Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဂါဇာမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၃၅ ဦးထက်မနည်း ရှိလာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၃၅ ဦးထက်မနည်း ရှိလာခဲ့ကြောင်း သိရပါတယ်။

အခု သီတင်းပတ် အစောပိုင်းက အစ္စရေး ထိန်းချုပ်ထားရာ ဂျေရုဆလင်မြို့မှာ ဘာသာရေးကို အခြေခံပြီး ပါလက်စတိုင်းတွေနဲ့ အစ္စရေး လုံခြုံရေး တပ်ဖွဲ့တွေကြား ထိပ်တိုက် ရင်ဆိုင် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် ဂါဇာ အခြေစိုက် ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ဟားမားစ်တွေက ဂျေရုဆလင်ကို ဒုံးကျည်တွေနဲ့ လှမ်းပစ်ခဲ့ပါတယ်။ မေလ ၁၀ ရက် ညပိုင်းကစပြီး အစ္စရေးက ဂါဇာမှာရှိတဲ့ ဟားမားစ် စစ်ရေး ပစ်မှတ်တွေကို လက်တုံ့ပြန် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

နှစ်ဖက် တင်းမာမှုတွေဟာ အရှိန်လျော့ကျသွားမယ့် အနေအထား လုံးဝ မရှိသေးသလို အစ္စရေး လေတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဟားမားစ် အဖွဲ့သားတွေ အပါအဝင် ဂါဇာ ဒေသခံ ၃၅ ဦးထက်မနည်း သေဆုံးခဲ့ပြီးပြီလို့ ဂါဇာ လခြမ်းနီ အသင်းက ပြောပါတယ်။ မေလ ၁၁ ရက် ညပိုင်းထိ ဒဏ်ရာရသူတွေ အရေအတွက်ကတော့ ၂၂၀ ကျော်ထိ များပြားလာပါတယ်။

ဟားမားစ်တွေဟာ အစ္စရေးရဲ့ တဲလ်အဗစ်ဗ် မြို့ကိုလည်း ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး ထိခိုက်မှု အတိုင်းအတာ ဘယ်လောက် ရှိသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။ အစ္စရေးပိုင် မြို့တစ်မြို့ဖြစ်တဲ့ လော့ဒ်မှာတော့ အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာထားရပါတယ်။ အက်ရှ်ကယ်လ်တန်ဆိုတဲ့ မြို့လေးမှာတော့ ဒုံးကျည် ထိမှန်ပြီး လူ ၂ ဦး သေဆုံးကြောင်း အစ္စရေး စစ်ဘက်က ပြောပါတယ်။

ဂါဇာမှာတော့ အစ္စရေး တိုက်လေယာဉ်တွေ ပစ်ခတ်မှုကြောင့် ဟာနာဒီ တာဝါဆိုတဲ့ ၁၃ ထပ်တိုက်ကြီး ပြိုကျသွားပါတယ်။ အစ္စရေး စစ်တပ်က စစ်ဆင်ရေးတွေအတွင်းမှာ ဟားမားစ် တပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ အစ္စရေးဟာ မေလ ၁၁ ရက် တစ်နေ့တည်းမှာတင် ဂါဇာက စစ်ရေးပစ်မှတ်တွေကို အကြိမ်ပေါင်း ၁၅၀ ကျော် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့လည်း ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

ပါလက်စတိုင်းနဲ့ တင်းမာမှုတွေ မြင့်တက်နေတဲ့ အခြေအနေမှာ အစ္စရေးဟာ အရန်တပ်ဖွဲ့ဝင် ၅၀၀၀ ကိုလည်း အချိန်မရွေး စစ်မှုထမ်းနိုင်ဖို့အတွက် တပ်လှန့်ထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အီရန်က တော်လှန်ရေး အစောင့်တပ်ရဲ့ အရာရှိတွေ သေဆုံးခဲ့တဲ့ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုဟာ အစ္စရေး လက်ချက်လို့ တပ်အပ် စွပ်စွဲထားပေမယ့် အစ္စရေးကတော့ ငြင်းဆိုတာ၊ ဝန်ခံတာ ဘာမှမရှိဘဲ နှုတ်ဆိတ်နေဆဲပါ။

နိုင်ငံတကာ

ဟန်နီရာဟာ ဟားမားစ်ရဲ့ စကားပြော တင်းမာ ပြတ်သားသူ ခေါင်းဆောင်တစ်ဦးအဖြစ် လူသိများပါတယ်။ နိုဝင်ဘာလတုန်းကလည်း ဂါဇာမှာ ရှိနေတဲ့ သူ့ရဲ့ မိသားစု နေအိမ်ဟာ အစ္စရေး လေကြောင်း တိုက်ခိုက်မှု တစ်ခုကြောင့် ပျက်စီးခဲ့ပါတယ်။