Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီအယောက်၂၀ကျ၍ EAO နှင့် PDF တစ်ယောက် ကျဆုံးလျှင်ပင်လက်မခံနိုင်၊ ပြည်သူ့အသက်တန်ဖိုးရှိသဖြင့် အကျအဆုံးပိုနည်း​အောင် စနစ်တကျစီမံပေးရန် NUG ဝန်ကြီးချုပ်တိုက်တွန်း

PDF များသည် လေ့ကျင့်ချိန် ၇ လခန့်သာ ရရှိခဲ့သည့်တိုင် တိုင်းရင်းသားလက်နက်ကိုင်များ၏ ကူညီပံ့ပိုးမှု၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် နှစ် ၇၀ သက်တမ်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရည်တိုးတက်လာခြင်းကို နေ့စဉ် အကြမ်းဖက်စစ်ကောင်စီများ၏ ကျ ဆုံးစာရင်းက သက်သေခံနေကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ပြည်သူများ၏အသက်မှာတန်ဖိုးရှိသည့်အတွက် စစ်​ကောင်စီဘက်မှ ​သေဆုံးမှုများ​နေ​သော်လည်း မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်(EAO)များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ အကျ အဆုံးနည်းပါးစေရေး စနစ်တကျစီမံပေးရန် ကာကွယ်ရေးဝန်ကြီးဌာနကို NUG ပြည်ထောင်စုဝန် ကြီးချုပ်က တိုက်တွန်းလိုက်သည်။

“အကြမ်းဖက်စစ်ကောင်စီ အယောက်၂၀ကျလို့ ကျနော်တို့ရဲ့တိုင်းရင်းသား EAO တွေ၊ PDF တွေတယောက် ကျဆုံးတာမျိုးမခံနိုင်ကြောင်း၊ ကျနော်တို့ပြည်သူတွေရဲ့ အသက်ဟာအင်မတန်တန်ဖိုးရှိကြောင်း၊ ဒါ့ကြောင့်တော်လှန်ရေးကို အတူတကွဆင်နွှဲနေတဲ့ ကျနော်တို့ရဲ့ မဟာမိတ် EAO တွေ PDF တွေအကျအဆုံးနဲအောင်ကာကွယ်ရေးဝန်ကြီးဌာနမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ခေါင်းဆောင်များနှင့် အတူတကွညှိနှိုင်း၍ စနစ်တကျစီမံပေးဖို့တိုက်တွန်းလိုပါကြောင်း” ဟု ပြည်​ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက​ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၈ရက်)ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တော်လှန်ရေးကို အတူတကွဆင်နွှဲနေသည့် မဟာမိတ် EAO များ၊ PDF များ အကျအဆုံးနည်းအောင် ကာကွယ်ရေးဝန်ကြီးဌာနက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် အတူတကွ ညှိနှိုင်းကာ စနစ်တကျစီမံပေးရန် တိုက် တွန်းခဲ့ခြင်းဖြစ်သည်။

PDF များသည် လေ့ကျင့်ချိန် ၇ လခန့်သာ ရရှိခဲ့သည့်တိုင် တိုင်းရင်းသားလက်နက်ကိုင်များ၏ ကူညီပံ့ပိုးမှု၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် နှစ် ၇၀ သက်တမ်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရည်တိုးတက်လာခြင်းကို နေ့စဉ် အကြမ်းဖက်စစ်ကောင်စီများ၏ ကျ ဆုံးစာရင်းက သက်သေခံနေကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူများအပေါ် ယခုလို ရက်စက်ကြမ်းကြုတ်မှုများကို ပိုမိုထိရောက်သည့် နည်းလမ်းများဖြင့် ကူညီပံ့ပိုးပေးရန်တောင်း တောင်းဆိုလိုကြောင်းလည်း ဝန်ကြီးချုပ်က NUG အစိုးရအဖွဲ့အစည်းအဝေး၌ ပြောသည်။

NUG ယာယီသမ္မတဒူဝါလရှီးလကလည်း လာမည့် ၂၀၂၂ နှစ်သစ်တွင် ပြည်သူများအားလုံး အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူ စစ်ကောင်စီ၏ ဆိုးယုတ်ဖျက်ဆီးမှုများကို အပြီးသတ်ချုပ်ငြိမ်း စေပြီး သာယာ၀ပြောသည့် ပြည်သူလူထုအာဏာပိုင်စိုးသော ဖက်ဒရယ်ပြည်ထောင်စုကို အမြန် တည်ဆောက်ရန် ဆန္ဒပြုတိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။