Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဂါဇာမှာ စစ်ဆင်ရေးအရှိန် ဆက်မြှင့်သွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ်ပြော

နိုင်ငံတကာ ဖိအားပေး ကန့်ကွက်မှုတွေ ရှိနေပေမယ့်လည်း ဂါဇာ ကမ်းမြှောင် ဒေသမှာ အစ္စရေးရဲ့ စစ်ဆင်ရေး အရှိန် ဆက်ပြီး မြှင့်တင်သွားဦးမယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမန် နေတန်ညာဟူက ပြောကြားသွားပါတယ်။

အခု သီတင်းပတ် အစောပိုင်းကစလို့ အစ္စရေး စစ်တပ်နဲ့ ဂါဇာအခြေစိုက် ပါလက်စတိုင်း လက်နက်ကိုင် တပ်ဖွဲ့ ဟားမားစ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။ ဟားမားစ်တွေက အစ္စရေးပိုင် မြို့တွေဆီ ဒုံးကျည်တွေ အမြောက်အမြားနဲ့ လှမ်းပစ်ခဲ့ပြီး အစ္စရေးကလည်း လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေနဲ့ အပြင်းအထန် လက်တုံ့ပြန်ခဲ့ပါတယ်။ ဂါဇာ နယ်စပ်မှာလည်း အစ္စရေး တင့်ကားတပ်တွေ စုရုံးပြီး အသင့်အနေအထား ပြင်ဆင်ထားတာ တွေ့ရပါတယ်။

ဟားမားစ်တွေ ပစ်ခတ်တဲ့ ဒုံးကျည်တွေကို အစ္စရေးက ကြားဖြတ် ဟန့်တားပေမယ့် တဲလ်အဗစ်ဗ် မြို့ထဲမှာ ဒုံးကျည်တချို့ ကျရောက် ပေါက်ကွဲတာကြောင့် ဒေသခံတွေက ဗုံးခိုကျင်းတွေဆီ အပြေးအလွှား သွားရောက် တိမ်းရှောင်ခဲ့ရပါတယ်။ တစ်ဖက်မှာလည်း အစ္စရေးလေတပ်ဟာ ဂါဇာမှာ ရှိနေတဲ့ လူနေဧရိယာတွေကိုပါ မရှောင်ဘဲ တိုက်ခိုက်တဲ့အတွက် ပြစ်တင် ဝေဖန်မှုတွေ ခံနေရပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ဝန်ကြီးချုပ် နေတန်ညာဟူရော၊ ပါလက်စတိုင်း သမ္မတ မာမွတ် အဘက်စ်ကိုပါ ဖုန်းနဲ့ ဆက်သွယ်ပြီး နှစ်ဖက်စလုံး အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ လက်ရှိ အချိန်ထိ နှစ်ဖက် ပဋိပက္ခကြောင့် ဂါဇာမှာ ကလေး ၄၁ ဦး အပါအဝင် ၁၄၈ ဦးထက်မနည်း သေဆုံးပြီး အစ္စရေးမှာတော့ ကလေး ၂ ဦး အပါအဝင် အသေအပျောက် ၁၀ ဦး ရှိလာပြီလို့ သိရပါတယ်။

ဂါဇာမှာ သေပျောက်နှုန်း မြင့်မားနေတဲ့အတွက် အစ္စရေးရဲ့ ထိုးစစ်တွေ ရပ်တန့်ဖို့ နိုင်ငံတကာ တောင်းဆိုသံတွေ ကျယ်လောင်လာပေမယ့် နေတန်ညာဟူကတော့ အစ္စရေးဟာ လိုအပ်နေသမျှ ကာလပတ်လုံး စစ်ဆက်တိုက်နေမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီပဋိပက္ခမှာ တကယ်တမ်း အပြစ်ရှိတာဟာ အစ္စရေး မဟုတ်ကြောင်း၊ အစ္စရေးကို ရန်လာစတဲ့ အဖွဲ့အစည်းသာ ဖြစ်ကြောင်း နေတန်ညာဟူက ပြောကြားသွားပါတယ်။ အခု သီတင်းပတ်ကုန်က ဂါဇာစီးတီးမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒုက္ခသည် စခန်းတစ်ခုမှာ နေထိုင်တဲ့ မိသားစုတစ်ခုက လူ ၁၀ ဦးသေဆုံးခဲ့ပါတယ်။ အသက် ၅ လအရွယ် အိုမာအယ်လ်ဟာဒီဒီ တစ်ဦးတည်းသာ အသက်ရှင်ခဲ့ပြီး သူ့မိခင်၊ မွေးချင်းညီအစ်ကိုတွေ၊ အဒေါ်နဲ့ တခြား ဝမ်းကွဲ ညီအစ်ကိုတွေ သေဆုံးသွားခဲ့ပါတယ်။

အစ္စရေး စစ်တပ်ကတော့ ပါလက်စတိုင်းဖက်က ဒုံးကျည်နဲ့ ပစ်ခတ်မှုတွေ မရပ်သေးဘဲ လက်ရှိ အချိန်ထိ ဒုံးကျည် အစင်း ၃၀၀ နီးပါးလောက်ကို ကြားဖြတ် ဟန့်တား ပစ်ချခဲ့ရကြောင်း ပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က လူနေ အဆောက်အအုံတွေ ပစ်မှတ်ထား တိုက်ခိုက် ခံနေရတဲ့ အခြေအနေအပေါ် အလွန်အမင်း စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဂူတာရက်စ် ကိုယ်တိုင်ကလည်း အစ္စရေး-ပါလက်စတိုင်း စစ်ပွဲတွေ ဖြစ်ပွားနေတဲ့အချိန် ပြဇာတ် သွားကြည့်နေတဲ့အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်ကြားမှာ တိုက်ရိုက် ပဋိပက္ခဖြစ်မယ့် အလားအလာက လျော့ကျသွားပြီ ဆိုပေမယ့် အီရန်ရဲ့ လက်ဝေခံ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အီရန်ကြား တိုက်ခိုက်မှုတွေကတော့ အရှေ့အလယ်ပိုင်း ဒေသအနှံ့ ဆက်လက် ဖြစ်ပွားနေပါတယ်။

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အီရန်က တော်လှန်ရေး အစောင့်တပ်ရဲ့ အရာရှိတွေ သေဆုံးခဲ့တဲ့ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုဟာ အစ္စရေး လက်ချက်လို့ တပ်အပ် စွပ်စွဲထားပေမယ့် အစ္စရေးကတော့ ငြင်းဆိုတာ၊ ဝန်ခံတာ ဘာမှမရှိဘဲ နှုတ်ဆိတ်နေဆဲပါ။