Connect with us

Hi, what are you looking for?

LuduNwayOo

News

လေးကေ့ကော်မြို့သစ်အနီးတိုက်ပွဲတွင် PDF ရဲဘော်တစ်ဦး ထပ်မံကျဆုံး

ကိုအာကာအပါအဝင် PDF တပ်ဖွဲ့ဝင်များ ရောက်ရှိနေသည့် လေးကေ့ကော်မြို့သစ် ထီးမယ်ဝါးခီးနှင့် မဲ့ထော်သလေးတို့တွင် ဒီဇင်ဘာ ၂၅ ရက်ကတည်းက စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးရာချီပစ်ခတ်မှုများ ရှိခဲ့သည်။

လေးကေ့ကော်မြို့သစ်နှင့် အနီးဝန်ကျင်ကျေး ရွာများတွင်ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF)ဝင် ရဲဘော်တစ်ဦး ထပ်မံကျဆုံးသွားကြောင်း ကျဆုံးရဲဘော်၏မိတ်ဆွေများက အတည်ပြုသည်။

ကျဆုံးသွားသည့် PDF တပ်ဖွဲ့ဝင်မှာ ကိုအာကာဆိုသူဖြစ်ပြီး ၎င်းနှင့်အတူ အခြားရဲဘော်တစ်ဦးတို့သည် စစ်ကောင်စီတပ်များ၏ မြေပြင်ပစ်ခတ်မှုအတွင်း ပိတ်မိခဲ့ရာမှ ရဲဘော်အာကာ ကျဆုံးခဲ့ခြင်းဖြစ်သည်။

ကိုအာကာအပါအဝင် PDF တပ်ဖွဲ့ဝင်များ ရောက်ရှိနေသည့် လေးကေ့ကော်မြို့သစ် ထီးမယ်ဝါးခီးနှင့် မဲ့ထော်သလေးတို့တွင် ဒီဇင်ဘာ ၂၅ ရက်ကတည်းက စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးရာချီပစ်ခတ်မှုများ ရှိခဲ့သည်။

“ညီလေးရာ မင်းလိုင်းမတက်လို့ ငါစိတ်တွေပူနေတာကွ RIP တွေ ငါတို့မအော်ချင်တော့ဘူး အကိုတာဝန် မကြေးဘူးကွာ”ဟု ကိုအာကာနှင့် တပ်ရင်းတစ်ခုတည်းမှ PDF တပ်ဖွဲ့ဝင်တစ်ဦးက ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ပွဲများအတွင်း ကိုအာကာကျဆုံးမှုကို ၎င်းနှင့်အတူ စစ်ကောင်စီတပ်များနှင့် ထိပ်တိုက် တွေ့ဆုံခဲ့သည့် အခြားရဲဘော်တစ်ဦး အသက်မသေဘဲ ထွက်ပြေးလွတ်မြောက်လာရာမှ အတည်ပြုချက် ရရှိခဲ့ခြင်းဖြစ်သည်။

လေးကေ့ကော်မြို့သစ်အနီးဝန်းကျင်ရှိ ထီးမယ်ဝါးခီးနှင့် မဲ့ထော်သလေးတိုက်ပွဲများအတွင်း ဒီဇင်ဘာ ၂၅ ရက်တိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင် သုံးဦးကျဆုံးခဲ့သည်။

ယခုထပ်မံကျဆုံးကြောင်း အတည်ပြုချက်ရရှိသည့် ကိုအာကာမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်ရှိ အစုအဖွဲ့တစ်ခုမှ PDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကာ စနိုက်ပါသမားတစ်ဦးသည်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။