Connect with us

Hi, what are you looking for?

News

လေးကေ့ကော်မြို့သစ်အနီးတိုက်ပွဲတွင် PDF ရဲဘော်တစ်ဦး ထပ်မံကျဆုံး

ကိုအာကာအပါအဝင် PDF တပ်ဖွဲ့ဝင်များ ရောက်ရှိနေသည့် လေးကေ့ကော်မြို့သစ် ထီးမယ်ဝါးခီးနှင့် မဲ့ထော်သလေးတို့တွင် ဒီဇင်ဘာ ၂၅ ရက်ကတည်းက စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးရာချီပစ်ခတ်မှုများ ရှိခဲ့သည်။

လေးကေ့ကော်မြို့သစ်နှင့် အနီးဝန်ကျင်ကျေး ရွာများတွင်ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF)ဝင် ရဲဘော်တစ်ဦး ထပ်မံကျဆုံးသွားကြောင်း ကျဆုံးရဲဘော်၏မိတ်ဆွေများက အတည်ပြုသည်။

ကျဆုံးသွားသည့် PDF တပ်ဖွဲ့ဝင်မှာ ကိုအာကာဆိုသူဖြစ်ပြီး ၎င်းနှင့်အတူ အခြားရဲဘော်တစ်ဦးတို့သည် စစ်ကောင်စီတပ်များ၏ မြေပြင်ပစ်ခတ်မှုအတွင်း ပိတ်မိခဲ့ရာမှ ရဲဘော်အာကာ ကျဆုံးခဲ့ခြင်းဖြစ်သည်။

ကိုအာကာအပါအဝင် PDF တပ်ဖွဲ့ဝင်များ ရောက်ရှိနေသည့် လေးကေ့ကော်မြို့သစ် ထီးမယ်ဝါးခီးနှင့် မဲ့ထော်သလေးတို့တွင် ဒီဇင်ဘာ ၂၅ ရက်ကတည်းက စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးရာချီပစ်ခတ်မှုများ ရှိခဲ့သည်။

“ညီလေးရာ မင်းလိုင်းမတက်လို့ ငါစိတ်တွေပူနေတာကွ RIP တွေ ငါတို့မအော်ချင်တော့ဘူး အကိုတာဝန် မကြေးဘူးကွာ”ဟု ကိုအာကာနှင့် တပ်ရင်းတစ်ခုတည်းမှ PDF တပ်ဖွဲ့ဝင်တစ်ဦးက ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ပွဲများအတွင်း ကိုအာကာကျဆုံးမှုကို ၎င်းနှင့်အတူ စစ်ကောင်စီတပ်များနှင့် ထိပ်တိုက် တွေ့ဆုံခဲ့သည့် အခြားရဲဘော်တစ်ဦး အသက်မသေဘဲ ထွက်ပြေးလွတ်မြောက်လာရာမှ အတည်ပြုချက် ရရှိခဲ့ခြင်းဖြစ်သည်။

လေးကေ့ကော်မြို့သစ်အနီးဝန်းကျင်ရှိ ထီးမယ်ဝါးခီးနှင့် မဲ့ထော်သလေးတိုက်ပွဲများအတွင်း ဒီဇင်ဘာ ၂၅ ရက်တိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင် သုံးဦးကျဆုံးခဲ့သည်။

ယခုထပ်မံကျဆုံးကြောင်း အတည်ပြုချက်ရရှိသည့် ကိုအာကာမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်ရှိ အစုအဖွဲ့တစ်ခုမှ PDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကာ စနိုက်ပါသမားတစ်ဦးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။