Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ်မှာ ရေယာဉ်နှစ်စီး တိုက်မိပြီး ၂၆ ဦးထက်မနည်း သေဆုံး

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရေယာဉ်နှစ်စီး တိုက်မိတဲ့ မတော်တဆ ဖြစ်ရပ်ကြောင့် လူပေါင်း ၂၆ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

မေလ ၃ ရက် မနက်ပိုင်းက မက်ဒရီပူရမှာရှိတဲ့ ပက်ဒ်မာ မြစ်ထဲမှာ စက်တပ်သမ္ဗာန် တစ်စီးက သဲတွေအပြည့် တင်လာတဲ့ ကုန်တင်လှေငယ်နဲ့ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ စက်တပ်သမ္ဗာန်ပေါ်မှာ ခရီးသည် တော်တော်များများ လိုက်ပါလာခဲ့ပါတယ်။

လက်ရှိ အချိန်ထိ ရုပ်အလောင်း ၂၆ လောင်း ရှာတွေ့ထားပြီး ၅ ဦးကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ နောက်ထပ် ပျောက်ဆုံးနေသူတွေ ရှိပေမယ့် အရေအတွက် အတိအကျ မသိရသေးပါဘူး။

စက်တပ်သမ္ဗာန်ဟာ ဘင်္ဂလားဘာဇားကို ဦးတည် ခုတ်မောင်းနေရင်း မတော်တဆမှုဖြစ်ပြီး နစ်မြုပ်သွားခဲ့တာပါ။ မြစ်ထဲမှာ ရေယာဉ်ချင်း တိုက်မိတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲပါ။

လတ်တလောမှာတော့ မီးသတ်နဲ့ မြစ်ကြောင်းလုံခြုံရေး ရဲတပ်ဖွဲ့တွေက ဒေသခံတွေနဲ့ ပူးပေါင်းပြီး ပျောက်ဆုံးနေသူတွေကို ဖြန့်ကျက် ရှာဖွေနေကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ပထမဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံဆီ ယူရေနီယမ် လောင်စာ ဖြည့်တင်းမှုတွေ စတင်နေပြီလို့ ရုရှား နျူကလီးယား စွမ်းအင် ကော်ပိုရေးရှင်း Rosatomက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ဝက်သက်ရောဂါ ကူးစက်မှုတွေအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရက အရင် အစိုးရ နှစ်ဆက်ကို အပြစ်တင်သွားခဲ့ပါတယ်။

သတင်း

စွမ်းအင်ခြွေတာရေး အစီအမံ တစ်ခုအနေနဲ့ အစိုးရ ရုံးတွေမှာ မလိုအပ်ရင် မီးတွေ အားလုံး ပိတ်ထားဖို့၊ အဲကွန်းတွေ မဖွင့်ကြဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ညွှန်ကြားထားပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် စစ်တပ်ရဲ့ စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားဟာ တင်ဆက်ပုံ ညံ့ဖျင်းမှု၊ လက်နက်တွေရဲ့ အရောင်အဆင်းနဲ့ ပုံသဏ္ဍန်တွေကြောင့် အင်တာနက်မှာ လှောင်ပြောင်ခံနေရပါတယ်။

Facebook