Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဗန်းမောက်တောင်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် ၅ဦးသေ၊ ၅ဦး အရှင်ဖမ်းမိပြီး လက်နက်များရ

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးပြီး ၅ဦး အရှင်ဖမ်းမိကာ လက်နက်များသိမ်းဆည်းရရှိခဲ့ကြောင်း၊ ဖမ်းဆီးရရှိထားသော သုံ့ပန်းများကို လမ်းညွှန်ချက်နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း ထုတ်ပြန်သည်။

ဗန်းမောက်
ဗန်းမောက်

▪️KIA နှင့် PDF ပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သုံ့ပန်းများကို ကောင်းမွန်စွာထိန်းသိမ်းထားဟု အသိပေး

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တောင်ပိုင်း၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးပြီး ၅ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း Banmauk Revolution က ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ဗန်းမောက်တောင်ပိုင်း စီးမော်နှင် သောင်ကြီးရွာအနီးတွင် ဇွန်လ ၂၈ရက် ညပိုင်းနှင့် ယနေ့ နံနက်ပိုင်း၌ KIA ၊ ကသာခရိုင် တပ်ရင်း(၂) (ဗန်းမောက် PDF+အင်းတော်PDF) ၊ ဒေသခံကာကွယ်ရေးပူး ပေါင်းတပ်များ နှင့် စစ်ကောင်စီတို့ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးပြီး ၅ဦး အရှင်ဖမ်းမိကာ လက်နက်များသိမ်းဆည်းရရှိခဲ့ကြောင်း၊ ဖမ်းဆီးရရှိထားသော သုံ့ပန်းများကို လမ်းညွှန်ချက်နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း ထုတ်ပြန်သည်။

ရရှိထားသော သက်သေခံပုံများကို လုံခြုံရေးအတွက် လက်ရှိအချိန်တွင် မပြသသေးဘဲ သင့်လျော်သောအချိန်တွင် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲများ၌ ဒေသကာကွယ်ရေးပူးပေါင်းတပ်များမှ ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။