Connect with us

Hi, what are you looking for?

ဗီဒီယို

တရုတ်ရေတပ်ရဲ့ တတိယမြောက်နဲ့ ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘောသစ်ကို ပွဲထုတ်

ဖူကျန်းဟာ အပြည့်အဝ ဝန်တင် ခုတ်မောင်းရင် တန်ချိန် ၈ သောင်းကျော်လောက် အလေးချိန်ရှိပြီး မီတာ ၃၀၀ ကျော် ရှည်လျားပါတယ်။ သင်္ဘောကြီးကို ပင်လယ်ပြင်မှာ လက်တွေ့ လေ့ကျင့် ခုတ်မောင်းမှုတွေ စတင်ဖို့ စီစဉ်နေပါတယ်။

တရုတ် ရေတပ်ရဲ့ တတိယမြောက်နဲ့ နည်းပညာပိုင်း အဆင့်အမြင့်ဆုံး လေယာဉ်တင်သင်္ဘော အသစ်ကြီးကို တရားဝင် ပွဲထုတ် မိတ်ဆက်လိုက်ပါတယ်။

ဖူကျန်းလို့ နာမည်ပေးထားတဲ့ လေယာဉ်တင်သင်္ဘောကြီးအတွက် ရေချပွဲ အခမ်းအနားကို ရှန်ဟိုင်းမှာရှိတဲ့ ကျန်နန်း သင်္ဘောကျင်းမှာ ဇွန်လ ၁၇ ရက်က ကျင်းပခဲ့ပါတယ်။ ဒီသင်္ဘောကြီး တစ်စီးလုံးကို ပြည်တွင်းမှာ တပ်ဆင် တည်ဆောက်ပြီး တရုတ် ရေတပ်အတွက် Catapult တွန်းကန်စနစ်နဲ့ လေယာဉ်တွေ လွှတ်တင်နိုင်တဲ့ နည်းပညာ အသုံးပြုထားတဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘော ဖြစ်လာခဲ့ပါတယ်။

အရင်က တရုတ်ဟာ ယူကရိန်းကနေ ဝယ်ယူထားတဲ့ သင်္ဘော ကိုယ်ထည် အဟောင်းကြီးကို မွမ်းမံ တည်ဆောက်ထားတဲ့ လျောင်နင်းဆိုတဲ့ လေယာဉ်တင် သင်္ဘောနဲ့ ပြည်တွင်းဖြစ် တည်ဆောက်ထားတဲ့ ရှန်ဒေါင်းဆိုတဲ့ လေယာဉ်တင် သင်္ဘောကြီးတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ အဲဒီ နှစ်စီးစလုံးဟာ လေယာဉ်တွေ လွှတ်တင်မှု အပိုင်းမှာ အတော်ကြီး ခေတ်နောက်ကျတဲ့ Ski Jump ပြေးလမ်း စနစ်ကိုသာ အသုံးပြုထားတာ ဖြစ်ပါတယ်။

ကျန်နန်းမှာ အသုံးပြုထားတဲ့ စနစ်မျိုးကို အမေရိကန် ရေတပ်ရဲ့ နည်းပညာ အဆင့်အမြင့်ဆုံး လေယာဉ်တင် သင်္ဘောတွေမှာ ကာလရှည်ကြာ အသုံးပြုနေခဲ့ပြီး ဖြစ်ပါတယ်။ လေယာဉ်တွေ လွှတ်တင်တဲ့ နည်းပညာပိုင်း အဆင့်မြှင့်တင်လိုက်တဲ့အတွက် ကျန်နန်းဟာ နောင်တော် လေယာဉ်တင် သင်္ဘောကြီး နှစ်စီးထက် လက်နက်ခဲယမ်းတွေ ပိုမို တင်ဆောင်နိုင်မှာ ဖြစ်သလို လေယာဉ် အမျိုးအစား အသစ်တွေပါ ရွေးချယ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ခုတ်မောင်းမှု မြန်နှုန်းကိုလည်း မြှင့်တင်နိုင်လိမ့်မယ်လို့ ဝါရှင်တန် အခြေစိုက် စစ်ရေး လေ့လာမှု သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန (CSIS)က သုံးသပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖူကျန်းဟာ အပြည့်အဝ ဝန်တင် ခုတ်မောင်းရင် တန်ချိန် ၈ သောင်းကျော်လောက် အလေးချိန်ရှိပြီး မီတာ ၃၀၀ ကျော် ရှည်လျားပါတယ်။ သင်္ဘောကြီးကို ပင်လယ်ပြင်မှာ လက်တွေ့ လေ့ကျင့် ခုတ်မောင်းမှုတွေ စတင်ဖို့ စီစဉ်နေပါတယ်။

