Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၃၅ ဦးထက်မနည်း ရှိလာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၃၅ ဦးထက်မနည်း ရှိလာခဲ့ကြောင်း သိရပါတယ်။

အခု သီတင်းပတ် အစောပိုင်းက အစ္စရေး ထိန်းချုပ်ထားရာ ဂျေရုဆလင်မြို့မှာ ဘာသာရေးကို အခြေခံပြီး ပါလက်စတိုင်းတွေနဲ့ အစ္စရေး လုံခြုံရေး တပ်ဖွဲ့တွေကြား ထိပ်တိုက် ရင်ဆိုင် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် ဂါဇာ အခြေစိုက် ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ဟားမားစ်တွေက ဂျေရုဆလင်ကို ဒုံးကျည်တွေနဲ့ လှမ်းပစ်ခဲ့ပါတယ်။ မေလ ၁၀ ရက် ညပိုင်းကစပြီး အစ္စရေးက ဂါဇာမှာရှိတဲ့ ဟားမားစ် စစ်ရေး ပစ်မှတ်တွေကို လက်တုံ့ပြန် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

နှစ်ဖက် တင်းမာမှုတွေဟာ အရှိန်လျော့ကျသွားမယ့် အနေအထား လုံးဝ မရှိသေးသလို အစ္စရေး လေတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဟားမားစ် အဖွဲ့သားတွေ အပါအဝင် ဂါဇာ ဒေသခံ ၃၅ ဦးထက်မနည်း သေဆုံးခဲ့ပြီးပြီလို့ ဂါဇာ လခြမ်းနီ အသင်းက ပြောပါတယ်။ မေလ ၁၁ ရက် ညပိုင်းထိ ဒဏ်ရာရသူတွေ အရေအတွက်ကတော့ ၂၂၀ ကျော်ထိ များပြားလာပါတယ်။

ဟားမားစ်တွေဟာ အစ္စရေးရဲ့ တဲလ်အဗစ်ဗ် မြို့ကိုလည်း ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး ထိခိုက်မှု အတိုင်းအတာ ဘယ်လောက် ရှိသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။ အစ္စရေးပိုင် မြို့တစ်မြို့ဖြစ်တဲ့ လော့ဒ်မှာတော့ အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာထားရပါတယ်။ အက်ရှ်ကယ်လ်တန်ဆိုတဲ့ မြို့လေးမှာတော့ ဒုံးကျည် ထိမှန်ပြီး လူ ၂ ဦး သေဆုံးကြောင်း အစ္စရေး စစ်ဘက်က ပြောပါတယ်။

ဂါဇာမှာတော့ အစ္စရေး တိုက်လေယာဉ်တွေ ပစ်ခတ်မှုကြောင့် ဟာနာဒီ တာဝါဆိုတဲ့ ၁၃ ထပ်တိုက်ကြီး ပြိုကျသွားပါတယ်။ အစ္စရေး စစ်တပ်က စစ်ဆင်ရေးတွေအတွင်းမှာ ဟားမားစ် တပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ အစ္စရေးဟာ မေလ ၁၁ ရက် တစ်နေ့တည်းမှာတင် ဂါဇာက စစ်ရေးပစ်မှတ်တွေကို အကြိမ်ပေါင်း ၁၅၀ ကျော် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့လည်း ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

ပါလက်စတိုင်းနဲ့ တင်းမာမှုတွေ မြင့်တက်နေတဲ့ အခြေအနေမှာ အစ္စရေးဟာ အရန်တပ်ဖွဲ့ဝင် ၅၀၀၀ ကိုလည်း အချိန်မရွေး စစ်မှုထမ်းနိုင်ဖို့အတွက် တပ်လှန့်ထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။