရွာအနီးတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်များက နယ်မြေရှင်းလင်းရေးခေါင်းစဥ်ဖြင့် ကုန်းကြောင်းအတိုင်းတက်လာစဥ် KLG-PDF မှ ထောင် ထားသော တိုက်မိုင်းခြောက်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဒီဇင်ဘာ 12, 2021
News ရေစကြိုနယ်တွင် အကြမ်းဖက်စစ်တပ် ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ခြောက်ဦးသေ တိုက်ပွဲဖြစ်ပွားစဉ်တွင် စစ်ကောင်စီဘက်မှ လက်နက် ကြီး ၆၀(မမ) နှင့် ၄၀(မမ)တို့ အသုံးပြုပစ်ခတ်သည့် အချက်ရေပေါင်း ၁၅ ချက်ခန့်ဖြင့် ထိုးစစ်ဆင်ခဲ့သည့်အပြင် စနိုက်ပါများ အသုံးပြုကာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအား တိုက်ခိုက်ခဲ့သည်။ LuduNwayOoဒီဇင်ဘာ 11, 2021
News ပြည်သူများစားဝတ်နေရေးခက်ခဲနေချိန် စျေးခွန်မကောက်ရန် မြင်းမူ PDFများ သတိပေး "ပြည်သူများ စားဝတ်နေရေး ခက်ခဲနေချိန်တွင် အခွန်မကောက်ရန်နှင့် ဖက်စစ်အာဏာ သိမ်းစစ်တပ်အတွက် ကျည်ဖိုးမဖြစ်စေရန် အခွန်ကောက်ခံခြင်းများ မပြုလုပ်ရန် နောက်ဆုံးအနေဖြင့် အသိပေးတာမြစ်အပ်ပါသည်"ဟု ထုတ်ပြန်ချက်က ဆိုသည်။ LuduNwayOoဒီဇင်ဘာ 11, 2021