Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝေဒီရွာမင်္ဂလာဆောင်ပေါက်ကွဲမှု စစ်အုပ်စုလက်ချက် ဟု လောင်းလုံး PDF ပြော

ဝေဒီကျေးရွာတွင် မင်္ဂလာဆောင်နှစ်ခုရှိပြီး ရွာအရှေ့ပိုင်းရှိ မင်္ဂလာဆောင်၌ ယနေ့နံနက် ၈နာရီက ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(ဝေဒီရွာမင်္ဂလာဆောင်ပေါက်ကွဲမှုဖြစ်ပြီးနောက် မြင်တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ဝေဒီရွာမင်္ဂလာဆောင်ပေါက်ကွဲမှုဖြစ်ပြီးနောက် မြင်တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

▪️တော်လှန်ရေးပုံဖျက်သည့်အနေဖြင့် စစ်ကောင်စီက လူစည်ကားရာနေရာများ ဖောက်ခွဲမှုပြုလုပ်နိုင် သောကြောင့် အဆိုပါနေရာများမသွားကြရန် မြို့ပြပြောက်ကျားအဖွဲ့များ သတိပေး

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ဝေဒီကျေးရွာ မင်္ဂလာဆောင်တွင် ပေါက်ကွဲဖြစ်ပွားခဲ့ရာ စစ်အုပ်စုက PDF များအား သွေးခွဲရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်းလောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က အသိပေးထုတ်ပြန်သည်။

PDFများက ပွဲလမ်းသဘင်များ မလုပ်ဆောင်ရန် မေတ္တာရပ်ခံတောင်းဆိုထားမှုကို အခွင့်ကောင်း ယူပြီး ပြည်သူလူထုနှင့် PDFများအား သွေးခွဲခြင်းဖြစ်သည်ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တာဝန်ရှိသူက ပြောသည်။

“သူတိုတွေက အဲရွာမှာ မင်္ဂလာတစ်ပွဲလုပ်ရင် နှစ်သိန်းတောင်းပါတယ်။ အခုက ပေးလား၊ မပေးလားတော့ တိကျမသိရသေးဘူး။ ပွဲကိုဖောက်ခွဲပြီး PDFက လုပ်တယ်အထင်ခံရအောင် လုပ်တာပါ”ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

တော်လှန်ရေးကြာသည်နှင့်အမျှ စစ်အုပ်စုက ပြည်သူနှင့် PDFကို သွေးခွဲရန် ကြံစည်နေခြင်းကြောင့် ပိုမိုသတိထားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ဝေဒီကျေးရွာတွင် မင်္ဂလာဆောင်နှစ်ခုရှိပြီး ရွာအရှေ့ပိုင်းရှိ မင်္ဂလာဆောင်၌ ယနေ့နံနက် ၈နာရီက ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မနက်ပိုင်းမှာ နှစ်ခါပေါက်တာပါ။ ပျူစောထီးတွေက PDFတွေကို နာမည်ဖျက်ချင်လို့လုပ်တာလိုလဲပြောတယ်။လူနာတင်ကားတွေနဲ့ ထိတဲ့သူတွေကို သယ်သွားတာတွေ့ရတယ်”ဟု လောင်းလုံးမြို့ခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုကြောင့် ပြည်သူ ၁၆ ဦးထက်မနည်းထိခိုက်ခဲ့ပြီး အပြင်းအထန်ဒဏ်ရာရရှိသူ သုံးဦးရှိသည်ဟု မျက်မြင်သက်များက ပြောသည်။ ထိခိုက်ဒဏ်ရာရရှိသူများအား လူနာတင်ယာဥ် သုံး စီးဖြင့် သယ်ဆောင်သွားသည်ဟု ၎င်းတို့က ဆိုသည်။

“တတ်နိုင်သလောက် လူစည်ကားတဲ့အရပ်တွေ ပွဲလမ်းတွေ မလုပ်ရန်ပဲ မေတ္တာရပ်ခံပါတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မေတ္တာရပ်ခံထားသည်။

ဒီဇင်ဘာ ၁၈ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ ပန်းဆိုးတန်းမှ ဒလမြို့နယ်ဘက်သို့ ကူးသန်းပြေးဆွဲသည့် ချယ်ရီကူးတို့ သင်္ဘောပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ပြည်သူ ၁၇ဦး ထိထိုက်ဒဏ်ရာရခဲ့သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရခဲ့သည့် အရပ်သား ပြည်သူလူထုအတွက် ဝမ်းနည်းကြေကွဲစိတ်ထိခိုက်ရပြီး အဆိုပါ အကြမ်းဖက်လုပ်ရပ်မှာ ၎င်းတို့နှင့်လုံးဝ(လုံးဝ) သက်ဆိုင်ခြင်းမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားသည်။

ထို့အပြင် ဒီဇင်ဘာ၂၃ရက်ညကလည်း တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်အတွင်းရှိ နှစ်ကျိပ်ရှစ်ဆူပွဲဈေးပြုလုပ်နေသည့် ညဈေးတန်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူထိခိုက်မှု ရှိခဲ့သည်။

ထို့ကြောင့် နွေဦးတော်လှန်ရေးကိုပုံဖျက်သည့်အနေဖြင့် အကြမ်းဖက်စစ်ကောင်စီက လူစည်ကားရာနေရာများ၌ ဖောက်ခွဲမှုများပြုလုပ်နိုင်သောကြောင့် ပြည်သူများအနေဖြင့် အဆိုပါနေရာများကိုမသွားကြရန် မြို့ပြပြောက်ကျားအဖွဲ့များက သတိပေးတောင်းဆိုသည်။

