Connect with us

Hi, what are you looking for?

သတင်း

တောင်ခမောက်တောင်တွင် စစ်ကောင်စီတပ်စွဲထား၍ ထိုအနီးတဝိုက်ရှိလမ်းပိုင်း သုံးခုအား လာခြင်းမပြုရန် PDFသတိပေး

ယနေ့(ဒီဇင်ဘာ ၃၁ရက်) နံနက်၂နာရီ ၅၀ မိနစ်မှစ၍ မုံရွာမြို့နယ်အတွင်းရှိ မုံရွာ – ချောင်းဦးလမ်းပိုင်း၊ မြေနဲ – ဗောဓိတစ်ထောင်လမ်းပိုင်း၊ မုံရွေး – ရွှေမြင်တင်လမ်းပိုင်းတို့အား လမ်းအသုံးပြုခွင့် ယာယီပိတ်ထားကြောင်း ဒေသတွင်း PDF အဖွဲ့များက အသိပေးသည်။

(စစ်ကောင်စီတပ်သားများ နေရာယူထားသည့် ဗောဓိတစ်ထောင်တောင်ကြောရှိ တောင်ခမောက်တောင်၊ ဓာတ်ပုံ - မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး)
(စစ်ကောင်စီတပ်သားများ နေရာယူထားသည့် ဗောဓိတစ်ထောင်တောင်ကြောရှိ တောင်ခမောက်တောင်၊ ဓာတ်ပုံ - မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဗောဓိတစ်ထောင်တောင်ကြောရှိ တောင်ခမောက်တောင်တွင် စစ်ကောင်စီတပ်သားများ တပ်စွဲထား၍ ထိုအနီးတဝိုက်ရှိ လမ်းပိုင်း သုံးခုအားအသုံးပြုခွင့် ယာယီပိတ်သိမ်းထားကြောင်း ဒေသတွင်း PDF အဖွဲ့များက သတိပေးကြေညာသည်။

ယနေ့(ဒီဇင်ဘာ ၃၁ရက်) နံနက်၂နာရီ ၅၀ မိနစ်မှစ၍ မုံရွာမြို့နယ်အတွင်းရှိ မုံရွာ – ချောင်းဦးလမ်းပိုင်း၊ မြေနဲ – ဗောဓိတစ်ထောင်လမ်းပိုင်း၊ မုံရွေး – ရွှေမြင်တင်လမ်းပိုင်းတို့အား လမ်းအသုံးပြုခွင့် ယာယီပိတ်ထားကြောင်း ဒေသတွင်း PDF အဖွဲ့များက အသိပေးသည်။

နောက်ထပ်ကြေညာချက်မထုတ်ပြန်မီအထိ သွားလာခြင်းယာယီရပ်ဆိုင်းထားရန်နှင့် တားမြစ်ထားသည့်ကြားက သွားလာ၍ တစ်စုံတစ်ရာရှိခဲ့ပါက လမ်းအသုံးပြုသူ၏တာဝန်သာဖြစ်ကြောင်း ထပ်မံသတိပေးသည်။

ဗောဓိတစ်ထောင်တောင်ကြောရှိ တောင်ခမောက်တောင်တွင် စစ်ကောင်စီတပ်သားများအား ယမန်နေ့(ဒီဇင်ဘာ ၃၀ရက်) ညနေပိုင်းတွင် Mi-35၊ Mi-17 ရဟတ်ယာဥ်တို့ဖြင့် အမြင့်မြို့ဟောင်းမှတစ်ဆင့် သယ်ယူချထားခဲ့သဖြင့် လမ်းအသုံးပြုခွင့်ပိတ်ပင်ရခြင်းဖြစ်ကြောင်း ဒေသတွင်း PDFများက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အမြင့်ရဲစခန်းရှိ စစ်ကောင်စီတပ်သားများနှင့် ဒေသတွင်း PDFများ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုဘက်က အထိအခိုက်များရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။