Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ တစ်နေ့တည်း လေဆင်နှာမောင်း နှစ်ခုတိုက်ပြီး လူ ၁၂ ဦးသေဆုံး

တရုတ်နိုင်ငံမှာ တစ်နေ့တည်း လေဆင်နှာမောင်း နှစ်ခု တိုက်ခတ်မှုတွေကြောင့် လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ကြောင်း သိရပါတယ်။

မေလ ၁၄ ရက် ညပိုင်းက နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့မှာ လေဆင်နှာမောင်း တိုက်ခဲ့တာကြောင့် လူ ၈ ဦးသေပြီး အရှေ့ဖျားက ရှန်ဇီးမြို့မှာလည်း နောက်ထပ် လေဆင်နှာမောင်း တစ်ခုကြောင့် လူ ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက အသီးသီး ထုတ်ပြန်ပါတယ်။

ရှန်ဇီးမှာ တိုက်ခတ်တဲ့ လေဆင်နှာမောင်းကြောင့် အိမ်နဲ့ စက်ရုံတွေ ထိခိုက် ပျက်စီးခဲ့ကြပါတယ်။ ရှန်ဇီးဟာ အရှေ့ဖက် ကမ်းရိုးတန်းက အဓိက စီးပွားရေး ဗဟိုချက် မြို့ကြီးဖြစ်တဲ့ ရှန်ဟိုင်းနဲ့ မနီးမဝေးမှာ တည်ရှိနေပါတယ်။

ကုန်းတွင်းပိုင်း မြို့ဖြစ်တဲ့ ဝူဟန်မှာ တိုက်ခတ်တဲ့ လေဆင်နှာမောင်းကြောင့် အိမ်ခြေ ၃၀ နီးပါးလောက်ထိ ပြိုကျခဲ့ပါတယ်။ လေဆင်နှာမောင်း နှစ်ခုကြောင့် ဒဏ်ရာရသူ ၃၀၀ လောက် ရှိခဲ့ပြီး အများစုကတော့ အခြေအနေ မဆိုးကြပါဘူး။ ဝူဟန်က ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှာ ဆင်ထားတဲ့ ကရိန်းကြီး နှစ်ခုမှာလည်း ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

ပြည်တွင်း မီဒီယာတွေက ဖော်ပြထားတဲ့ ဓာတ်ပုံတွေမှာတော့ ဝူဟန်မြို့က ပြိုကျ အဆောက်အအုံ တစ်ခုမှာ ကယ်ဆယ်ရေး အဖွဲ့တွေ အလုပ်ရှုပ်နေကြတာကို တွေ့ရပါတယ်။ ဝူဟန်ဟာ Covid-19 ကပ်ရောဂါဆိုးကြီး အစပြု ဖြစ်ပွားလာတဲ့ မြို့လည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်မှာ လေဆင်နှာမောင်းတွေ သိပ်များများစားစား ဖြစ်ပေါ်လေ့ မရှိပါဘူး။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတုန်းကတော့ လျောင်နင်း ဒေသမှာ လေဆင်နှာမောင်း တိုက်ပြီး ၆ ဦး သေဆုံးခဲ့သလို နောက်တစ်လ အကြာ ဟိုင်နန်ကျွန်းမှာ နောက်ထပ် လေဆင်နှာမောင်းကြောင့် လူ ၈ ဦး အသက် ဆုံးရှုံးခဲ့ဖူးပါတယ်။

၂၀၁၆ တုန်းက လေဆင်နှာမောင်း တစ်ခုနဲ့ နောက်ဆက်တွဲ မိုးသီးမုန်တိုင်းတွေကြောင့် အရှေ့ပိုင်းက ကျန်းဆု ဒေသမှာ လူပေါင်း ၉၈ ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများရာ ရှုမျှော်ခင်းကြည့် နေရာ တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းထိ များပြားလာခဲ့ပါတယ်။