Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အစ္စရေးနဲ့ ပါလက်စတိုင်း ပဋိပက္ခ အမြန်ဆုံး ရပ်တန့်ဖို့ အနောက်နိုင်ငံတွေ တိုက်တွန်း

အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား တင်းမာမှုတွေ မြင့်တက်လာတဲ့အပေါ် အမြန်ဆုံး ထိန်းချုပ် ဖြေရှင်းကြဖို့ အနောက်အုပ်စု အင်အားကြီး နိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။

အခု သီတင်းပတ် အစောပိုင်းမှာ ပါလက်စတိုင်း စစ်သွေးကြွတွေက အစ္စရေး ထိန်းချုပ်ထားတဲ့ ဂျေရုဆလင်မြို့ကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ဒါကို လက်တုံ့ပြန်တဲ့ အနေနဲ့ အစ္စရေး လေတပ်က ဂါဇာ ကမ်းမြှောင် ဒေသမှာ ရှိနေတဲ့ ပါလက်စတိုင်း စစ်ရေး ပစ်မှတ်တွေကို ဗုံးကြဲခဲ့ပါတယ်။

ပါလက်စတိုင်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ဂါဇာမှာ အစ္စရေး ဗုံးကြဲမှုကြောင့် ကလေးတွေ အပါအဝင် ၂၂ ဦး သေဆုံးခဲ့ကြောင်း ပြောပါတယ်။ အစ္စရေး စစ်ဘက်ကတော့ သူတို့ရဲ့ စစ်ဆင်ရေးကြောင့် ဂါဇာ အခြေစိုက် ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမားစ်ရဲ့ တိုက်ခိုက်ရေးသမား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့ပါတယ်။

မေလ ၁၀ ရက်က ဂျေရုဆလင်က ဘာသာရေး နယ်မြေတစ်ခုမှာ အစ္စရေး ရဲတွေနဲ့ ပဋိပက္ခ ဖြစ်ပွားပြီး ပါလက်စတိုင်း ရာဂဏန်းလောက် ထိခိုက် ဒဏ်ရာ ရခဲ့တဲ့နောက် ဟားမားစ်တွေက အစ္စရေးကို တိုက်ခိုက်မယ်လို့ စတင် ခြိမ်းခြောက်ခဲ့ပါတယ်။ ဂျေရုဆလင်ဟာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား ဆယ်စုနှစ် အဆက်ဆက် ပိုင်နက် အငြင်းပွားနေရာ နယ်မြေလည်း ဖြစ်ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဂျေရုဆလင်ကို ဒုံးကျည်နဲ့ ပစ်ခတ်တဲ့ ဟားမားစ်တွေရဲ့ လုပ်ရပ်ဟာ နောက်ပြန်ဆုတ်လို့ မရတဲ့ စည်းတစ်ခုကို ကျော်လိုက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးတော့ ဒီကိစ္စအတွက် အစ္စရေးဖက်က ပြင်းပြင်းထန်ထန် အရေးယူ တုံ့ပြန်သွားမယ်လို့လည်း နေတန်ညာဟုက ခြိမ်းခြောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်၊ ဥရောပ သမဂ္ဂနဲ့ ဗြိတိန် အစိုးရတွေက လက်ရှိ တင်းမာမှုတွေ ပြန်လည် ပြေလျော့သွားအောင် နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ အသီးသီး တိုက်တွန်းခဲ့ပါတယ်။

မေလ ၁၀ ရက်က အနောက်ဖက် ကမ်းခြေ ဒေသတလျှောက် နေရာတော်တော်များများမှာ အစ္စရေး လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အင်အားသုံး ဖြိုခွင်းမှုကြောင့် ပါလက်စတိုင်း ၇၀၀ လောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ပါလက်စတိုင်း လခြမ်းနီ အသင်းက ထုတ်ပြန်ထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်ကြားမှာ တိုက်ရိုက် ပဋိပက္ခဖြစ်မယ့် အလားအလာက လျော့ကျသွားပြီ ဆိုပေမယ့် အီရန်ရဲ့ လက်ဝေခံ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အီရန်ကြား တိုက်ခိုက်မှုတွေကတော့ အရှေ့အလယ်ပိုင်း ဒေသအနှံ့ ဆက်လက် ဖြစ်ပွားနေပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။