Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတိုက်ပွဲတွင် စစ်သားနှင့်ပျူ ၃ဦး​သေဟုPDFများ​ပြော

ရေဦး-ခင်ဦးလမ်းပိုင်းတွင် လာသမျှကား ဆိုင်ကယ်များအား ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေပြီး ကင်းပုန်းများလည်း လမ်းပိုင်းတစ်လျှောက် ချထားကြောင်း၊ ရေဦး-ခင်ဦး လမ်းပိုင်းအား ရှောင်ကွင်းသွားလာကြရန် ဒေသတွင်းအဖွဲ့များက သတိပေးခဲ့သည်။

(ခင်ဦးPDF အဖွဲ့ဝင်များ စစ်ဆင်ရေးတစ်ခုသွားနေစဥ်။ ဓါတ်ပုံ-KSO)
(ခင်ဦးPDF အဖွဲ့ဝင်များ စစ်ဆင်ရေးတစ်ခုသွားနေစဥ်။ ဓါတ်ပုံ-KSO)

စစ်​သားနှင့်ပျူများရမ်းပစ်၍ ၃ နှစ်အရွယ်က​လေးငယ်တစ်ဦး​သေဆုံး၊ဆိုင်တစ်ဆိုင်မှ​ကား၊ငွေနှင့်​ရွှေများလုယက်သွား

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင်စစ်​ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်​သားနှင့်ပျူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များကပြောသည်။

ယမန်နေ့(ဇွန်လ ၂၉ရက်နေ့) နံနက် ၁၀နာရီအချိန်က ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာစျေးကို စျေးလာဝယ်သော အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများကို ခင်ဦးမြို့နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်နှင့်ပျူ ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း PDFများက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထိခိုက်မှုမရှိကြောင်း ၎င်းအဖွဲ့များက ဆိုသည်။

အကြမ်းဖက်စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် အသတ် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန်ပြီးသေဆုံးခဲ့ကြောင်း ဒေသတွင်း PDFများက ပြောသည်။သေဆုံးသူကလေးငယ်မှာမြင်းဒေါင်းကျေးရွာအ.ထ.ကစာသင်ကျောင်းအနီး၌ စိုက်ပျိုးခင်း ရှင်းရန်လာသော မိသားစုမှဖြစ်ပြီး လည်ပင်းအား လက်နက်ငယ် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်းလည်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်စစ်သားနှင့်ပျူများက မြင်းဒေါင်းကျေးရွာ၊ ဂွတ်ဒေး စားသောက်ဆိုင်မှ Light Truck တစ်စီးနှင့်နားကပ်၊လက်စွပ်တစ်ကွင်းနှင့် ငွေကျပ် ၅ သိန်းကို အကြမ်းဖက်လုယူသွားကြောင်း ဒေသခံများက ပြောသည်။

ရေဦး-ခင်ဦးလမ်းပိုင်းတွင် လာသမျှကား ဆိုင်ကယ်များအား ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေပြီး ကင်းပုန်းများလည်း လမ်းပိုင်းတစ်လျှောက် ချထားကြောင်း၊ ရေဦး-ခင်ဦး လမ်းပိုင်းအား ရှောင်ကွင်းသွားလာကြရန် ဒေသတွင်းအဖွဲ့များက သတိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဒီနေ့ အောက်တိုဘာ ၃၀ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။