သတင်း PDFစစ်ဆေးရေးဂိတ်ကိုလာတိုက်သောစစ်တပ်နှင့်ရှမ်းနီတပ်ပူးပေါင်းစစ်ကြောင်းတန်ပြန်တိုက်ခိုက်ခံရပြီးစစ်ကြောင်းမှူးအပါအဝင် ၁၀ ဦးသေ ဇန်နဝါရီလ ၅ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီအဖွဲ့မှ စစ်ကြောင်းမှုးအပါအဝင် ရှစ်ဦး၊ ဇန်နဝါရီ ၆ရက် တိုက်ပွဲတွင် စစ်ကောင်စီဘက်ကနှစ်ဦး၊ စုစုပေါင်း ဆယ်ဦးသေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။ LuduNwayOoဇန်နဝါရီ 8, 2023
သတင်း ရွှေဘိုနယ် ရွာသာရွာမှကင်းလှည့်ထွက်လာသော စစ်အုပ်စုကို PDF နှစ်ဖွဲ့ တိုက်ခိုက် အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားပြီးနောက် ကျည်မလုံလောက်မှု၊ စစ်ကောင်စီတပ်၏ အင်အားအများအပြားဖြင့် ဝိုင်းပစ်ခတ်မှုကြောင့် သေဆုံးစစ်ကောင်စီတပ်သားများထံမှ လက်နက်ကောက်ယူနိုင်ခဲ့ခြင်း မရှိကြောင်း Black Wolf PDF အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။ LuduNwayOoဇန်နဝါရီ 7, 2023
သတင်း ပွင့်ဖြူမြို့နယ် မဲဇလီရဲစခန်းကို PDFက ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ရာ ရဲ နှစ်ဦးထိခိုက်ဟု ဒေသခံပြော အဆိုပါတိုက်ခိုက်မှုကို ချက်ချင်းသတင်းမထုတ် ပြန်ခဲ့ခြင်းမှာ တာဝန်ယူဆောင်ရွက်ခဲ့သည့် PDF ရဲဘော်များ၏ လုံခြုံရေးကြောင့်ဖြစ်ပြီး လက်ရှိတွင်ဘေးကင်းရာသို့ ရောက်ရှိပြီဟု ဒေသခံက ပြောသည်။ LuduNwayOoဇန်နဝါရီ 2, 2023
သတင်း ရေစကြိုတွင် စစ်အုပ်စုတပ်စွဲရာနေရာကို PDFများ တိုက်ခိုက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူအမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger (MBT) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ LuduNwayOoဇန်နဝါရီ 2, 2023
သတင်း တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု ခုနစ်ဦးသေဟုဆို ယမန်နေ့ညဦးပိုင်းက စစ်ကောင်စီအမြှောက်တပ် (၃၀၆)တပ်ရင်းမှ စစ်ကောင်စီတပ်သားများ အရက်ဝယ်ထွက်လာစဥ် ကဒဲလိပ်ကျေးရွာအနီး လမ်းပိုင်းတစ်နေရာ၌ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ လေးဦးသေဆုံးသည်ဟု ဒေသခံများက ဆိုသည်။ LuduNwayOoဇန်နဝါရီ 1, 2023
သတင်း ခရမ်းမြို့နယ်တွင် ဆိုင်ကယ်စီးခွင့်ပိတ်ပင်ထား၍ ပြည်သူများသွားလာရေးခက်ခဲကာ စားဝတ်နေရေး ကြပ်တည်းလာဟု PDF ပြော ဒေသခံများထံမှ စုံစမ်းသိရှိရမှုများအရ ဆိုင်ကယ်ဘေး တွဲတစ်စီး တပ်ဆင်မည်ဆိုလျှင် အနည်းဆုံးကျပ်သုံးသိန်းမှ ကျပ်ငါးသိန်းအတွင်းကုန်ကျနိုင်ပြီး ထိုကုန်ကျစရိတ်အား တတ်နိုင်သည်ဆိုလျှင်ပင် ဆိုင်ကယ်ဘေးတွဲများမှာ အကန့်အသတ်ဖြင့်သာ အသုံးပြူနိုင်သည်ဟု သိရသည်။ LuduNwayOoဇန်နဝါရီ 1, 2023
သတင်း ပုလောမြို့နယ်တွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု ထိခိုက်မှုများ၊ PDF ရဲဘော်နှစ်ဦး ထိခိုက် လက်ရှိတွင် တိုက်ပွဲများဆက်ဖြစ်နေသောကြောင့် မြိတ် - ပုလောလမ်း(ပြည်ထောင်စုလမ်းမကြီး) အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ LuduNwayOoဒီဇင်ဘာ 31, 2022
သတင်း တောင်ခမောက်တောင်တွင် စစ်ကောင်စီတပ်စွဲထား၍ ထိုအနီးတဝိုက်ရှိလမ်းပိုင်း သုံးခုအား လာခြင်းမပြုရန် PDFသတိပေး ယနေ့(ဒီဇင်ဘာ ၃၁ရက်) နံနက်၂နာရီ ၅၀ မိနစ်မှစ၍ မုံရွာမြို့နယ်အတွင်းရှိ မုံရွာ - ချောင်းဦးလမ်းပိုင်း၊ မြေနဲ - ဗောဓိတစ်ထောင်လမ်းပိုင်း၊ မုံရွေး - ရွှေမြင်တင်လမ်းပိုင်းတို့အား လမ်းအသုံးပြုခွင့် ယာယီပိတ်ထားကြောင်း ဒေသတွင်း PDF အဖွဲ့များက အသိပေးသည်။ LuduNwayOoဒီဇင်ဘာ 31, 2022
သတင်း အင်းတော်တွင် စျေးရောင်းသည့် အမျိုးသမီး လေးဦးကို PDF ထောက်ပံ့သည်ဟုစွပ်စွဲကာ စစ်ကောင်စီ ဖမ်းဆီး အဆိုပါ အမျိုးသမီး လေးဦးအား PDFများကို ထောက်ပံ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားသည့် ဓာတ်ပုံများကို စစ်ကောင်စီ၏ ဝါဒဖြန့် Fifty Two Telegram Channelက ဖော်ပြထားသည်။ LuduNwayOoဒီဇင်ဘာ 29, 2022
သတင်း ဝေဒီရွာမင်္ဂလာဆောင်ပေါက်ကွဲမှု စစ်အုပ်စုလက်ချက် ဟု လောင်းလုံး PDF ပြော ဝေဒီကျေးရွာတွင် မင်္ဂလာဆောင်နှစ်ခုရှိပြီး ရွာအရှေ့ပိုင်းရှိ မင်္ဂလာဆောင်၌ ယနေ့နံနက် ၈နာရီက ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ LuduNwayOoဒီဇင်ဘာ 29, 2022