Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပစ်အခတ် ရပ်လိုက်တဲ့နောက် ဂါဇာကို ထောက်ပံ့ရေး ပစ္စည်းတွေ စတင်ရောက်ရှိ

အပစ်အခတ် ရပ်စဲလိုက်တဲ့နောက် ဂါဇာ ကမ်းမြှောင်ဒေသကို ထောက်ပံ့ရေး ပစ္စည်းတွေ စတင် ဝင်ရောက်လာနေပြီလို့ သိရပါတယ်။

အစ္စရေး စစ်တပ်နဲ့ ဂါဇာ အခြေစိုက် ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်တို့ကြား ၁၁ ရက် ကြာမြင့်ခဲ့တဲ့ တိုက်ပွဲတွေဟာ အခု သီတင်းပတ်ကုန်မှာ နှစ်ဖက် သဘောတူ ရပ်နားလိုက်ပါတယ်။ အပစ်အခတ် ရပ်စဲမှု စတင် အသက်ဝင်ပြီး နာရီပိုင်းအကြာ မေလ ၂၁ ရက်ကစလို့ ထောက်ပံ့ရေး အေဂျင်စီ တချို့ရဲ့ ထရပ်ကားတွေ ဂါဇာ ပိုင်နက်ထဲ စတင် ဝင်ရောက်လာကြပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က တိုက်ပွဲ ကာလအတွင်း ထိခိုက် ဒဏ်ရာရသူတွေကို ပြောင်းရွှေ့ ထားရှိပေးဖို့ သီးခြား စင်္ကြံဧရိယာ တစ်ခု သတ်မှတ်ရေးကိစ္စ ဦးဆောင် တောင်းဆိုခဲ့ပါတယ်။ အစ္စရေးနဲ့ ဟားမားစ်တို့ကြား အပြင်းအထန် ဆင်နွှဲခဲ့တဲ့ တိုက်ပွဲတွေအတွင်း ပါလက်စတိုင်းဖက်က ၂၅၀ ကျော်နဲ့ အစ္စရေးဖက်က ၁၁ ဦး သေဆုံးခဲ့ပါတယ်။

အပစ်အခတ် ရပ်စဲရေး ကြေညာလိုက်တဲ့နောက် နှစ်ဖက်စလုံးက ဒီတိုက်ပွဲမှာ သူတို့သာ အနိုင်ရခဲ့တာလို့ အသီးသီး ကြေညာထားပါတယ်။ အစ္စရေး တောင်ပိုင်းမှာတော့ အပစ်အခတ် ရပ်စဲမှုကို ဒေသခံတွေက ကြိုဆိုနေကြပေမယ့် နောက်ထပ် ပဋိပက္ခတွေ စတင်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

လတ်တလောမှာတော့ ကုလသမဂ္ဂ လက်အောက်ခံ အသင်းအဖွဲ့တွေ အပါအဝင် အဖွဲ့အစည်း ပေါင်းစုံက ထောက်ပံ့ရေး ယာဉ်တန်းတွေ ဂါဇာကို စတင် ဝင်ရောက်နေပြီလို့ ဆိုပါတယ်။ ဂါဇာကို ဟားမားစ် အဖွဲ့က အဓိက ထိန်းချုပ်ထားပြီး လူနေ ဧရိယာတွေထဲမှာ အခြေစိုက် စခန်းတွေ တည်ဆောက်ထားပါတယ်။ စစ်ပွဲ ကာလမှာ အစ္စရေးက ဟားမားစ် စစ်စခန်းတွေကို တိုက်ခိုက်တဲ့အခါ လူနေ ဧရိယာတွေပါ ထိခိုက်ပျက်စီးခဲ့ပြီး ပါလက်စတိုင်း ပြည်သူ တစ်သိန်းကျော်လောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

Public Service Announcement

Public Service Announcement

ဂါဇာ ပြည်ထဲရေး ဝန်ကြီးဌာနက စစ်ပွဲအပြီးမှာ အိမ်ခြေ ၁၈၀၀ လောက်ဟာ ပြန်လည် နေထိုင်ဖို့ မသင့်တော်တော့တဲ့ အခြေအနေမျိုး ဖြစ်နေပြီး ဖြိုချပစ်ရဖွယ် ရှိနေကြောင်း ပြောပါတယ်။ နှစ်ပတ်တောင် မကြာလိုက်တဲ့ ကာလအတွင်း ထိခိုက် ပျက်စီးသွားတာတွေကို ပြန်လည် ပြင်ဆင်ဖို့ နှစ်တွေနဲ့ချီ အချိန်ယူရတော့မယ်လို့ ကြက်ခြေနီ အဖွဲ့ရဲ့ အရှေ့အလယ်ပိုင်း ဌာနခွဲ ဒါရိုက်တာ ဖာဘရစ်ဇီယို ကာဘိုနီက မှတ်ချက် ပေးခဲ့ပါတယ်။

အပစ်အခတ် ရပ်စဲထားပေမယ့် တကယ်လို့ ဟားမားစ်တွေကသာ နောက်ထပ် ဒုံးကျည်တွေနဲ့ ထပ်ပစ်ခတ်လာဦးမယ် ဆိုရင် ချက်ချင်း ထိုးစစ်ပြန်စဖို့ အသင့်ပြင်ထားကြောင်းလည်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ခြိမ်းခြောက် သတိပေးသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ထားတဲ့ ကာလအတွင်း အစ္စရေးနဲ့ အီရန်ကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ် (IDF)ရဲ့ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် လက်ဘနွန် စစ်သားတွေ သေဆုံးခဲ့ကြောင်း သိရပါတယ်။