Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီအထိနာ​နေ​သောဥကရစ်ထတိုက်ပွဲတွင်စစ်တပ်​လေယာဥ်ထိုင်းပိုက်နက်​​ကျော်လွန်ခဲ့ပြီး တပ်ကပစ်ခတ်​သောလက်နက်ကြီးကျည်အချို့ထိုင်းဘက်ခြမ်းကျ​ရောက်

မြ၀တီမြို့နယ် ဝေါ်လေဒေသရှိစစ်ကောင်စီ၏ ဥကရစ်ထစစ်​ကောင်စီတပ်စခန်းကိုသိမ်းပိုက်နိုင်ရန်ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့်ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၂၆ရက်မှစ၍ယနေ့ဇွန်လ၃၀ရက်အထိ၅ရက်ဆက်တိုက်ခိုက်လျက်ရှိသည်။

စစ်​ကောင်စီ၏ တိုက်​လေယာဥ် ထိုင်းနိုင်ငံ​လေပိုင်နက်ထဲ​ရောက်ရှိ​နေစဥ် ။ ။ဓါတ်ပုံ-AEC
စစ်​ကောင်စီ၏ တိုက်​လေယာဥ် ထိုင်းနိုင်ငံ​လေပိုင်နက်ထဲ​ရောက်ရှိ​နေစဥ် ။ ။ဓါတ်ပုံ-AEC

ဥကရစ်ထစခန်းမကျ​စေရန် ​လေ​ကြောင်းပစ်ကူအများအသုံးပြု​ခုခံနေ​သောစစ်​ကောင်စီတပ်​၏ တိုက်လေယာဉ်သည် ထိုင်းပိုင်နက်ထဲသို့ ရောက်ရှိခဲ့သဖြင့်ဒေသခံများထိတ်လန့်ခဲ့ကာစာသင်ကျောင်း ၂ ခု အရေးပေါ်ပိတ်ခဲ့ရကြောင်းထိုင်းသတင်းဌာနတ AEC က ယနေ့ ဖော်ပြသည်။

စစ်​ကောင်စီတပ် အထိနာ​နေ​သော ကရင်ပြည်နယ်၊မြဝတီမြို့နယ်၊ ဥကရစ်ထစခန်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်​က စခန်းမကျ​စေရန်လေကြောင်းနှင့် လက်နက်ကြီးများ အများအပြားအသုံးပြု၍ခုခံတိုက်ခိုက်​နေရာ စစ်ကောင်စီတိုက်လေယာဉ်က ထိုင်းပိုင်နက်ကိုယ​နေ့နံနက်တွင် ကျူးကျော်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ထိုအပြင်စစ်​ကောင်စီကလက်နက်ကြီးဖြင့်ပစ်ခတ်စဥ်ထိုင်းနိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးကျည်ကျ​ရောက်ခဲ့သည်။

ထိုသို့ စစ်ကောင်စီဗုံးကြဲလေယာဉ်ကျူး​ကျော်လာမှုကြောင့် ထိုင်းဘက်ခြမ်းရှိ ဒေသခံများ အထိတ်တလန့်ဖြစ်ခဲ့ပြီး ဒေါသထွက်နေကြောင်း AEC နှင့် ကရင်အမျိုးသား မီဒီယာတို့က ဖော်ပြသည်။

စစ်​ကောင်စီတပ်ပစ်ခတ်​သော ကျည်များကားထိ့မှန်ခဲ့​သော ထိုင်း​ဒေသခံနှင့်၎င်း၏ကား ။ ဓါတ်ပုံ-AEC
စစ်​ကောင်စီတပ်ပစ်ခတ်​သော ကျည်များကားထိ့မှန်ခဲ့​သော ထိုင်း​ဒေသခံနှင့်၎င်း၏ကား ။ ဓါတ်ပုံ-AEC

ထိုသို့စစ်ကောင်စီ​ဗုံးကြဲလေယာဉ်နယ်မြေကျူးကျော်​ရောက်ရှိလာမှုကြောင့် ထိုင်းဘက်ကလည်း လုံခြုံရေးတိုးမြှင့်ခဲသလို ထိုင်းစစ်တပ်၏တိုက်လေယာဉ်နှစ်စီးပျံတက်ကာကင်း​စောင့်ခဲ့သည်ဟု ဆိုသည်။သို့သော် စစ်ကောင်စီကျူးကျော်မှုကို ထိုင်းဘက်က ပစ်ခတ်ခြင်းမလုပ်ဆောင်ခဲ့ဟု အထက်ပါ သတင်းဌာနများက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မြ၀တီမြို့နယ် ဝေါ်လေဒေသရှိစစ်ကောင်စီ၏ ဥကရစ်ထစစ်​ကောင်စီတပ်စခန်းကိုသိမ်းပိုက်နိုင်ရန်ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့်ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၂၆ရက်မှစ၍ယနေ့ဇွန်လ၃၀ရက်အထိ၅ရက်ဆက်တိုက်ခိုက်လျက်ရှိသည်။

ထိုင်းနိုင်ငံဘက်သို့ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော စစ်​ဘေးဒုက္ခသာ်များ ။ ။ ဓါတ်ပုံ-AEC
ထိုင်းနိုင်ငံဘက်သို့ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော စစ်​ဘေးဒုက္ခသာ်များ ။ ။ ဓါတ်ပုံ-AEC

သုံးရက်မြောက်နေ့တွင် စခန်းကိုရရှိခဲ့သော်လည်း ညပိုင်းတွင်စခန်း​အောက်ပြန်​နေရာယူစဥ် စစ်ကောင်စီတပ်က စစ်ကူများထပ်​ရောက်လာပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ်များစွာ ပြုလုပ်သည့်ခြင်း၊လက်နက်ကြီးပစ်ကူများစွာဖြင့် စခန်းမကျ​စေရန်အပြင်းအထန်ခုခံလာခြင်းတို့ကြောင့်ပူးပေါင်းတပ်ဖွဲ့ကစစ်ရေးအခြေအနေအရ အထိမနာစေရေး ဆောင်ရွက်ခဲ့သည်။

“ခြုံပြီးပြောမယ်ဆိုရင် သူတို့က DKBA အဖွဲ့ကိုလည်း သူတို့စစ်ကူတောင်းတယ် နောက် BGF အဖွဲ့ကိုလည်းသူတို့စစ်ကူတောင်းတယ်။နောက်ပြီးတော့ တိုက်လေယာဉ်နဲ့အဆက်မပြတ်လုပ်နေတုန်းပဲ။ ဒီဘက်ကလည်းရအောင်တော့ဆက်တိုက်မှာပဲ” ဟု KNU သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိသော်လည်း စစ်ကောင်စီတပ်က​သေဆုံးဒ​ဏ်ရာရရှိမှုများပြား​နေသည်။

ထိူင်းနိုင်ငံဘက်ခြမ်းရှိစာသင်​ကျောင်းတစ်​ကျောင်းတွင် နယ်စပ်တွင်ပြင်းထန်စွာဖြစ်ပွာ​နေ​သောတိုက်ပွဲ​ကြောင့် လက်နက်ကြီးကျည်အန္တရာယ်မခံရ​စေရန် တိမ်း​ရှောင်​နေကြစဥ် ဓါတ်ပုံ-ဘန်​ကောက်ပိုစ်
ထိူင်းနိုင်ငံဘက်ခြမ်းရှိစာသင်​ကျောင်းတစ်​ကျောင်းတွင် နယ်စပ်တွင်ပြင်းထန်စွာဖြစ်ပွာ​နေ​သောတိုက်ပွဲ​ကြောင့် လက်နက်ကြီးကျည်အန္တရာယ်မခံရ​စေရန် တိမ်း​ရှောင်​နေကြစဥ် ဓါတ်ပုံ-ဘန်​ကောက်ပိုစ်

“ဟိုဘက်က ပိုများတာပေါ့။ မနေ့ကဆိုရင် တက်လာတဲ့ စစ်ကူပေါ့နော် အယောက် သုံးဆယ်နီးပါးလောက်ကျတယ်လို့ ပြောတယ်။ သူတို့လာနိုင်တော့ ဒီဘက်က ကြိုပြင်ထားတာပေါ့” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်သည်စခန်းအသိမ်းမခံရစေရန် နေ့စဉ်လေကြောင်းပြစ်ကူ ​တိုက်လေယာဥ်အ​ခေါက်​ပေါင်း ဆယ်နှင့်ချီပျံသန်း၍ ပေါက်ကွဲအား ပြင်းထန်သည့် ဗုံးများ အသုံးပြု ကြဲချ​နေသည်။

ထွက်​ပြေးတိမ်း​ရှောင်​နေရ​သောစစ်​ဘေးဒုက္ခသည်များ ဓါတ်ပုံ-ဘန်​ကောက်ပိုစ်
ထွက်​ပြေးတိမ်း​ရှောင်​နေရ​သောစစ်​ဘေးဒုက္ခသည်များ ဓါတ်ပုံ-ဘန်​ကောက်ပိုစ်

“ထိုင်းဘက်ကို ကျည်ကျလို့ရွာသားကားတစ်စီးထိသွားတယ်။ လက်နက်ကြီး ကျည်ပေါ့။ ဒီနေ့ကျတော့ ကြားတာကတော့ သူတို့ လေယာဉ်တစ်စီးက ထိုင်းဘက်ကို ကျော်လာတာ ၅ ကီလိုလောက်အထိ ကျော်လွန်တယ်လို့ ကြားတယ်။ အဲဒီနောက်ပိုင်းမှာတော့ ထိုင်းဘက်က ကင်းထောက်လေယာဉ်တစ်စီး ကင်းလှည့်တာပေါ့။ ” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ဝေါ်လေဒေသ တိုက်ပွဲများကြောင့် ဒေသခံထောင်ချီ၍ စစ်ရှောင်နေရပြီးထိုင်းဘက်ခြမ်းသို့ ရောက်ရှိနေသူများလည်းရှိသည်ဟုသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။