Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့အချက် အာဆီယံသ‌ဘောတူညီချက် ထုတ်ကာနီးမှ ချန်ခဲ့

မြန်မာ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး တောင်းဆိုချက်ကို အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေထဲကနေ နောက်ဆုံး ထုတ်ပြန်ကာနီးမှ ချန်လှပ်လိုက်တာလို့ သိရပါတယ်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းနဲ့ ပတ်သက်လို့ ဧပြီ ၂၄ ရက်မှာ အာဆီယံ အဖွဲ့ရဲ့ အထူးအစည်းအဝေးကို ပြုလုပ်ခဲ့ပြီးတဲ့နောက် အဖွဲ့ဝင် နိုင်ငံ အားလုံးရဲ့ ဘုံသဘောတူညီချက် ၅ ခုကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ အာဏာသိမ်း မြန်မာစစ်တပ်က ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့ဆိုတဲ့ အချက် ပါမလာလို့ စောင့်ကြည့် လေ့လာသူတွေ ကိုယ်တိုင် အံ့ဩခဲ့ကြပါတယ်။

အာဆီယံ ဥက္ကဋ္ဌ ဘရူနိုင်း နိုင်ငံက အဲဒီ ဘုံသဘောတူညီချက်တွေ မထုတ်ပြန်ခင် အစည်းအဝေး တက်ရောက်ခဲ့တဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူ နိုင်ငံခေါင်းဆောင်တွေက မီဒီယာတွေကို တွေ့ဆုံခဲ့ကြရာမှာ မြန်မာ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဆီ တောင်းဆိုခဲ့ကြကြောင်း အသီးသီး အတည်ပြုခဲ့ကြပါတယ်။

ဒါပေမဲ့ ဘရူနိုင်းက ဘုံသဘောတူညီချက်တွေ ထုတ်ပြန်တဲ့ အခါ နောက်ဆုံး အချိန်ကျမှ ကပ်ပြီး အဲဒီ အချက်ကို ပြောင်းလဲလိုက်တာလို့ ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် နှစ်ဦးက ပြောကြားခဲ့ပါတယ်။ အာဆီယံရဲ့ ထုတ်ပြန်ချက်တွေဟာ အာဏာသိမ်း စစ်တပ်ရဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်တာမျိုး မရှိတဲ့အတွက် လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ မြန်မာ့ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။

အာဏာသိမ်းမှုအပြီးမှာ နိုင်ငံရေးသမားတွေ၊ ကျောင်းသားတွေ၊ ဆန္ဒပြသူတွေ အပါအဝင် လူပေါင်း ၃၃၀၀ ကျော်ကို အဖမ်းခံထားရပြီး စစ်တပ်နဲ့ ရဲတွေရဲ့ အင်အားသုံး ပစ်ခတ် ဖြိုခွဲမှုတွေကြောင့် ပြည်သူ ၇၅၀ လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံက ထုတ်ပြန်တဲ့ ဘုံသဘောတူညီချက်မှာ အပြောင်းအလဲ ဖြစ်သွားတဲ့အပေါ် အရှုပ်အထွေး တချို့လည်း ရှိနေပေါတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဟီရှမ်မူဒင် ဟူစိန်က နိုင်ငံခေါင်းဆောင်တွေဟာ ဘုံသဘောတူညီချက်ထဲမှာ မြန်မာ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ ထည့်သွင်း သဘောတူခဲ့ကြတယ်လို့ ဧပြီ ၂၅ ရက်က Twitterမှာ ရေးသားထားပါတယ်။

အမည်ဖော်မပြတဲ့ သတင်းရင်းမြစ် နှစ်ဦးကတော့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ထုတ်ပြန်ချိန်မှာ အသုံးအနှုန်း ပြောင်းသွားတာနဲ့ ပတ်သက်လို့ အံ့ဩမိကြောင်း၊ ဒါပေမဲ့ ဘာကြောင့် အခုလို ဖြစ်သွားတယ် ဆိုတာကိုတော့ အကြောင်းရင်း မသိရကြောင်း Reuters သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။

Reutersက ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဆက်သွယ် မေးမြန်းမှုကို ဘရူနိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ခုမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းနဲ့ ပတ်သက်ပြီး အဖွဲ့အစည်း အားလုံး စုံစုံညီညီ ပါဝင် ဆွေးနွေးဖို့ကိုပဲ ဦးတည် တိုက်တွန်းထားတာ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

ထောင်ဝတ်စုံနှင့် သံခြေချင်းခတ်ထားသည့် အကျဥ်းသား ၁၁ ဦးခန့်အား သေနတ်ကိုင်ထားသည့် စစ်ကောင်စီတပ်သားများနှင့်ရဲများက အချုပ်ကားပေါ်တင်၍ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

မြန်မာနှင့်အတူ လာအိုနိုင်ငံက ၁၅ ဒဿမ ၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီယားနိုင်ငံက ၈ ဒသမ ၄ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံက ၄ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ဟု​ဖော်ပြထားသည်။

သတင်း

ဆိုင်းမင်း/People’s Spring ပုသိမ်ထောင်မှာဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၆၃ ဦးကို ထပ်တိုးထောင်ဒဏ်တွေ ချလိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံသိရပါတယ်။ ထပ်တိုးထောင်ဒဏ်တွေကို ပြီးခဲ့တဲ့ သြဂုတ်လနဲ့ လက်ရှိစက်တင်ဘာလအတွင်းမှာ စစ်ကောင်စီရဲ့ထောင်တွင်းတရားရုံးက ချခဲ့တာလို့ အဲဒီကွန်ရက်ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသား ၆၃ ဦးထဲက...