CSISရဲ့ တရုတ် ပရောဂျက်ဆိုင်ရာ သုတေသီ မက်သရူး ဖူနယ်လီက ဖူကျန်းကို ရေမချခင် ကတည်းက ဒီသင်္ဘောကြီးဟာ တရုတ်ရေတပ်ရဲ့ ခေတ်အမီဆုံးနဲ့ ဦးဆောင် စစ်ရေယာဉ်ကြီး ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ခဲ့ဖူးပါတယ်။

တရုတ်ဟာ နိုင်ငံရဲ့ ကမ်းရိုးတန်း ပြည်နယ်တွေကို အစွဲပြုပြီး လေယာဉ်တင် သင်္ဘော နာမည်တွေကို မှည့်ခေါ်လေ့ ရှိပါတယ်။ ဖူကျန်းဟာ ထိုင်ဝမ်နဲ့ အနီးကပ်ဆုံး ပြည်နယ်ဖြစ်ပြီး မိုင် ၈၀ လောက် ကျယ်ဝန်းတဲ့ ရေလက်ကြားသာ ခြားပြီး တည်ရှိနေပါတယ်။

တရုတ် အစိုးရဟာ ထိုင်ဝမ်ကို တရုတ်ပိုင်နက် နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်ရဲ့ လွတ်လပ်ရေး တောင်းဆိုမှုတွေ မြင့်တက်လာမယ်ဆိုရင် စစ်ရေးအရ တုံ့ပြန်မယ်လို့ အတိအလင်း ခြိမ်းခြောက်ထားပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ် ရေတပ်ဟာ သိသိသာသာ အင်အားချဲ့ထွင် ဖြည့်တင်းမှုတွေ ပြုလုပ်နေပြီး ဒီအခြေအနေက ဒေသတွင်းမှာ စစ်ရေးအရ တင်းမာမှုတွေကို မြင့်တက်လာစေနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

လေယာဉ်တင် သင်္ဘောကြီးတွေဟာ ရွှေ့လျား စစ်အခြေစိုက် စခန်းကြီးတွေနဲ့ တူနေပြီး ကမ္ဘာ့ အင်အား အကြီးဆုံး ရေတပ်တွေသာ တည်ဆောက် ကိုင်တွယ်နိုင်ကြပါတယ်။ တရုတ်ရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ အမေရိကန် ရေတပ်ကတော့ နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီး ၁၁ စီး ပိုင်ဆိုင်ထားသလို နောက်ထပ် ၁ စီး တိုးမြှင့် ပိုင်ဆိုင်ဖို့ အစီအမံတွေလည်း အကောင်အထည် ဖော်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ ခွေးလေးတစ်ကောင် အခိုးခံရပြီး ချက်စားခံလိုက်ရတဲ့ ဖြစ်စဉ်အပြီး တရုတ်နိုင်ငံက ခွေးသား ရောင်းဝယ် ဖောက်ကားမှုနဲ့ ပတ်သက်တဲ့ အငြင်းအခုံတွေ တကျော့ပြန် ဆူညံလာခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။