Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်း ပြည်သူတွေရဲ့ မျိုးချစ်စိတ်အတွက် ဂုဏ်ယူနေတဲ့ ကလစ်ရှ်ကို ညီနောင်

ယူကရိန်း ပြည်သူတွေရဲ့ မျိုးချစ်စိတ် ထက်သန်မှုက သူ့ကို အံ့အားသင့်စေခဲ့တယ်လို့ ဝလာဒီမာကလည်း ဝန်ခံပါတယ်။ ဆရာဝန်ကအစ၊ ရုပ်ရှင်သရုပ်ဆောင်အဆုံး လူတန်းစား ပေါင်းစုံဟာ လက်နက်ကိုင် ခုခံဖို့ စိုင်းပြင်းနေကြပြီး ဒီလို ပြည်သူတွေအတွက် သိပ်ကို ဂုဏ်ယူနေမိကြောင်း ကလစ်ချ်ကို ညီအစ်ကို နှစ်ယောက်က ဆိုပါတယ်။

အမိမြေ လွတ်လပ်ရေးအတွက် ရွပ်ရွပ်ချွံချွံ ခုခံနေသူ အားလုံးအတွက် ဂုဏ်ယူမိကြောင်း ကမ္ဘာကျော် လက်ဝှေ့သမားတွေ ဖြစ်ကြတဲ့ ကလစ်ရှ်ကို ညီနောင်က ပြောကြားခဲ့ပါတယ်။

ယူကရိန်း နိုင်ငံသားတွေ ဖြစ်ကြတဲ့ ဗစ်တာလီ ကလစ်ရှ်ကိုနဲ့ ဝလာဒီမာ ကလစ်ရှ်ကိုတို့ နှစ်ဦးဟာ ရုရှားရဲ့ ကျူးကျော်မှုကို လက်နက်ကိုင် တွန်းလှန်သွားမယ်လို့ ကြေညာသွားပြီး အခုအခါ ကိယက်ဗ်မြို့ကို ရောက်ရှိနေပါတယ်။ ဗစ်တာလီက မြို့ထဲမှာ ကျန်နေတဲ့ ပြည်သူ အများအပြားဟာ ယူကရိန်း စစ်တပ်ဆီက လက်နက်တွေ ထုတ်ယူဖို့ လူတန်း အရှည်ကြီး တန်းစီပြီး စိတ်ရှည်လက်ရှည် စောင့်နေကြတာ တွေ့ခဲ့ကြောင်း BBCနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

ယူကရိန်း ပြည်သူတွေရဲ့ မျိုးချစ်စိတ် ထက်သန်မှုက သူ့ကို အံ့အားသင့်စေခဲ့တယ်လို့ ဝလာဒီမာကလည်း ဝန်ခံပါတယ်။ ဆရာဝန်ကအစ၊ ရုပ်ရှင်သရုပ်ဆောင်အဆုံး လူတန်းစား ပေါင်းစုံဟာ လက်နက်ကိုင် ခုခံဖို့ စိုင်းပြင်းနေကြပြီး ဒီလို ပြည်သူတွေအတွက် သိပ်ကို ဂုဏ်ယူနေမိကြောင်း ကလစ်ချ်ကို ညီအစ်ကို နှစ်ယောက်က ဆိုပါတယ်။

ကိယက်ဗ်မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာရင်ရော သူတို့နှစ်ယောက် ဆက်ရှိနေမှာလားလို့ BBCက မေးတဲ့အခါ ယူကရိန်းဟာ သူတို့ရဲ့ အိမ်ဖြစ်ကြောင်း၊ သူတို့မိဘတွေကို ဒီနေရာမှာ မြေချခဲ့ကြောင်း၊ သူတို့ သားသမီးတွေက ဒီနေရာမှာ ကျောင်းတက်ခဲ့ကြောင်း၊ ဒီလို နေရာမျိုးကို စွန့်ခွာ ထွက်ပြေးစရာ ဘာအကြောင်းမှ မရှိကြောင်း ဖြေကြားခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဝလာဒီမာက နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ ယူကရိန်းကို ပိုမို အားထည့်ပြီး အကူအညီတွေ ပေးကြဖို့လည်း တိုက်တွန်းခဲ့ပါသေးတယ်။ လောလောဆယ် ယူကရိန်းကို ထောက်ပံ့ရေး ပစ္စည်းတွေ စတင် ရောက်ရှိနေပြီ ဖြစ်ပေမယ့် မလုံလောက်သေးကြောင်း၊ တချို့ ဒေသတွေမှာ စားနပ်ရိက္ခာနဲ့ သောက်ရေ လိုအပ်ချက် မြင့်မြင့်မားမား ရှိနေသေးကြောင်း သူက ပြောဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ် အပါအဝင် ယူကရိန်းရဲ့ မြို့ကြီးတချို့ကို ရုရှားက အကြီးစား လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားဒရုန်း ပျက်ကျလို့ ရိုမေးနီးယားမှာ အဆောက်အအုံ မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး NATO စစ်မဟာမိတ် အဖွဲ့က ရုရှားကို ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချခဲ့ပါတယ်။