Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ်မှာ ရေယာဉ်နှစ်စီး တိုက်မိပြီး ၂၆ ဦးထက်မနည်း သေဆုံး

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရေယာဉ်နှစ်စီး တိုက်မိတဲ့ မတော်တဆ ဖြစ်ရပ်ကြောင့် လူပေါင်း ၂၆ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

မေလ ၃ ရက် မနက်ပိုင်းက မက်ဒရီပူရမှာရှိတဲ့ ပက်ဒ်မာ မြစ်ထဲမှာ စက်တပ်သမ္ဗာန် တစ်စီးက သဲတွေအပြည့် တင်လာတဲ့ ကုန်တင်လှေငယ်နဲ့ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ စက်တပ်သမ္ဗာန်ပေါ်မှာ ခရီးသည် တော်တော်များများ လိုက်ပါလာခဲ့ပါတယ်။

လက်ရှိ အချိန်ထိ ရုပ်အလောင်း ၂၆ လောင်း ရှာတွေ့ထားပြီး ၅ ဦးကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ နောက်ထပ် ပျောက်ဆုံးနေသူတွေ ရှိပေမယ့် အရေအတွက် အတိအကျ မသိရသေးပါဘူး။

စက်တပ်သမ္ဗာန်ဟာ ဘင်္ဂလားဘာဇားကို ဦးတည် ခုတ်မောင်းနေရင်း မတော်တဆမှုဖြစ်ပြီး နစ်မြုပ်သွားခဲ့တာပါ။ မြစ်ထဲမှာ ရေယာဉ်ချင်း တိုက်မိတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲပါ။

လတ်တလောမှာတော့ မီးသတ်နဲ့ မြစ်ကြောင်းလုံခြုံရေး ရဲတပ်ဖွဲ့တွေက ဒေသခံတွေနဲ့ ပူးပေါင်းပြီး ပျောက်ဆုံးနေသူတွေကို ဖြန့်ကျက် ရှာဖွေနေကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

မေးမြန်းခန်း

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဗဟိုပြုနေတဲ့ ပထဝီဝင် နိုင်ငံရေး ရိုက်ခတ်မှုတွေ အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောကြားခဲ့ပါတယ်။

သတင်း

၂၀၁၇ မှာ မြန်မာစစ်တပ်ရဲ့ ရက်ရက်စက် ဖြိုခွင်းမှုတွေ စတင်ခဲ့ချိန် ကတည်းက သိန်းနဲ့ချီ များပြားတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ပိုင် ကော့စ်ဘဇားနဲ့ တခြား ဒုက္ခသည် စခန်းတွေဆီ အလုံးအရင်း လာရောက် ခိုလှုံနေပါတယ်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။