Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးနဲ့ ပါလက်စတိုင်း ပဋိပက္ခ အမြန်ဆုံး ရပ်တန့်ဖို့ အနောက်နိုင်ငံတွေ တိုက်တွန်း

အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား တင်းမာမှုတွေ မြင့်တက်လာတဲ့အပေါ် အမြန်ဆုံး ထိန်းချုပ် ဖြေရှင်းကြဖို့ အနောက်အုပ်စု အင်အားကြီး နိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။

အခု သီတင်းပတ် အစောပိုင်းမှာ ပါလက်စတိုင်း စစ်သွေးကြွတွေက အစ္စရေး ထိန်းချုပ်ထားတဲ့ ဂျေရုဆလင်မြို့ကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ဒါကို လက်တုံ့ပြန်တဲ့ အနေနဲ့ အစ္စရေး လေတပ်က ဂါဇာ ကမ်းမြှောင် ဒေသမှာ ရှိနေတဲ့ ပါလက်စတိုင်း စစ်ရေး ပစ်မှတ်တွေကို ဗုံးကြဲခဲ့ပါတယ်။

ပါလက်စတိုင်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ဂါဇာမှာ အစ္စရေး ဗုံးကြဲမှုကြောင့် ကလေးတွေ အပါအဝင် ၂၂ ဦး သေဆုံးခဲ့ကြောင်း ပြောပါတယ်။ အစ္စရေး စစ်ဘက်ကတော့ သူတို့ရဲ့ စစ်ဆင်ရေးကြောင့် ဂါဇာ အခြေစိုက် ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမားစ်ရဲ့ တိုက်ခိုက်ရေးသမား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့ပါတယ်။

မေလ ၁၀ ရက်က ဂျေရုဆလင်က ဘာသာရေး နယ်မြေတစ်ခုမှာ အစ္စရေး ရဲတွေနဲ့ ပဋိပက္ခ ဖြစ်ပွားပြီး ပါလက်စတိုင်း ရာဂဏန်းလောက် ထိခိုက် ဒဏ်ရာ ရခဲ့တဲ့နောက် ဟားမားစ်တွေက အစ္စရေးကို တိုက်ခိုက်မယ်လို့ စတင် ခြိမ်းခြောက်ခဲ့ပါတယ်။ ဂျေရုဆလင်ဟာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား ဆယ်စုနှစ် အဆက်ဆက် ပိုင်နက် အငြင်းပွားနေရာ နယ်မြေလည်း ဖြစ်ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဂျေရုဆလင်ကို ဒုံးကျည်နဲ့ ပစ်ခတ်တဲ့ ဟားမားစ်တွေရဲ့ လုပ်ရပ်ဟာ နောက်ပြန်ဆုတ်လို့ မရတဲ့ စည်းတစ်ခုကို ကျော်လိုက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးတော့ ဒီကိစ္စအတွက် အစ္စရေးဖက်က ပြင်းပြင်းထန်ထန် အရေးယူ တုံ့ပြန်သွားမယ်လို့လည်း နေတန်ညာဟုက ခြိမ်းခြောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်၊ ဥရောပ သမဂ္ဂနဲ့ ဗြိတိန် အစိုးရတွေက လက်ရှိ တင်းမာမှုတွေ ပြန်လည် ပြေလျော့သွားအောင် နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ အသီးသီး တိုက်တွန်းခဲ့ပါတယ်။

မေလ ၁၀ ရက်က အနောက်ဖက် ကမ်းခြေ ဒေသတလျှောက် နေရာတော်တော်များများမှာ အစ္စရေး လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အင်အားသုံး ဖြိုခွင်းမှုကြောင့် ပါလက်စတိုင်း ၇၀၀ လောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ပါလက်စတိုင်း လခြမ်းနီ အသင်းက ထုတ်ပြန်ထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။