Connect with us

Hi, what are you looking for?

News

ဂန့်ဂေါPDF၏ မိုင်းများကြောင့် စစ်ကောင်စီတပ် ၁၅ဦးသေ

ဂန့်ဂေါ PDFက ယနေ့(ဒီဇင်ဘာလ(၂၉) ရက်) နံနက်ပိုင်း တိုက်ခိုက်မှုနှင့် စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို ယ​နေ့ညနေဖက်တွင် ထုတ်ပြန်ခြင်း​ဖြစ်သည်။

(ဂန့်​ဂေါ PDF တပ်ဖွဲ့ဝင်များစစ်ပညာသင်တန်းဆင်းစဥ်)

ကလေးဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီယာဉ်တန်းကို ဂန့်ဂေါပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (ဂန့်​​ဂေါPDF) က ကလေး-ဂန့်ဂေါကားလမ်းပိုင်းမှစောင့်၍ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားက ၁၅ဦးသေဆုံးခဲ့သည်။

ဂန့်ဂေါ PDFက ယနေ့(ဒီဇင်ဘာလ(၂၉) ရက်) နံနက်ပိုင်း တိုက်ခိုက်မှုနှင့် စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို ယ​နေ့ညနေဖက်တွင် ထုတ်ပြန်ခြင်း​ဖြစ်သည်။

PDF-ဂန့်​ဂေါတပ်ခွဲ (၂၁) ဗိုလ်ရွှေကျားအဖွဲ့က ဂန့်ဂေါ-ကလေးလမ်းပိုင်း မိုင်တိုင် (၃၂) ဝန်းကျင်တွင်တစ်ကြိမ်၊PDF-ဂန့်​​ဂေါ တပ်ခွဲ(၇) နွေဦးအဖွဲ့ကမိုင်တိုင်(၃၄) အနီးတွင်တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်က ၁၅ဦးသေဆုံးခဲ့ပြီး ကားတစ်စီးပျက်စီးခဲ့ကြောင်းနှင့် PDFဖက်က ထိခိုက်မှုမရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယောနယ်တွင်ပါဝင်သည့် ဂန့်ဂေါမြို့ကို စစ်ကောင်စီက ဒီဇင်ဘာလလယ်ခန့်တွင် အညိုးတကြီးတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဂန့်ဂေါမြို့ နှမ်းခါးရွာကို လေကြောင်းမှတိုက်ခိုက်ခဲ့ပြီး ရွာကို မီးရှို့ခဲ့ရာ ​ဒေသခံပြည်သူဆယ်ဦးထက်မနည်းသေဆုံးခဲ့သည်။ သေဆုံးသူများ၏ မိသားစုဝင်များအား ထောက်ပံ့ရေးနှင့် မီးလောင်ခဲ့သော အိမ်များအား ပြန်လည်ထူထောင်ရေးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ဝိုင်းဝန်းကူညီပေးနေသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား