Connect with us

Hi, what are you looking for?

သတင်း

ဥကရစ်ထ တိုက်ပွဲ စစ်ကူလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး

သိမ်းဆည်းရမ်​သောလက်နက်များတွင် ​စက်​သေနတ်အပါအဝင်လက်နက်မျိုးစုံ ၁၂ လက်၊ လက်နက်ကြီးတစ်လက်၊ RPG များ၊ ဒရုန်းပစ်လက်နက်၊ ဗုံးသီးများစ​သောလက်နက်များနှင့် ကျည်ံ​ပေါင်း​​မြောက်များစွာပါဝင်သည်ကို​သတင်းဓါတ်ပုံတွင်တွေ့ရသည်။

(ဗိုလ်အယ်​ဆေးဝါးဦး​ဆောင်​သော KNDO တပ်ဖွဲ့က စစ်​ကောင်စီ၏ စစ်ကူလာ​သောတပ်မ ၄၄ တပ်ဖွဲ့အားတိုက်ခိုက်ပြီးရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-Karen History)
(ဗိုလ်အယ်​ဆေးဝါးဦး​ဆောင်​သော KNDO တပ်ဖွဲ့က စစ်​ကောင်စီ၏ စစ်ကူလာ​သောတပ်မ ၄၄ တပ်ဖွဲ့အားတိုက်ခိုက်ပြီးရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-Karen History)

●စစ်ကူတပ်ကို တစ်နာရီပင်မတိုက်ရဟု KNDOတပ်မှူးပြောကာ လက်နက်ခဲယမ်းများစွာရကြောင်းပြသ

●“မင်းအောင်လှိုင်က မင်းတို့ကို လာပြီးတော့ ငရဲမီးအိုးထဲမှာထည့်ပေးလိုက်သလိုပဲ” ဟု KNDO တပ်မှူး ဗိုလ်အယ်စေးဝါးပြော

စစ်ကောင်စီတပ် အရေးနိမ့်နေသည့် မြ၀တီ မြို့နယ် ဝေါ်လေဒေသ ဥကရစ်ထတပ်စခန်း တိုက်ပွဲသို့ စစ်ကောင်စီတပ်က စစ်ကူများ ထပ်မံပို့ဆောင်ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး လက်နက်ခဲယမ်းများစွာ ရရှိခဲ့ကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်မှူးဗိုလ်အယ်စေးဝါးက ပြောကြားသည်။

စစ်ကောင်စီတပ်၏ တပ်မ (၄၄) လက်အောက်ခံ ကွန်မန်ဒို တပ်ဖွဲ့ကို ယနေ့ ဇွန်လ ၃၀ရက် မနက်၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်အယ်စေးဝါးက ရုပ်သံမှ တဆင့် အသိပေးသည်။

“မနက် ၆နာရီ နင်တို့ ပို့လာခဲ့တဲ့ စစ်ကြောင်း ၄၄ အဖွဲ့နော် ကွန်မန်ဒိုအဖွဲ့၊ များများလာခိုင်း ၊ တစ်နာရီတောင် ငါမပစ်ရဘူး ဒီမှာကြည့် နင်တို့ သေနတ်တွေ ကြားလား။ များများလာခဲ့ခိုင်း ကြားလား” ဟု ဗိုလ်အယ်စေးဝါးက ပြောသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများ တိုက်ပွဲဖြစ်ရာ အနီးရှိ တံတားနှင့်လမ်းပေါ်၌ ပုံနေကြောင်း ပြသပြောကြားခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်၊ ကျည်အများအပြား၊ ဗုံးသီးနှင့် စစ်အသုံးအဆောင်ပစ္စည်းများစွာ ရရှိခဲ့ကြောင်းကို ပြသခဲ့သည်။

Public Service Announcement

Public Service Announcement

သိမ်းဆည်းရမ်​သောလက်နက်များတွင် ​စက်​သေနတ်အပါအဝင်လက်နက်မျိုးစုံ ၁၂ လက်၊ လက်နက်ကြီးတစ်လက်၊ RPG များ၊ ဒရုန်းပစ်လက်နက်၊ ဗုံးသီးများစ​သောလက်နက်များနှင့် ကျည်ံ​ပေါင်း​​မြောက်များစွာပါဝင်သည်ကို​သတင်းဓါတ်ပုံတွင်တွေ့ရသည်။

“တွေ့လားမသာလေးတွေ။ လာစိန်ခေါ်အုံး။တပ်မဟာ(၆)နယ်မြေမှာ။ မင်းတို့ကိုမင်းတို့ အဘ မင်းအောင်လှိုင်က မင်းတို့ကို လာပြီးတော့ ငရဲမီးအိုးထဲမှာထည့်ပေးလိုက်သလိုပဲ။ ဒီနယ်မြေမှာ အယ်စေးဝါး ရှိတယ် ဆိုရင်မင်းတို့လာမစမ်းနဲ့။ သိလား သေသွားမယ်။ ငါအများကြီးစကားမပြောချင်ဘူး တက်လာခဲ့” ဟု ဗိုလ်အယ်စေးဝါးက ပြောသည်။

ဥကရစ်ထ တပ်စခန်းကို သိမ်းပိုက်ရင် KNDO နှင့် ပူးပေါင်းတပ်ဖွဲ့များက ဇွန်လ ၂၆ရက်ကတည်းက နေ့စဉ် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ နှစ်ဖက် ထိခိုက်ကျဆုံးရှိနေပြီး စစ်ကောင်စီတပ်က ပို၍ သေဆုံးထိခိုက်များပြားခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်က ပြောသည်။ တိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုကို အားကိုးပြီး အကြိမ်ကြိမ်တိုက်ခိုက်ကာ ဥကရစ်ထ တပ်စခန်း မကျဆုံးရေး ဆောင်ရွက်နေသည်။ KNU သတင်းရင်းမြစ်နှင့် KNDO တပ်မှူးတစ်ဦးဖြစ်သည့် ဗိုလ်စလုံးကမူ စစ်ကောင်စီ၏ ဥကရစ်ထ တပ်စခန်း ရရှိရေး ဆက်လိုက်တိုက်ခိုက်မည်ဖြစ်ကြောင်း ယခင်က ပြောကြားထားသည်။

(ဗိုလ်အယ်​ဆေးဝါးဦး​ဆောင်​သော KNDO တပ်ဖွဲ့က စစ်​ကောင်စီ၏ စစ်ကူလာ​သောတပ်မ ၄၄ တပ်ဖွဲ့အားတိုက်ခိုက်ပြီးရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-Karen History)
(ဗိုလ်အယ်​ဆေးဝါးဦး​ဆောင်​သော KNDO တပ်ဖွဲ့က စစ်​ကောင်စီ၏ စစ်ကူလာ​သောတပ်မ ၄၄ တပ်ဖွဲ့အားတိုက်ခိုက်ပြီးရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-Karen History)

ပြီးခဲ့သည့် မေလ ၁၇ရက်ကလည်း စစ်ကောင်စီ၏သေ့ဘောဘိုးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ၌ ဗိုလ်အယ်စေးဝါး ဦးဆောင်သည့် တပ်လည်း ပါဝင်သည်။ အဆိုပါ စခန်းသိမ်း
တိုက်ပွဲ၌လည်းစစ်ကောင်စီတပ်မှအရာရှိအပါအဝင် သေဆုံးထိခိုက်များခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအများအပြားကို ပူးပေါင်းတပ်ဖွဲ့မှ သိမ်းဆည်းရမိခဲ့သည်။

ရုပ်သံကြည့်ရှုရန် – https://fb.watch/dZzXTOY6tD/

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။