Hi, what are you looking for?
၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၂ ဧပြီ ၁၃ရက်အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၉,၁၈၇ လုံးရှိကြောင်း Data for Myanmarကထုတ်ပြန်ထားသည်။ အဆိုပါဖြစ်စဥ်များသည် နေရာပေါင်း ၂၅၄ နေရာခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
“တိုက်ပွဲသတင်းအသေးစိတ်ကို မသိရသေးပေမယ့် ကိုယ့်လူတွေဖက်က အကျဆုံးမရှိတာတကယ့်သတင်း ကောင်းပါပဲ”ဟု မင်းတပ် CDF ဗျူဟာမှူးဟောင်း နိုင်းတမ်ကပြောသည်။
တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးကာ ၂၀ ကျော်ဒဏ်ရာရခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှ မြင်းခြံ Zero ပြောက်ကျားတပ်၏ ဒုခေါင်းဆောင်တစ်ဦးကျဆုံးခဲ့ပြီး အခြားတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။ နှစ်ဖက် သေဆုံးထိ့ခိုက်မှု အခြေအနေကို People's Spring ကသီးခြားအတည်မပြုနိုင်သေးပါ။