Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်တောင်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် ၅ဦးသေ၊ ၅ဦး အရှင်ဖမ်းမိပြီး လက်နက်များရ

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးပြီး ၅ဦး အရှင်ဖမ်းမိကာ လက်နက်များသိမ်းဆည်းရရှိခဲ့ကြောင်း၊ ဖမ်းဆီးရရှိထားသော သုံ့ပန်းများကို လမ်းညွှန်ချက်နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း ထုတ်ပြန်သည်။

ဗန်းမောက်
ဗန်းမောက်

▪️KIA နှင့် PDF ပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သုံ့ပန်းများကို ကောင်းမွန်စွာထိန်းသိမ်းထားဟု အသိပေး

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တောင်ပိုင်း၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးပြီး ၅ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း Banmauk Revolution က ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ဗန်းမောက်တောင်ပိုင်း စီးမော်နှင် သောင်ကြီးရွာအနီးတွင် ဇွန်လ ၂၈ရက် ညပိုင်းနှင့် ယနေ့ နံနက်ပိုင်း၌ KIA ၊ ကသာခရိုင် တပ်ရင်း(၂) (ဗန်းမောက် PDF+အင်းတော်PDF) ၊ ဒေသခံကာကွယ်ရေးပူး ပေါင်းတပ်များ နှင့် စစ်ကောင်စီတို့ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးပြီး ၅ဦး အရှင်ဖမ်းမိကာ လက်နက်များသိမ်းဆည်းရရှိခဲ့ကြောင်း၊ ဖမ်းဆီးရရှိထားသော သုံ့ပန်းများကို လမ်းညွှန်ချက်နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း ထုတ်ပြန်သည်။

ရရှိထားသော သက်သေခံပုံများကို လုံခြုံရေးအတွက် လက်ရှိအချိန်တွင် မပြသသေးဘဲ သင့်လျော်သောအချိန်တွင် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲများ၌ ဒေသကာကွယ်ရေးပူးပေါင်းတပ်များမှ ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook