Connect with us

Hi, what are you looking for?

သတင်း

အင်းတော်တွင် ‌စျေးရောင်းသည့် အမျိုးသမီး လေးဦးကို PDF ထောက်ပံ့သည်ဟုစွပ်စွဲကာ စစ်ကောင်စီ ဖမ်းဆီး

အဆိုပါ အမျိုးသမီး လေးဦးအား PDFများကို ထောက်ပံ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားသည့် ဓာတ်ပုံများကို စစ်ကောင်စီ၏ ဝါဒဖြန့် Fifty Two Telegram Channelက ဖော်ပြထားသည်။

အင်းတော်တွင် ‌စျေးရောင်းသည့် အမျိုးသမီး လေးဦးကို PDF ထောက်ပံ့သည်ဟုစွပ်စွဲကာ စစ်ကောင်စီ ဖမ်းဆီး
အင်းတော်တွင် ‌စျေးရောင်းသည့် အမျိုးသမီး လေးဦးကို PDF ထောက်ပံ့သည်ဟုစွပ်စွဲကာ စစ်ကောင်စီ ဖမ်းဆီး

စစ်ကိုင်းတိုင်း အင်းတော်မြို့တွင် စျေးရောင်းသည့် အမျိုးသမီး လေးဦးကို စစ်ကောင်စီ လက်ပါးစေရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး PDFများအား ထောက်ပံ့ သည်ဟု စွပ်စွဲကာအရေးယူရန်ဆောင်ရွက်နေသည်ဟု အင်းတော်ဒေသခံက ပြောသည်။

“သူတို့က ၂၂ရက်နေ့မှာ ဖမ်းသွားတယ်လို့ပြောတယ်။ ပြောတော့ သူတို့ငွေရေးကြေးရေးပြဿနာ ရဲတိုင်လို့ ဖမ်းသွားတယ်လို့ပဲ ကျွန်တော်တို့ ကြားတာ။ ဒီနေ့ကျမှ သူတို့ရဲ့ တယ်လီဂရမ် ချန်နယ်မှာ တင်ခဲ့တာ PDF တွေဆိုပြီး သူတို့ စွပ်စွဲချက်နဲ့ပေါ့”ဟု အင်းတော်ဒေသခံက ပြောသည်။

လက်ရှိတွင် စျေးသည်အမျိုးသမီးများကို အင်းတော်ရဲစခန်းရှိ အချုပ်ခန်း၌ ထားရှိသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

အဆိုပါ အမျိုးသမီး လေးဦးအား PDFများကို ထောက်ပံ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားသည့် ဓာတ်ပုံများကို စစ်ကောင်စီ၏ ဝါဒဖြန့် Fifty Two Telegram Channelက ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ အမျိုးသမီး လေးဦးသည် အင်းတော်မြို့ဈေးအတွင်း ကြက်သားရောင်းသည့် နားခါရွာမှ အမျိုးသမီးများဖြစ်ကြောင်း Indaw Revolution က ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။