Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ လူ ၂၀၀ နီးပါး လိုက်ပါသွားတဲ့ ကူးတို့ရေယာဉ် မီးလောင်

အင်ဒိုနီးရှား နိုင်ငံမှာ ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး လူ ၂၀၀ နီးပါးကို အရေးပေါ် ကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

KM Karya Indah လို့ နာမည်ပေးထားတဲ့ ကူးတို့ရေယာဉ်ဟာ အင်ဒိုနီးရှား အရှေ့မြောက်ပိုင်းက လူနေ ကျဲပါးတဲ့ ဆာနာနာကျွန်းဆီ ခုတ်မောင်းချိန်မှာ မီးလောင်မှုနဲ့ ကြုံခဲ့ရတာပါ။ မေလ ၂၉ ရက်က ဖြစ်စဉ်မှာ ခရီးသည်တွေနဲ့ ရေယာဉ် အမှုထမ်းတွေဟာ ရေပေါ် ပေါ်နိုင်မယ့် ပစ္စည်းတွေကို ဆုပ်ကိုင်ထားရင်း ရေထဲ ခုန်ချခဲ့ကြရပါတယ်။

အနီးအနားမှာ ရှိနေတဲ့ တံငါလှေတွေကလည်း ကယ်ဆယ်ရေး ကဏ္ဍမှာ အဆောတလျင် ပူးပေါင်း ကူညီခဲ့တဲ့အတွက် ကူးတို့ ရေယာဉ်ပေါ် ပါလာသူ အားလုံးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ကမ်းခြေ လုံခြုံရေး တပ်ဖွဲ့က ပြောပါတယ်။ ရေယာဉ်ပေါ်မှာ ကလေး ၂၂ ဦး အပါအဝင် ခရီးသည် ၁၈၁ ဦးနဲ့ အမှုထမ်း ၁၄ ဦး လိုက်ပါလာခဲ့ကြပါတယ်။

ကူးတို့ရေယာဉ်ဟာ တာနက်တီ ဆိပ်ကမ်းက ခွာလာပြီး ၁၅ မိနစ်လောက်အကြာ အင်ဂျင်ခန်းကနေ မီးစလောင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ အင်ဒိုနီးရှားဟာ ကျွန်းစုနိုင်ငံ တစ်ခုဖြစ်ပြီး ရေလမ်းခရီးကို အထူးတလည် အားကိုးနေရသလို တစ်ဖက်မှာလည်း ရေကြောင်း မတော်တဆမှုတွေနဲ့ မကြာခဏ ကြုံတွေ့ခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီအိုနိုဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီရဲ့ယာဥ်ထိန်းရဲကင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။