“ဒီလိုကာလတွေမှာ ပျော်ချင်ရင် ပျော်လို့ရပါတယ်။ ဒါပေမယ့် အလွန်အကျွံမပျော်ဖို့တော့ အကြံပေးချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူစုလူဝေးအရမ်းများနေတဲ့နေရာမျိုးတွေကိုမသွားစေချင်ဘူး။ ကျွန်တော်တို့ဘက်ကတော့ ပြည်သူဆိုတော့ လုပ်မှာမဟုတ်ဘူး။ ဒါပေမယ့် စစ်ခွေးတွေကတော့ပြောလို့မရဘူး ။ သတ်ကွင်းဖြစ်သွားနိုင်တယ်”ဟု ရန်ကုန်မြို့အခြေစိုက် Freeland Attack Force(FTA)မှ တာဝန်ရှိသူက အကြံပြုသည်။

ပြည်သူများရှိသည့်နေရာဖြစ်သောကြောင့် ပေါက်ကွဲမှုလုပ်ဆောင်သူများသည် အကြမ်းဖက်စစ်ကောင်စီအုပ်စုပင်ဖြစ်ကြောင်း ပြည်သူများက ယုံကြည်ထားသည်။

“အခုကာလက အကြမ်းဖက်စစ်တပ်က လူငယ်တွေ၊ တိုင်းရင်းသားပြည်သူတွေ၊ အရပ်သားပြည်သူတွေကို တရားဥပဒေမဲ့ ဖမ်းဆီးပြီး အကြမ်းဖက်သတ်ဖြတ်နေတဲ့ အချိန်ဖြစ်တယ်။ဒါ့အပြင် လေယာဉ်နဲ့အရပ်သားပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက် နေတဲ့လုပ်ရပ်တွေလည်းအများကြီးလုပ်ထားတယ်။မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတို့ စစ်ကိုင်းတို့ဘက်မှာဆိုရင် စစ်တပ်ကနေ့စဉ် ရက်ဆက်အနည်းဆုံးနှစ်ရွာသုံးရွာကို မီးတင်ရှို့နေတဲ့ အချိန်ကာလဖြစ်တယ်”ဟု စမ်းချောင်း PDF မှ ရဲဘော်ပီတာက ပြောသည်။

၎င်းကဆက်လက်၍”နောက်ထပ်စိုးရိမ်စရာကောင်းတာက အကြမ်းဖက်စစ်တပ်ကအရပ်သားပြည်သူတွေ လူစုလူဝေးရှိတဲ့နေရာတွေကိုပစ်မှတ်ထားပြီး ဗုံးထောင်ဖောက်ခွဲဖို့ ကြိုးပမ်းလာတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကဒီလုပ်ရပ်တွေကို PDF တွေလုပ်တယ်ဆိုပြီး လွှဲချချင်တယ်။ လုပ်ဇာတ်ခင်းချင်တယ်။ တော်လှန်ရေးကို ပုံဖျက်ဖို့စစ်တပ်က နည်းမျိုးစုံနဲ့ကြိုးစားနေတယ်”ဟု ပြောသည်။

ထို့ကြောင့် ယခုကာလတွင် လူစုလူဝေးဖြင့် ပြုလုပ်သည့်ပွဲများသည် အန္တရာယ်များသည့်နေရာဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ခြင်းမပြုရန် ၎င်းက မေတ္တာရပ်ခံသည်။

လက်ရှိကာလတွင် ခရစ္စမတ် ၊ နှစ်သစ်ကူး ၊ လွတ်လပ်ရေးစသည့် အမှတ်တရဖြင့် ပွဲတော်များပြုလုပ်လျက်ရှိသော်လည်း ယခုကာလကို အိမ်၌သာ မိသားစုနှင့်အတူ ဖြတ်သန်းရန် ၎င်းကအကြံပြုသည်။

စမ်းချောင်းမြို့နယ်အတွင်း၌ နေရာနှစ်နေရာတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဘောလုံးပြိုင်ပွဲများပြုလုပ်ရန် စီစဉ်ခဲ့သောကြောင့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းအနေဖြင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့ရာ ယင်းပွဲနှစ်ခုလုံးဖျက်သိမ်းပေးခဲ့ကြောင်း ရဲဘော်ပီတာကပြောသည်။

“အထူးသတိပေးချင်တာမရှိပါဘူး။UG တွေပြောနေကြစကားကတော့ မသာအိမ်ပေမဲ့ ဖဲနိင်တဲ့သူက ပျော်မှာပဲလေ။ပြောလို့လဲမရပါဘူး။ တလရ နှစ်နှစ်ပြည့်တော့မယ်။ ခုထိ လိုက်မှမနာကြတာ”ဟု Generation Y Guerrilla GY G တာဝန်ခံ G Toneက ပြောသည်။

စစ်ကောင်စီအနေဖြင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေသည့်ပုံစံပြသလိုသောကြောင့် အထိမ်းအမှတ်နေ့များတွင် ဈေးရောင်းပွဲတော်များကို ပြုလုပ်လျက်ရှိသော်လည်း ၎င်းတို့ ထောက်ခံသူများသာ လာရောက်ပျော်ပါးသည်ကိုတွေ့ရှိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။