Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစိုးရသစ် ဖွဲ့စည်းဖို့ အစ္စရေး အတိုက်အခံ ပါတီတွေ သဘောတူညီမှုရရှိ

အစ္စရေး အတိုက်အခံ ပါတီတွေ စုပေါင်းပြီး အစိုးရသစ်တစ်ရပ် ဖွဲ့စည်းဖို့ သဘောတူညီမှု တည်ဆောက်နိုင်ခဲ့ကြောင်း သိရပါတယ်။

လက်ရှိ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု ဦးဆောင်တဲ့ လီကွတ် ပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအများဆုံး ရခဲ့ပေမယ့် အစိုးရ ဖွဲ့စည်းဖို့ လုံလောက်တဲ့ လွှတ်တော်အမတ် နေရာထိတော့ မပိုင်ဆိုင်ခဲ့ပါဘူး။ လီကွတ်ပါတီက ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းဖို့ ညှိနှိုင်းမှုတွေ အဆင်မပြေခဲ့တဲ့ အခြေအနေမှာ အတိုက်အခံတွေ အင်အားစုပြီး အစိုးရ ဖွဲ့ဖို့ လုံလောက်တဲ့ အနေအထားမျိုး ရောက်လာခဲ့တာပါ။

ဒါကြောင့် အစ္စရေး နိုင်ငံသမိုင်းမှာ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ နေတန်ညာဟုရဲ့ ခေတ်ကို အဆုံးသတ်တော့မယ့် သဘောပါပဲ။ နေတန်ညာဟုဟာ လက်ရှိ ဝန်ကြီးချုပ်သက်တမ်း ၁၂ နှစ်ဆက်တိုက် အပါအဝင် ဒီရာထူးမှာ စုစုပေါင်း ၁၅ နှစ် တာဝန်ယူဖူးပါတယ်။

ညှိနှိုင်း သဘောတူညီမှုတွေအရ အစိုးရသစ်မှာ ဝန်ကြီးချုပ် ရာထူးကို အလှည့်ကျ ရယူမှာဖြစ်ပြီး လက်ယာယိမ်း ယာမီနာပါတီ ခေါင်းဆောင် နက်ဖ်တာလီ ဘန်းနက်က ပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာမယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ယက်ရှ်အတစ်ဒ် ပါတီ အကြီးအကဲ ယဲရ်လာပစ်ဒ်ဆီ ရာထူး လွှဲအပ်ပေးရမှာပါ။ အဲဒီ အစိုးရ အဖွဲ့မှာ နိုင်ငံရေး အင်အားစု ၈ ခု ပါဝင် ပေါင်းစည်းထားကြပါတယ်။

လုပ်ထုံးလုပ်နည်းတွေအရ အစိုးရသစ် ကျမ်းသစ္စာ မကျိန်ဆိုခင် လွှတ်တော်ရဲ့ မဲခွဲ အတည်ပြု ထောက်ခံမှုကိုတော့ လိုအပ်နေဆဲပါ။ လာပစ်ဒ်က သူတို့ရဲ့ အစိုးရသစ်ဟာ အစ္စရေး ပြည်သူတွေအတွက် တာဝန် အကျေဆုံး အမှုထမ်းဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

အမတ်နေရာ ၁၂၀ နဲ့ ဖွဲ့စည်းထားတဲ့ အစ္စရေး လွှတ်တော်မှာ ဒီအစိုးရ အဖွဲ့သစ်အပေါ် လုံလောက်တဲ့ ထောက်ခံမှုမျိုး မရှိခဲ့ဘူး ဆိုရင်တော့ အစ္စရေးမှာ ၂ နှစ်အတွင်း ပဉ္စမ အကြိမ်မြောက် ရွေးကောက်ပွဲနဲ့ ထပ်ပြီး ကြုံလာရဖွယ် ရှိနေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။