Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒို ရေငုပ်သင်္ဘောရဲ့ ကိုယ်ထည် အပျက်အစီးတွေ ပင်လယ်ကြမ်းပြင်မှာ ရှာတွေ့

ပျောက်ဆုံးနေတဲ့ အင်ဒိုနီးရှား ရေငုပ်သင်္ဘောရဲ့ ကိုယ်ထည် အပျက်အစီးတွေကို ရေအောက် ကြမ်းပြင်မှာ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

ဘာလီကျွန်း မြောက်ပိုင်းက ပင်လယ်ကြမ်းပြင်မှာ KRI Nanggala-402 ရေငုပ်သင်္ဘောပျက်ကို ကယ်ဆယ်ရေး အဖွဲ့က ရှာတွေ့ခဲ့တာပါ။ သက်တမ်း ၄၄ နှစ် ရှိပြီဖြစ်တဲ့ ရေငုပ်သင်္ဘောဟာ ဧပြီ ၂၂ ရက်က စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုမှာ ပါဝင်ရင်း အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးသွားခဲ့တာပါ။

ရေအောက် ကင်မရာက ရိုက်ကူးထားတဲ့ ပုံရိပ်တွေအရ ရေငုပ်သင်္ဘောဟာ အနည်းဆုံး သုံးပိုင်းလောက် ကျိုးသွားတယ်လို့ ယုံကြည်ရပါတယ်။ ရေငုပ်သင်္ဘောပေါ် ပါသွားတဲ့ ရေတပ်သား ၅၃ ဦးအတွက် မျှော်လင့်ချက်လည်း မရှိနိုင်တော့ပါဘူး။

ရထားသမျှ အထောက်အထားတွေကို သုံးသပ်ကြည့်ရင် ရေငုပ်သင်္ဘောဟာ မတော်တဆ ဖြစ်ရပ်တစ်ခုကြောင့် နစ်မြုပ်သွားပြီး ရေတပ်သားအားလုံး ကျဆုံးခဲ့ပြီလို့ ယုံကြည်ကြောင်း စစ်ဦးစီးချုပ် ဟာဒီ ဂျာဂျန်တိုက ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ကျဆုံးသွားသူ အားလုံးဟာ အထူးချွန်ဆုံး စစ်မှုထမ်းတွေဖြစ်ပြီး ဘုရားသခင်က သူတို့ကို ကောင်းချီးပေး အသိအမှတ်ပြုဖို့ ဆုတောင်းပေးကြောင်း ဂျာဂျန်တိုက ပြောပါတယ်။ ရေတပ် အကြီးအကဲ ယူဒို မာဂိုနိုက ရေငုပ်သင်္ဘော နစ်မြုပ်မှုမှာ အမှုထမ်းတွေရဲ့ အမှား တစ်စုံတရာ ရှာမတွေ့ဘူးလို့ မှတ်ချက် ပေးခဲ့ပါတယ်။

ရေငုပ်သင်္ဘောပျက် ရှာဖွေရေးမှာ ပါဝင် ကူညီနေတဲ့ စင်ကာပူ ရေအောက် လေ့လာရေးနဲ့ ကယ်ဆယ်ရေး ရေငုပ်သင်္ဘော တစ်စီးက KRI Nanggala-402ရဲ့ ပုံရိပ်ကို ရရှိခဲ့တာပါ။ ရေငုပ်သင်္ဘောမှာ ဘယ်လို အမှားအယွင်း ကြုံခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ အင်ဒိုနီးရှား ရေတပ်ကတော့ ရေငုပ်သင်္ဘော ငုပ်လျှိုးချိန်မှာ မတော်တဆ ဓာတ်အား ပြတ်တောက်မှု တစ်ခုခု ကြုံတွေ့ခဲ့တာ ဖြစ်နိုင်တယ်လို့ ကနဦး ယူဆထားပြီး နောက်ဆက်တွဲ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီအိုနိုဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ မြေပြိုကျမှု ဖြစ်ပွားပြီး သတ္တုမိုင်းတွင်း အလုပ်သမား ၉ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိုင်း ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေသူ နိုင်ငံခြားသား အများအပြားကို ဖမ်းဆီး ရမိခဲ့တဲ့နောက် အင်ဒိုနီးရှား အစိုးရဟာ လက်ရှိ ဗီဇာ မူဝါဒတွေကို ပြန်လည် ဆန်းစစ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။