Connect with us

Hi, what are you looking for?

သတင်း

ခရမ်းမြို့နယ်တွင် ဆိုင်ကယ်စီးခွင့်ပိတ်ပင်ထား၍ ပြည်သူများသွားလာရေးခက်ခဲကာ စားဝတ်နေရေး ကြပ်တည်းလာဟု PDF ပြော

ဒေသခံများထံမှ စုံစမ်းသိရှိရမှုများအရ ဆိုင်ကယ်ဘေး တွဲတစ်စီး တပ်ဆင်မည်ဆိုလျှင် အနည်းဆုံးကျပ်သုံးသိန်းမှ ကျပ်ငါးသိန်းအတွင်းကုန်ကျနိုင်ပြီး ထိုကုန်ကျစရိတ်အား တတ်နိုင်သည်ဆိုလျှင်ပင် ဆိုင်ကယ်ဘေးတွဲများမှာ အကန့်အသတ်ဖြင့်သာ အသုံးပြူနိုင်သည်ဟု သိရသည်။

(ဆိုင်ကယ်စီးနင်းခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်သောကြောင့် ခရမ်းမြို့နယ်တွင် ဘေးတွဲဆိုင်ကယ်များသာ အသုံးပြုလာရသည်။ ဓာတ်ပုံ - CJ)
(ဆိုင်ကယ်စီးနင်းခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်သောကြောင့် ခရမ်းမြို့နယ်တွင် ဘေးတွဲဆိုင်ကယ်များသာ အသုံးပြုလာရသည်။ ဓာတ်ပုံ - CJ)

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်ထားသော ပြည်သူများ သွားလာရေးနှင့် ရောင်းဝယ် ရေးများအခက်အခဲဖြစ်ကာ စားဝတ်နေရေးပါ ကြပ်တည်းလာနေသည်ဟု PDF ခရမ်းက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက မတရားသော ၊ အသိဉာဏ်ကင်းမဲ့သော အမိန့်အာဏာတို့ဖြင့် မြို့နယ် တွင်းဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားသည့်အတွက် ဆိုင်ကယ်ကိုသာ အဓိကအားထားအသုံးပြုသောနယ်မြို့၏ မြို့နေပြည်သူလူထုများစွာ အခက်တွေ့ရသည်ဟု ဆိုသည်။

“ပြည်သူတွေက ကျနော်တို့ page ကနေ ပြည်သူ့အ ခက်အခဲတွေကို တိုင်ကြားထားတာတွေရှိပါတယ်ခင်ဗျာ။ပထမဆုံး အခက်အခဲကတော့ ဆိုင်ကယ်စီးမရတဲ့ပြသနာပေါ့”ဟု PDF ခရမ်းမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီက ဆိုင်ကယ်စီးခွင့်ပိတ်ပင်၍ ဘေးတွဲဆိုင်ကယ်များသာ စီးနင်းခွင့်ပြုထားရာ လက်လုပ်လက်စားနှင့် အခြေခံလူတန်းစားများအဖို့ စားဝတ်နေရေးကို အနိုင်နိုင်ဖြေရှင်းနေရသောကြောင့် အပိုကုန်ကျမည့် ဆိုင်ကယ် ဘေးတွဲတတ်ဆင်မှုအား လုပ်ဆောင်နိုင်သူနည်း ပါးကြောင်း ၎င်းရဲဘော်က ဆိုသည်။

Public Service Announcement

Public Service Announcement

ဒေသခံများထံမှ စုံစမ်းသိရှိရမှုများအရ ဆိုင်ကယ်ဘေး တွဲတစ်စီး တပ်ဆင်မည်ဆိုလျှင် အနည်းဆုံးကျပ်သုံးသိန်းမှ ကျပ်ငါးသိန်းအတွင်းကုန်ကျနိုင်ပြီး ထိုကုန်ကျစရိတ်အား တတ်နိုင်သည်ဆိုလျှင်ပင် ဆိုင်ကယ်ဘေးတွဲများမှာ အကန့်အသတ်ဖြင့်သာ အသုံးပြူနိုင်သည်ဟု သိရသည်။

ထို့ကြောင့် ဘေးတွဲတပ်ဆင်ရန် ငွေကြေးမတတ်နိုင်သူများက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် များကိုရှောင်ကွင်း၍ သွားလာကြာရာ စစ်ကောင်စီထောက်တိုင် သတင်းပေးဒလန်များက လမ်းကြောင်းများအား သတင်းပေးတိုင်ကြားမှုများရှိနေကြောင်းလည်း PDFက ထောက်ပြသည်။

“ထိုသို့ သတင်းပေးတိုင်ကြား၍ စစ်ခွေးမျက်နာလိုမျက်နာရ လုပ်ဆောင်နေသော လူတစ်စုကို အရေးယူတုန့်ပြန်သွားမည်ဖြစ်ကြောင်း သတိပေးလိုက်သည်”ဟု PDF က အသိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်တိုင်း၊ ခရမ်းမြို့ပေါ်တွင် ဆိုင်ကယ်စီးခွင့်အား ပိတ်ပက်တားမြစ်လိုက်ကြောင်း ပြီးခဲ့သည့်နှစ် ၂၀၂၂အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီး မြို့ပေါ်နှင့် ကျေးရွာအုပ်စု (၅၃)စုအတွင်း ဆိုင်ကယ်စီးခွင့်ပိတ်ပင်ခြင်းကို နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။