Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအယောက်၂၀ကျ၍ EAO နှင့် PDF တစ်ယောက် ကျဆုံးလျှင်ပင်လက်မခံနိုင်၊ ပြည်သူ့အသက်တန်ဖိုးရှိသဖြင့် အကျအဆုံးပိုနည်း​အောင် စနစ်တကျစီမံပေးရန် NUG ဝန်ကြီးချုပ်တိုက်တွန်း

PDF များသည် လေ့ကျင့်ချိန် ၇ လခန့်သာ ရရှိခဲ့သည့်တိုင် တိုင်းရင်းသားလက်နက်ကိုင်များ၏ ကူညီပံ့ပိုးမှု၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် နှစ် ၇၀ သက်တမ်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရည်တိုးတက်လာခြင်းကို နေ့စဉ် အကြမ်းဖက်စစ်ကောင်စီများ၏ ကျ ဆုံးစာရင်းက သက်သေခံနေကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ပြည်သူများ၏အသက်မှာတန်ဖိုးရှိသည့်အတွက် စစ်​ကောင်စီဘက်မှ ​သေဆုံးမှုများ​နေ​သော်လည်း မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်(EAO)များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ အကျ အဆုံးနည်းပါးစေရေး စနစ်တကျစီမံပေးရန် ကာကွယ်ရေးဝန်ကြီးဌာနကို NUG ပြည်ထောင်စုဝန် ကြီးချုပ်က တိုက်တွန်းလိုက်သည်။

“အကြမ်းဖက်စစ်ကောင်စီ အယောက်၂၀ကျလို့ ကျနော်တို့ရဲ့တိုင်းရင်းသား EAO တွေ၊ PDF တွေတယောက် ကျဆုံးတာမျိုးမခံနိုင်ကြောင်း၊ ကျနော်တို့ပြည်သူတွေရဲ့ အသက်ဟာအင်မတန်တန်ဖိုးရှိကြောင်း၊ ဒါ့ကြောင့်တော်လှန်ရေးကို အတူတကွဆင်နွှဲနေတဲ့ ကျနော်တို့ရဲ့ မဟာမိတ် EAO တွေ PDF တွေအကျအဆုံးနဲအောင်ကာကွယ်ရေးဝန်ကြီးဌာနမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ခေါင်းဆောင်များနှင့် အတူတကွညှိနှိုင်း၍ စနစ်တကျစီမံပေးဖို့တိုက်တွန်းလိုပါကြောင်း” ဟု ပြည်​ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက​ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၈ရက်)ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တော်လှန်ရေးကို အတူတကွဆင်နွှဲနေသည့် မဟာမိတ် EAO များ၊ PDF များ အကျအဆုံးနည်းအောင် ကာကွယ်ရေးဝန်ကြီးဌာနက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် အတူတကွ ညှိနှိုင်းကာ စနစ်တကျစီမံပေးရန် တိုက် တွန်းခဲ့ခြင်းဖြစ်သည်။

PDF များသည် လေ့ကျင့်ချိန် ၇ လခန့်သာ ရရှိခဲ့သည့်တိုင် တိုင်းရင်းသားလက်နက်ကိုင်များ၏ ကူညီပံ့ပိုးမှု၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် နှစ် ၇၀ သက်တမ်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရည်တိုးတက်လာခြင်းကို နေ့စဉ် အကြမ်းဖက်စစ်ကောင်စီများ၏ ကျ ဆုံးစာရင်းက သက်သေခံနေကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူများအပေါ် ယခုလို ရက်စက်ကြမ်းကြုတ်မှုများကို ပိုမိုထိရောက်သည့် နည်းလမ်းများဖြင့် ကူညီပံ့ပိုးပေးရန်တောင်း တောင်းဆိုလိုကြောင်းလည်း ဝန်ကြီးချုပ်က NUG အစိုးရအဖွဲ့အစည်းအဝေး၌ ပြောသည်။

NUG ယာယီသမ္မတဒူဝါလရှီးလကလည်း လာမည့် ၂၀၂၂ နှစ်သစ်တွင် ပြည်သူများအားလုံး အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူ စစ်ကောင်စီ၏ ဆိုးယုတ်ဖျက်ဆီးမှုများကို အပြီးသတ်ချုပ်ငြိမ်း စေပြီး သာယာ၀ပြောသည့် ပြည်သူလူထုအာဏာပိုင်စိုးသော ဖက်ဒရယ်ပြည်ထောင်စုကို အမြန် တည်ဆောက်ရန် ဆန္ဒပြုတိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။