Connect with us

Hi, what are you looking for?

သတင်း

လေးကေ့ကော်ဒေသတိုက်ပွဲ စစ်ကောင်စီတပ်မှ နှစ်ဦးသေ၊ ခုနစ်ဦးဒဏ်ရာရ၊ ကော်ဘရာစစ်ကြောင်းမှ ရဲဘော် တစ်ဦးကျဆုံး

တိုက်ပွဲဖြစ်ပွားရာသို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ စစ်ကောင်စီတပ်၏ (၆၀) မမ ဗုံးသီး ​လေးလုံး၊ (၄၀) မမ ဗုံးသီး တစ်လုံး၊ RPG ဗုံးသီးနှင့် ယမ်းတောင့်တစ် ခု သိမ်းဆည်းရမိခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

ဓာတ်ပုံ - ​ကော်ဘရာစစ်​ကြောင်း
ဓာတ်ပုံ - ​ကော်ဘရာစစ်​ကြောင်း

▪️လက်နက်ကြီးကျည်အချို့ရရှိကြောင်း ထုတ်ပြန်

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်ဒေသ၌ ဇွန်လ ၂၉ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၂ဦး သေဆုံး၊ ၇ဦး ဒဏ်ရာရရှိပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ကော်ဘရာ စစ် ကြောင်းမှ စစ်သည်တစ်ဦးကျဆုံးခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက ယနေ့ ထုတ်ပြန်သည်။

KNU ထိန်းချုပ်နယ်မြေ တပ်မဟာ (၆)၊ လေ့ကေ့ကော်‌ ဒေသရှိ တောင်ကုန်းတစ်ခုပေါ်သို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာရာ ဇွန်လ ၂၉ရက် ညနေ ပိုင်းမှစ၍ တိုက်ပွဲဖြစ်ခဲ့သည်။

စစ်ကောင်စီတပ်က (၄၀)မမ၊ (၈၁) မမ၊ (၁၂၀) မမ စသည့် လက်နက်ကြီး ပစ်ကူများဖြင့် ကျူးကျော်ရန် ကြိုးစားခဲ့ရာ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ကော်ဘရာစစ်သည်တော်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ည ၁၀နာရီ ခွဲခန့်တွင် ဆုတ်ခွာသွားသည်ဟု ဖော်ပြသည်။

ဓာတ်ပုံ - ​ကော်ဘရာစစ်​ကြောင်း
ဓာတ်ပုံ – ​ကော်ဘရာစစ်​ကြောင်း

စစ်ကောင်စီတပ်က ည ၁၁နာရီခန့်တွင် ပြန်လည်စုဖွဲ့ပြီး ထပ်မံကျူးကျော်လာခဲ့ရာ ကော်ဘရာစစ်သည်များနှင့် ထပ်မံထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံဆုတ်ခွာ ထွက်ပြေးကြရကြောင်း ထုတ်ပြန်သည်။ ထို့နောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကော်ဘရာစစ်သည် ၁ဦး ကျဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့သည်။တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ နှစ်ဦး သေဆုံး၊ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စီစစ်သိရှိရသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားရာသို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ စစ်ကောင်စီတပ်၏ (၆၀) မမ ဗုံးသီး ​လေးလုံး၊ (၄၀) မမ ဗုံးသီး တစ်လုံး၊ RPG ဗုံးသီးနှင့် ယမ်းတောင့်တစ် ခု သိမ်းဆည်းရမိခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

ကော်ဘရာစစ်ကြောင်းသည် ဝေါ်လေဒေသရှိ စစ်ကောင်စီ၏ ဥကရစ်ထ တပ်စခန်းသိမ်းတိုက်ပွဲ၌ စစ်ကူပေး တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်က လေးကေ့ကော်ရှိ ကော်ဘရာစစ်ကြောင်းနေရာသို့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။