Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ စစ်ရေး ပဋိပက္ခမှာ ထိုင်းရဲ့ F-16 တိုက်လေယာဉ်တွေက ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ်ထိ လုပ်ဆောင်ခဲ့

ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်ရေး ပဋိပက္ခ ပထမ တစ်ရက်တာအတွင်း ထိုင်းရဲ့ F-16 တိုက်လေယာဉ်တွေဟာ ကမ္ဘောဒီးယား စစ်ရေး ပစ်မှတ်တွေကို သုံးကြိမ်ထိ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

ဓာတ်ပုံ - 2nd Army Region

ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်ရေး ပဋိပက္ခ ပထမ တစ်ရက်တာအတွင်း ထိုင်းရဲ့ F-16 တိုက်လေယာဉ်တွေဟာ ကမ္ဘောဒီးယား စစ်ရေး ပစ်မှတ်တွေကို သုံးကြိမ်ထိ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

ကမ္ဘောဒီးယားကတော့ အတွဲလိုက် ပစ်ခတ်နိုင်တဲ့ ဒုံးကျည်စနစ်တွေကို အဓိက အသုံးပြုပြီး ထိုင်းဖက်ခြမ်း နယ်စပ် ဧရိယာတွေကို ပစ်ခတ်ခဲ့ပါတယ်။ ထိုင်း စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဝစ်ထိုင် ဆူဗာရီက တစ်ရက်တာ စစ်ဆင်ရေး အခြေအနေတွေကို ပြောကြားခဲ့ရာမှာ ထိုင်းစစ်တပ် အနေနဲ့ စစ်ဆင်ရေး ရည်မှန်းချက်တွေကို စီစဉ်ထားတဲ့အတိုင်း ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ မှတ်ချက်ပေးသွားပါတယ်။

သူက ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်ရေး ပဋိပက္ခဟာ ချက်ချင်းတော့ ရပ်မသွားနိုင်ဘဲ အချိန်ကာလ အတိုင်းအတာ တစ်ခုထိတော့ ဆက်ကြာနေနိုင်တယ်လို့ ဆိုပါတယ်။ နောက်ပြီး ထိုင်းစစ်တပ်ဟာ စစ်ဆင်ရေးတွေ အားလုံးကို နိုင်ငံတကာ ဥပဒေတွေနဲ့အညီ သတိကြီးကြီး လုပ်ဆောင်ခဲ့တယ်လို့ သူက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကတော့ တာဝေး ပစ်မှတ်တွေကို မဟာဗျူဟာမြောက် ချေမှုန်းဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်လို့ ဗိုလ်ချုပ် ဝစ်ထိုင်က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းဟာ ကမ္ဘောဒီးယားကို စတင်တိုက်ခိုက်ဖို့ ရည်ရွယ်ချက် လုံးဝ မရှိခဲ့ကြောင်း၊ စစ်ဆင်ရေး အားလုံးကလည်း လိုအပ်တဲ့ အခြေအနေတွေအတိုင်း တုံ့ပြန်ခဲ့တာသာ ဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။ ဗိုလ်ချုပ် ဝစ်ထိုင်က ကမ္ဘောဒီးယား စစ်တပ် အနေနဲ့ ထိုင်းရဲ့ အရပ်ဖက် ပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကိုလည်း ဝေဖန်သွားပါတယ်။

စစ်လက်နက်တွေကို အသုံးပြုတဲ့အခါ၊ စစ်ဆင်ရေးတွေ ဖော်ဆောင်တဲ့အခါ စည်းမျဉ်းတွေကို တိတိကျကျ လိုက်နာဖို့ လိုသလို စစ်ရေးပစ်မှတ်တွေကိုသာ တိုက်ခိုက်ရမှာ ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားဟာ နိုင်ငံတကာ စည်းမျဉ်း ကျင့်ဝတ်တွေကို ချိုးဖောက်ခဲ့ပြီး အဲဒီအတွက်လည်း ကမ္ဘောဒီးယားရဲ့ ပုံရိပ်က ထိခိုက်လာမှာဖြစ်ကြောင်း သူက ဆိုပါတယ်။

ထိုင်းက F-16တွေကို အသုံးပြုပြီး ဗုံးကြဲခဲ့ပေမယ့်လည်း ပစ်မှတ်ကို တိတိကျကျ ရွေးချယ်ခဲ့ပြီး သတ်မှတ်ထားတဲ့ စစ်ဆင်ရေးဇုန် ဧရိယာ ပြင်ပကို ထိခိုက်မှု လုံးဝ မရှိခဲ့ကြောင်း ဗိုလ်ချုပ် ဝစ်ထိုင်က အခိုင်အမာ ပြောဆိုသွားပါတယ်။

စစ်ရေး ပဋိက္ခအတွင်း ထိုင်းမှာ အရပ်သား ၁၂ ဦးလောက် သေဆုံးခဲ့ပေမယ့် ကမ္ဘောဒီးယားဖက်က ထိခိုက်သေကြေမှု စာရင်းကိုတော့ မသိရသေးကြောင်းလည်း ဗိုလ်ချုပ် ဝစ်ထိုင်က ဆိုပါတယ်။ ပြီးတော့ စစ်ဆင်ရေးတွေက အချိန်တချို့ ဆက်ကြာနေမယ်လို့ ယုံကြည်ရပေမယ့် အမြန်ဆုံး တတ်နိုင်သမျှ မြန်မြန် အဆုံးသတ်နိုင်အောင် ထိုင်းက ကြိုးစားမှာဖြစ်ကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။

ထိုင်းဟာ အမေရိကန်လုပ် အပေါ့စား တိုက်လေယာဉ်တွေဖြစ်တဲ့ F-16တွေကို ခပ်မြန်မြန် ထုတ်သုံးခဲ့ပေမယ့် ကမ္ဘောဒီးယားကတော့ တိုက်လေယာဉ်တွေ တစ်စီးမှ ပိုင်ဆိုင်မထားတဲ့အတွက် ထိုင်းမှာရှိတဲ့ စစ်ရေးပစ်မှတ်တွေကို တုံ့ပြန် ဗုံးကြဲနိုင်စွမ်း မရှိခဲ့ပါဘူး။

နှစ်နိုင်ငံ စစ်ရေး ပဋိပက္ခရဲ့ ပထမဆုံး နေ့မှာတော့ ကမ္ဘောဒီးယားဟာ ဆိုဗီယက်လုပ် အတွဲလိုက်ပစ် ဒုံးကျည်စနစ်ဖြစ်တဲ့ BM-21ကို အဓိက အားကိုးပြီး တိုက်ခိုက်ခဲ့ပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။