Connect with us

Hi, what are you looking for?

ဗီဒီယို

ရဲနှစ်ဦး​သေတဲ့​ချောင်းနက်ကြီးရဲကင်းကို ​ကျောင်းသားတပ်ခွဲကတိုက်ခိုက်တဲ့ရုပ်သံဖိုင်ထုတ်ပြန်

တိုက်ပွဲမှာ ကျောင်းသားတပ်ခွဲ တပ်ဖွဲ့ဝင်​တွေထိခိုက်ဒဏ်ရာမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။

အာဏာသိမ်းစစ်​ကောင်စီရဲ့တမူးမြို့ရှိ ချောင်းနက်ကြီးရဲကင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူးမြို့) တပ်ရင်း (၁)၊ တပ်ခွဲ (၃) ကျောင်းသာတပ်ခွဲ(BSO)ကတိုက်ခိုက်ခဲ့တဲ့ရုပ်သံဖိုင်ကို ​ကျောင်းသားတပ်ခွဲကထုတ်ပြန်ပါတယ်။

ရဲကင်းကိုနိုဝင်ဘာ ၂၉ရက်နံနက် ၇ နာရီ ၄၅ မိနစ်မှာအလစ်ငိုက်ခြုံခိုတိုက်ခိုက်ခဲ့တာမှာ အာဏာသိမ်းစစ်ကောင်စီဘက်မှ တပ်သားနှစ်ဦးသေဆုံးခဲသလို သူတို့ရဲ့သေနတ်နှစ်လက်နဲ့ကျည်ဆံအချို့သိမ်းဆည်းရမိ​တယ်လို့လည်း ကျောင်းသားတပ်ခွဲကထုတ်ပြန်ထားပါတယ်။

တိုက်ပွဲမှာ ကျောင်းသားတပ်ခွဲ တပ်ဖွဲ့ဝင်​တွေထိခိုက်ဒဏ်ရာမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။

နှစ်မိနစ်နီးပါးရှိတဲ့ရုပ်သံဖိုင်ကို BSO ကတယ်လီဂရန် က​နေတစ်ဆင့်ထုတ်ပြန်တာပါ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ဒလမြို့နယ်မှာ ဇနီးဖြစ်သူအသတ်ခံရတာနဲ့ပတ်သက်ပြီး တရားခံဖမ်းမပေးတဲ့ စစ်တပ်နဲ့ရဲကို လူမှုကွန်ရက်မှာ ဝေဖန်ခဲ့တယ်ဆိုပြီး ဒေါက်တာကောင်းစံကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။