သတင်း ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်သားသစ် နဲ့ ရဲတွေထွက်ပြေးသူ၊ အလင်းဝင်သူတွေရှိလာ ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။ ludunwayooဇွန် 21, 2026
သတင်း ရွှေကူမှာ တိုက်ပွဲ နေ့စဉ်ပြင်းထန်နေဟု KIA ပြော ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ ludunwayooဇွန် 19, 2026
သတင်း ရွှေကူမြို့ထဲ လက်နက်ကြီးကျပြီး အရပ်သား ၄ ဦး သေဆုံး ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။ ludunwayooဇွန် 18, 2026
သတင်း ရွှေကူမှာ စစ်တပ်က တော်လှန်ရေးတပ်အသွင်ယူ ပုံမှားရိုက်နေလို့ ပြည်သူတွေ သတိနဲ့သွားလာနေထိုင်ဖို့ ရွှေ့ကူ PDF သတိပေး ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။ ludunwayooဇွန် 18, 2026
သတင်း ရွှေကူမှာ စစ်တပ်က အရပ်သားတွေကို သတ်ဖြတ်နေ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ludunwayooဇွန် 17, 2026
သတင်း ရွှေကူ – ငါးအိုးကြားတိုက်ပွဲ စစ်တပ် အထိနာ၊ သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေရ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooဇွန် 16, 2026
သတင်း ရွှေကူမြို့အနီး တိုက်ပွဲဆက်ဖြစ်၊ စစ်တပ်အထိနာလို့ လေကြောင်းကနေ ဗုံးကြဲ ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဇွန် 13, 2026
သတင်း ရွှေကူမြို့အနီး တိုက်ပွဲဖြစ်နေ ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာဒီနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်နေသလို ဒေသခံတွေဟာ ဘေးပတ်ဝန်းကျင်မြို့တွေကိုရှောင်တိမ်းလာကြတယ်လို့သိရပါတယ်။ ludunwayooဇွန် 12, 2026
သတင်း တိုက်ပွဲပြင်းထန်နေတဲ့ ရွှေကူနဲ့ ဗန်းမော်မြို့ဆီ စစ်တပ်ကနည်းမျိုးစုံသုံး အင်အားပို့နေ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းတွေက စစ်ရေးတင်းမာနေတဲ့ ရွှေကူနဲ့ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့အတွက် ခရီးသည်တင်ကားတွေမှာ အရပ်သားဟန်ဆောင်ပြီး အင်အားပို့ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။ ludunwayooဇွန် 11, 2026
သတင်း စစ်တပ်စစ်ကြောင်း ရွှေကူမြို့အတွင်းဝင်ရောက်လာ၊ ငါးအိုး-ရွှေကူလမ်းမှာ စစ်တပ် ထိုးစစ်ဆက်လုပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။ ludunwayooဇွန် 9, 2026